Professional Authors

မထားခဲ့ပါနဲ့

ချစ်သူ
နင့်စိတ်ကြိုက် ငါ့ဘ၀ကြီးကို
ချယ်လှယ် ၊ ကြီးစိုး ၊ အုပ်မိုးပါ
ဒါပေမယ့်
ငါ့ကို မထားခဲ့ပါနဲ့………။

ချစ်သူ
နင့်စိတ်ကြိုက် ငါ့ကြင်နာခြင်းတွေကို
အသုံးချ ၊ ရှောင်လွဲ ၊ ခေါက်သိမ်းပါ
ဒါပေမယ့်
ငါ့ကို မထားခဲ့ပါနဲ့………။

ချစ်သူ
နင့်စိတ်ကြိုက် ငါ့ပေးဆပ်မှုတွေကို
အပြစ်တင် ၊ ရှုံချ ၊ အထင်သေးပါ
ဒါပေမယ့်
ငါ့ကို မထားခဲ့ပါနဲ့………။

ချစ်သူ
နင့်စိတ်ကြိုက် ငါ့ရှင်သန်ခြင်းတွေကို
ပိုင်းခြား ၊ ကန့်သတ် ၊ ဆုံးဖြတ်ပါ
ဒါပေမယ့်
ငါ့ကို မထားခဲ့ပါနဲ့………။

ချစ်သူ
နင့်စိတ်ကြိုက် ငါ့အချစ်တွေကို
ဖန်ဆင်း ၊ စီရင် ၊ အဆုံးသတ်ပါ
ဒါပေမယ့်
ငါ့ကို မထားခဲ့ပါနဲ့………။

P.S (ငါလမ်းမခွဲရက်ခဲ့သော ချစ်သူအတွက်)

In: ကဗျာ Posted By: Date: Nov 10, 2010
Comment #1

ချစ်သူ
နင့်စိတ်ကြိုက် ငါ့ရှင်သန်ခြင်းတွေကို
ပိုင်းခြား ၊ ကန့်သတ် ၊ ဆုံးဖြတ်ပါ
ဒါပေမယ့်
ငါ့ကို မထားခဲ့ပါနဲ့………။
…………………………………………….

commentinfo By: အသဲကွဲမိုး at Nov 20, 2010
Comment #2

ချစ်သူ
နင့်စိတ်ကြိုက် ငါ့အချစ်တွေကို
ဖန်ဆင်း ၊ စီရင် ၊ အဆုံးသတ်ပါ
ဒါပေမယ့်
ငါ့ကို မထားခဲ့ပါနဲ့………။
ဂွတ်……..တယ်ဗျ

commentinfo By: moehtetaung18 at Nov 20, 2010
Comment #3

မိုက်တယ်နော်ကဗျာက ………..
အရမ်းကြိုက်တယ်
အဲဒီကဗျာကို…..
ဒါပေမယ့်မယူသုံးတော့ပါဘူး
ကျေးဇူးတင်ပါတယ်ခင်ဗျာ
ကျွန်တော်ကြိုက်တဲ့ကဗျာတွေရေးပေးတဲ့အတွက်ကြောင့် …………….
ပျော်ရွှင်ပါစေ
……………………….

commentinfo By: လမင်း at Nov 20, 2010
Comment #4

ကဗျာလေးကအရမ်းကောင်းတယ်၊
” ချစ်သူ
နင့်စိတ်ကြိုက် ငါ့ရှင်သန်ခြင်းတွေကို
ပိုင်းခြား ၊ ကန့်သတ် ၊ ဆုံးဖြတ်ပါ
ဒါပေမယ့်
ငါ့ကို မထားခဲ့ပါနဲ့………။ ”
ကျေးဇူးအများကြီးတင်ပါတယ်………..

commentinfo By: ချိုသဲဝင်း at Dec 23, 2010
Comment #5

ကေ…………. ကေ ရည်ညွှန်းတဲ့ သူက ကေ ပြောသလို ကေ့ ကို မထားခဲ့ဘူးပဲ ထား……….
သူ ကေ့ဆီ ကို ပြန်လာတဲ့ အချိန်ကျရင် ကေ ပျော်ရွှင်နိုင်ပါ့မလား……….

commentinfo By: Zin Zinn at Dec 23, 2010
Comment #6

nice poem.
same to u.

commentinfo By: ei lay at Jul 15, 2011
Comment #7

ချစ်သူ
နင့်စိတ်ကြိုက် ငါ့ဘ၀ကြီးကို
ချယ်လှယ် ၊ ကြီးစိုး ၊ အုပ်မိုးပါ
ဒါပေမယ့်
ငါ့ကို မထားခဲ့ပါနဲ့………။

commentinfo By: bluesky.bluesky at Nov 6, 2011
Comment #8

be dot hma ma htar ke naing par bu naw.
bar phyit phyit kwint hlut de.
tit sar shi nay me so tar yone.

commentinfo By: ei lay at Nov 6, 2011
Comment #9

read again n again n again,

commentinfo By: ei lay at Dec 31, 2011
Comment #10

😛
😛
😛
ma htar ke par ne,

commentinfo By: ei lay at Jun 2, 2012
Comment #11

ma htar ke par ne naw

commentinfo By: ei lay at Oct 17, 2012
Comment #12

:'(
:'(
:'(

commentinfo By: ei lay at Nov 4, 2012
Comment #13

ငါလမ်းမ ခွဲ ရ က် ခဲ့ သော ချ စ် သူ အတွက်

commentinfo By: နွေ at Apr 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment