Professional Authors

ပုံ မှန် လည် ပတ် ခြင်း ၀ိသေ သ ၏ နောက် ကွယ်

အပြစ် ရှိ ခဲ့ ပေ မယ့်

အပြစ် မရှိ တော့ သလို နေ ကြဖို့

လမ်းတွေ့ တိုင်း

ပြုံး ပြရ တာ ထက် စာ ရင်

မုန်း ခဲ့ရရင် ပို ကောင်း မယ်

 

ခေါက် ရိုး ၀ါဖန့်

စာရွက် တွေ… စာ ရွက် တွေ

နင် သာ မရေး ခြစ် ခဲ့ ရင်

သူ လည်း ရိုး သား ဖြူ စင်နေ ခဲ့ မှာ ပဲ

 

လမင်း ရယ်

တစ် ခါ တစ် ခါ …. နင် သာ

တစ် ခါ တစ် ခါ မှာ … ည မိုက်

ငါ ကတော့…

ခရောင်း အို ဂူ သချိုင်း မှာ ပဲ

ခု ချိန် ထိ လှံစိုက်

 

ငါ့ မြေ ပေါ် ငါ ဒူး ထောက် နေသမျှ

မြေ ခဲ ပဲ ငါကောက် နိုင် ဦးမှာ ပါ

လော က ဓံ အကြို အကြား မှာ

ကိုယ့် ကိုယ် ကို သိမ်း ထုတ် ထားရ သူ မို့

မဖြစ် သင့် တာ ကို တော့ ငါ မမက် ခဲ့(မဖြစ် နိုင် တာ မဟုတ် )

 

ဒီ လို မျိုး

အတ္တ၀ါ ဒီ တွေ ထွန်း ကား တဲ့

အရပ် ဒေ သ က .. လ မင်း ကို ငေး

လယ် တော သူယာ ခင်း က

ငါ တစ် ယောက်

ပန်း အကြွေ တော့ ကောက် နိုင် ဦး မှာ ပါ။ 

In: ကဗျာ Posted By: Date: May 23, 2011
Comment #1

ကောင်းလိုက်တဲ့စာသား အရာရာမှာ ကဗျာတွေနဲ့ ပြန်ပြီးခြယ်သထားတဲ့ ကဗျာတစ်ပုဒ်

commentinfo By: မိုးသစ်လေပြည် at May 23, 2011
Comment #2

အပြစ် ရှိ ခဲ့ ပေ မယ့်

အပြစ် မရှိ တော့ သလို နေ ကြဖို့

လမ်းတွေ့ တိုင်း

ပြုံး ပြရ တာ ထက် စာ ရင်

ခေါက် ရိုး ၀ါဖန့်

စာရွက် တွေ… စာ ရွက် တွေ

နင် သာ မရေး ခြစ် ခဲ့ ရင်

ငါ့ မြေ ပေါ် ငါ ဒူး ထောက် နေသမျှ

မြေ ခဲ ပဲ ငါကောက် နိုင် ဦးမှာ ပါ

လော က ဓံ အကြို အကြား မှာ

ကိုယ့် ကိုယ် ကို သိမ်း ထုတ် ထားရ သူ မို့

Comment #3

တော်လိုက်တာဗျာ

commentinfo By: အသဲကွဲမိုး at Sep 20, 2011
Comment #4

အပြစ် ရှိ ခဲ့ ပေ မယ့်
အပြစ် မရှိ တော့ သလို နေ ကြဖို့
လမ်းတွေ့ တိုင်း
ပြုံး ပြရ တာ ထက် စာ ရင်
မုန်း ခဲ့ရရင် ပို ကောင်း မယ်
……………………………
တကယ် မုန်းခဲ့ရရင်လဲ ကောင်းသားနော်

commentinfo By: နွေ at Mar 9, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment