Professional Authors

နှလုံးသားစေစားရာ

 

သံစဉ်မဲ့ ခြေသံတစ်စုံတစ်ရာ

စည်းချက်မဲ့စွာ…..ငါ့ဘေးနားကဖြတ်ကျော်သွားတယ်

လောကကြီးထဲကနေ ခဏတာအဆက်ပြတ်နေပုံမျိုးနဲ့

ကြေကွဲမှုဓါတ်ခံကို မူးရည်လေးနဲ့ဖျော်ထုတ်နေရတယ်

သူမူးနေပါတယ်…..

ရင်ခွင်မဲ့ တောင်ပံခတ်သံအချို့

စည်းချက်ကျကျ….. ပျံသန်းသွားတယ်

တိတ်တခိုး….အလင်းမဲ့ညသန်းခေါင်ချိန်

လွမ်းဆွတ်မှုကို ကြံ့ကြံ့ခံ…ခပ်မှန်မှန်သံစဉ်ညည်းရင်း

ကျွန်တော်သတိရနေပါတယ်……

ချစ်သူမင်းရဲ့ကြေကွဲမှုတွေအဆုံးသတ်ပါတော့…

ချစ်သူ ကိုယ့် ရဲ့တန်ဖိုးထားမှုလေးကိုမြင်ပါတော့……

မင်းတစ်နိုင်တစ်ပိုင် င့ါကိုချစ်လို့ရပါတယ်

မင်းနှလုံးသားစေစားရာမှာ….ကိုယ်ရှင်သန်ချင်တယ်

In: ကဗျာ Posted By: Date: Jun 30, 2011
Comment #1

မင်းတစ်နိုင်တစ်ပိုင် င့ါကိုချစ်လို့ရပါတယ်

မင်းနှလုံးသားစေစားရာမှာ….ကိုယ်ရှင်သန်ချင်တယ်
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jun 30, 2011
Comment #2

ကျေးဇူး …. poem.poem28
တကယ်ကျေးဇူးပါ….

commentinfo By: khant naung at Jun 30, 2011
Comment #3

သံစဉ်မဲ့ ခြေသံတစ်စုံတစ်ရာ

စည်းချက်မဲ့စွာ…..ငါ့ဘေးနားကဖြတ်ကျော်သွားတယ်

လောကကြီးထဲကနေ ခဏတာအဆက်ပြတ်နေပုံမျိုးနဲ့

ကြေကွဲမှုဓါတ်ခံကို မူးရည်လေးနဲ့ဖျော်ထုတ်နေရတယ်

သူမူးနေပါတယ်…..

ရင်ခွင်မဲ့ တောင်ပံခတ်သံအချို့

စည်းချက်ကျကျ….. ပျံသန်းသွားတယ်

တိတ်တခိုး….အလင်းမဲ့ညသန်းခေါင်ချိန်

လွမ်းဆွတ်မှုကို ကြံ့ကြံ့ခံ…ခပ်မှန်မှန်သံစဉ်ညည်းရင်း

ကျွန်တော်သတိရနေပါတယ်……

ချစ်သူမင်းရဲ့ကြေကွဲမှုတွေအဆုံးသတ်ပါတော့…

ချစ်သူ ကိုယ့် ရဲ့တန်ဖိုးထားမှုလေးကိုမြင်ပါတော့……

မင်းတစ်နိုင်တစ်ပိုင် င့ါကိုချစ်လို့ရပါတယ်

မင်းနှလုံးသားစေစားရာမှာ….ကိုယ်ရှင်သန်ချင်တယ်။။။

Leave Comments

Name*

Email*
Website
Email me whenever there is new comment