Professional Authors

ချစ်တဲ့ ကဗျာဆရာမလေး ….. ရေ

လေတလုံး မိုးတလုံးနဲ့
ငါ့ရင်ကို ဗုံးကြဲသွားတဲ့
ကဗျာဆရာမလေးရေ
ခုနှစ်ကြိုး မျက်စောင်း ခပ်တင်းတင်း
စကားသံစဉ် ပြင်းပြင်းမှာ
ငါ ငြင်းမရအောင် ဒူးထောက်ခဲ့ပါပြီ
မင်းကို သိပ်ချစ်တယ်
ကိုယ် မင်းကို သိပ်ချစ်မိသွားတယ်
ငါ့ စကားသံတိုးတိုး
ကဗျာတပုဒ်က ခိုးသွားတယ်
ဒီလိုနဲ့ပဲ ကိုယ့် ညပန်းချီတချပ်
မင်းကို လွမ်းလျက် ဆွဲနေရပြီ
ချစ်သူရယ်
အဲဒီ ပန်းချီကို အချစ်နဲ့ သုတ်လိမ်း
မင်းရင်ခွင်ထဲ ထုတ်သိမ်းခွင့်ရရင်
မင်းရဲ့ ကာရံမဲ့ ကဗျာဆရာ
ဒီကမ္ဘာမှာ အပျော်ဆုံး ဖြစ်မယ်ထင်ရဲ့

ချီရွန် ( ပုလဲ )

In: ကဗျာ Posted By: Date: Jun 14, 2009  
Comment #1

အော်… ချစ်တယ် ခဏခဏလိုက်မပြောနဲ့နော်… စကားလုံးတွေ တစေခြောက်တတ်တယ် 😛

commentinfo By: Eain Mat Gabyar at Jun 18, 2009
Comment #2

ကိုကြီး ချီက အချစ်ပေါတယ် .. ဂလိုပဲ .. 😛

commentinfo By: Toxic at Jul 8, 2009
Comment #3

ကဗျာထဲက စကားလုံးသုံးထားတာတွေ ဖတ်ပြီး ဆရာတာရာမင်းဝေကို သတိရသွားတယ်။
ဒီကဗျာ ကြိုက်တယ်။

commentinfo By: Number1Princess at May 10, 2010
Comment #4

ငါ့ စကားသံတိုးတိုး
ကဗျာတပုဒ်က ခိုးသွားတယ်

commentinfo By: maypyo22889 at Nov 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment