Professional Authors

ငါ့ရဲ့အရှုံး

လောကဓံရဲ့ရိုက်​ချက်​​တွေ
တစ်​ရစ်​ပြီးတစ်​ရစ်​နဲ့
အဆီအနှစ်​တက်​လို့
ကိုယ့်​ကိုယ်​ကို​လေ
ခပ်​​ဝေး​ဝေးက​နေပြန်​ကြည့်​မိ​တော့
ငါ… လူမလှတော့ဘူး

အစီအစဉ်​ကျ​နေတဲ့
ဓားချက်​​တွေရဲ့ကြား
စမ်းတ၀ါးဝါးရှိ​နေဆဲ
ဘယ်​မှာလဲကွယ်​…
အချစ်​ရဲ့အဓိပါယ်​ဆိုတာက
ခါးသီးမှု​တွေသက်​သက်​ပါပဲ​လေ…

တွေ့ခဲ့ရကြုံခဲ့ရတာက
သဘာဝမကျမှု​တွေပဲ
ရင်​ဘတ်​ထဲက​တော်​သလိုမခံစားတတ်​​တော့
ဖြစ်​ပျက်​ကအမှား​တွေချည်းပဲ​ပေါ့
ငါဆွဲထုတ်​လိုက်​တဲ့မီး
ငါ့ကိုယ်​​ပေါ်မှာတညီးညီး​လောင်​​နေတယ်

ရှိပါ​စေ​တော့ကွယ်
သံသရာဆိုတာကဒီလိုပါပဲ
နင်​တလှည့်​ငါတလှည့်
သူတလှည့်​ကိုယ်​တလှည့်​တဲ့
ဒါ​ပေမယ့်​…
ငါ့မှာ​တော့အားလုံးနဲ့တလှည့်​စီ
အခါခါ ရှုံးပြီးရင်းနဲ့ ​လေ..
အသင်္ချာရှုံးလို့လဲမဆုံး​တော့ပြီ….

In: ကဗျာ Posted By: Date: Sep 19, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment