Professional Authors

အလှဆုံးမနက်ဖြန်… ငါတို့ကို တိတ်တိတ်လေး နေခိုင်းပါ – နရီထက်

မိုင်တိုင်အလွန် ဖြတ်ကျော်သွားမယ်လို့…
စိတ်ကူးတွေက လမ်းကြောင်းသွေဖယ်သွားတော့
တာတာ ဘိုင်ဘိုင် နှုတ်မဆက်ပဲ တိတ်ဆိတ်နေခဲ့တယ်

ချိုမိုင်မိုင်အက အရယ်မထူးပေမဲ့
ဘ၀နှစ်ပါးသွားက ရင်မောခဲ့ရတာ များပါတယ်

အတူဆော့ဖို့ အရုပ်ကလေးတွေ ပေးပြီးမှ
ခဏလေးနဲ့ ပြန်သိမ်းချင်တာ
ကလေးဘ၀ထဲက အတ္တတွေလား

ဆေးရောင်တူတူ ချယ်ပြီးကာမှ
စုတ်ဖြဲလိုက်တဲ့ စက္ကူစတွေ ပြန့်ကျဲနေတော့
ကမ္ဘာသစ်ကို ရှာဖွေချင်သေးလို့လား

အယောင်ဆောင်လို့ ပြောမထွက်ပေမဲ့
အဆောင်အယောင်နောက် လိုက်နေတော့
ငါတို့ က တိုးတက်မှုလို့ ခံစားလိုက်ပြန်တယ်

အတိတ်တစ်ခုမှာ အရိပ်တွေရှိခဲ့လည်း
ပြန်လှည့်ကြည့်မဖြစ်ဘူး…
ဆက်လျှောက်ရမယ့် လမ်းမထက်ကို ဦးတည်မြဲတယ်

နှုတ်ခမ်းဖျားက အနေအထိုင်မတတ်တဲ့အခါ
နားဆိုတဲ့ ပတ်ဝန်းကျင်က များများစားစားရယ်
ကြားယောင်ကြားယောင်နှင့် လေသတင်းလွင့်ကြတယ်

အလှအပနည်းတဲ့ မနက်ဖြန်တွေမှာ
မနက်တိုင်း မျက်နှာသစ်ခဲ့ကြတယ်
ဒါပေမဲ့… စိတ်ကလေးတွေက အောက်သိုးသိုးနှင့်ရယ်
ကျန်တဲ့ မနက်ခင်းတိုင်းမှာ…
ဒီပုံစံကြီးအတိုင်းဝတ်ဆင်နေအုန်းမှာလား မနက်ဖြန်ရယ်…။     ။

နရီထက်
( ၂၇ ၊ ဇွန်လ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: Jun 27, 2011
Comment #1

အလှအပနည်းတဲ့ မနက်ဖြန်တွေမှာ
မနက်တိုင်း မျက်နှာသစ်ခဲ့ကြတယ်
ဒါပေမဲ့… စိတ်ကလေးတွေက အောက်သိုးသိုးနှင့်ရယ်
ကျန်တဲ့ မနက်ခင်းတိုင်းမှာ…
ဒီပုံစံကြီးအတိုင်းဝတ်ဆင်နေအုန်းမှာလား မနက်ဖြန်ရယ်…။ ။
ဖတ်ရ တာ အရသာရှိပါတယ် ကိုနရီထက်

Comment #2

ကျေးဇူးပါ… ညီလေး ဇော်သက်ဦး

commentinfo By: Nayihtet at Jun 27, 2011
Comment #3

အတိတ်တစ်ခုမှာ အရိပ်တွေရှိခဲ့လည်း
ပြန်လှည့်ကြည့်မဖြစ်ဘူး…
ဆက်လျှောက်ရမယ့် လမ်းမထက်ကို ဦးတည်မြဲတယ်အလှအပနည်းတဲ့ မနက်ဖြန်တွေမှာ
မနက်တိုင်း မျက်နှာသစ်ခဲ့ကြတယ်
ဒါပေမဲ့… စိတ်ကလေးတွေက အောက်သိုးသိုးနှင့်ရယ်
ကျန်တဲ့ မနက်ခင်းတိုင်းမှာ…
ဒီပုံစံကြီးအတိုင်းဝတ်ဆင်နေအုန်းမှာလား မနက်ဖြန်ရယ်…။ ။ ဆိုတဲ့ ဒိအပှဒ်လေး တွေကိုကြိုက်တယ် ၊။ဖတ်လို့  လည်းကောင်းတယ်။ ဆက်မားပေးနေမယ် နော် ……း)

commentinfo By: thuya at Jun 27, 2011
Comment #4

အတိတ်တစ်ခုမှာ အရိပ်တွေရှိခဲ့လည်း
ပြန်လှည့်ကြည့်မဖြစ်ဘူး…
ဆက်လျှောက်ရမယ့် လမ်းမထက်ကို ဦးတည်မြဲတယ်အလှအပနည်းတဲ့ မနက်ဖြန်တွေမှာ
မနက်တိုင်း မျက်နှာသစ်ခဲ့ကြတယ်
ဒါပေမဲ့… စိတ်ကလေးတွေက အောက်သိုးသိုးနှင့်ရယ်
ကျန်တဲ့ မနက်ခင်းတိုင်းမှာ…
ဒီပုံစံကြီးအတိုင်းဝတ်ဆင်နေအုန်းမှာလား မနက်ဖြန်ရယ်…။ ။ ဆိုတဲ့ ဒိအပှဒ်လေး တွေကိုကြိုက်တယ် ၊။ဖတ်လို့  လည်းကောင်းတယ်။ ဆက္အားေ
ပးနေမယ် နော် ……း)

commentinfo By: thuya at Jun 27, 2011
Comment #5

ကျေးဇူးပါ… ညီလေး သူရ

commentinfo By: Nayihtet at Jun 27, 2011
Comment #6

ဆေးရောင်တူတူ ချယ်ပြီးကာမှ
စုတ်ဖြဲလိုက်တဲ့ စက္ကူစတွေ ပြန့်ကျဲနေတော့
ကမ္ဘာသစ်ကို ရှာဖွေချင်သေးလို့လား
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jun 27, 2011
Comment #7

ကျေးဇူးပါ…. poem.poem28

commentinfo By: Nayihtet at Jun 27, 2011
Comment #8

အားပေးသွားတယ်….။

commentinfo By: ပန်းချစ်သူ at Jun 27, 2011
Comment #9

အတူဆော့ဖို့ အရုပ်ကလေးတွေ ပေးပြီးမှ
ခဏလေးနဲ့ ပြန်သိမ်းချင်တာ
ကလေးဘ၀ထဲက အတ္တတွေလား

ဆေးရောင်တူတူ ချယ်ပြီးကာမှ
စုတ်ဖြဲလိုက်တဲ့ စက္ကူစတွေ ပြန့်ကျဲနေတော့
ကမ္ဘာသစ်ကို ရှာဖွေချင်သေးလို့လား
ကြိုက်တယ်အကိုကြီး..

commentinfo By: myintmo at Jun 27, 2011
Comment #10

ကျေးဇူးပါ.. ပန်းချစ်သူ

commentinfo By: Nayihtet at Jun 27, 2011
Comment #11

အကြိုက်ဆုံးစာသားတွေ ရွေးချယ်ပေးသွားတဲ့ ညီမငယ် မြင့်မိုရ်ကိုလည်း ကျေးဇူးတင်တယ်…

commentinfo By: Nayihtet at Jun 27, 2011
Comment #12

အလှအပနည်းတဲ့ မနက်ဖြန်တွေမှာ
မနက်တိုင်း မျက်နှာသစ်ခဲ့ကြတယ်
ဒါပေမဲ့… စိတ်ကလေးတွေက အောက်သိုးသိုးနှင့်ရယ်
ကျန်တဲ့ မနက်ခင်းတိုင်းမှာ…
ဒီပုံစံကြီးအတိုင်းဝတ်ဆင်နေအုန်းမှာလား မနက်ဖြန်ရယ်…။ ။

ကိုနရီထက်..ကောင်းတယ်ဗျာ..အားပေးသွားတယ်

commentinfo By: အသဲကွဲမိုး at Jun 29, 2011
Comment #13

ကျေးဇူးပါ…. အသဲကွဲမိုး

commentinfo By: Nayihtet at Jun 30, 2011
Comment #14

အားပေးသွားပါတယ်

commentinfo By: Ko Thet at Sep 11, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment