Professional Authors

နောက်ကျောက ဓါးချက် – နရီထက်

လွတ်တဲ့ငါးတိုင်း …
ကြီးတတ်ဖူးတယ်

နောက်ထပ် ရချင်လို့..
လက်ထဲက ဌက်ကလေးတွေ ပြန်လွတ်ဖူးတယ်

ခင်မင်မှုကို သူကောင်းပြုချင်တော့
ရွာသူကြီးက ဘယ်သူမှန်း မသိခဲ့ဘူး

နေပူပူမှာ အရိပ်ကို လှောင်ဖမ်းခွင့်မရခဲ့ပေမဲ့
လေထူထူမှာလည်း ဖမ်းစားခွင့် ရချင်သေးပြန်တယ်

အငြိုးဆိုတာ အချော့ကြိုက်သူကြားမှာ
သိပ်အကောင်းဆုံး လက်နက်ပေါ့…

တဖြည်းဖြည်းနှင့် ဖွဲမီးတွေက
ကောက်ရိုးမီးထက် မြင်သာခွင့်မရှိခဲ့ဘူး..

ယုံကြည်မှုကို အလျော်အစားနှင့်
သိမ်းသွင်းခဲ့တာ အလေ့ကျ တစ်ခုပါ…

သွေးအေးကလဲ့စားတွေက
သွေးနွေးသတ္တ၀ါ အများစုပါ…

ရင်ချင်းဆက်
ကျောချင်းပွတ်တဲ့ အချိန်မှ
ဓါးချက်တွေက စိမ့်ဝင်လာတယ်

နင်ရော…
ငါရော…
အဲဒီအချိန်မှာ ပြုံးနေနိုင်တယ်။     ။

နရီထက်
( ၂၂ ၊ ဇွန်လ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: Jun 22, 2011
Comment #1

နေပူပူမှာ အရိပ်ကို လှောင်ဖမ်းခွင့်မရခဲ့ပေမဲ့
လေထူထူမှာလည်း ဖမ်းစားခွင့် ရချင်သေးပြန်တယ်

အငြိုးဆိုတာ အချော့ကြိုက်သူကြားမှာ
သိပ်အကောင်းဆုံး လက်နက်ပေါ့…

တဖြည်းဖြည်းနှင့် ဖွဲမီးတွေက
ကောက်ရိုးမီးထက် မြင်သာခွင့်မရှိခဲ့ဘူး..

ယုံကြည်မှုကို အလျော်အစားနှင့်
သိမ်းသွင်းခဲ့တာ အလေ့ကျ တစ်ခုပါ…

သွေးအေးကလဲ့စားတွေက
သွေးနွေးသတ္တ၀ါ အများစုပါ…

ရင်ချင်းဆက်
ကျောချင်းပွတ်တဲ့ အချိန်မှ
ဓါးချက်တွေက စိမ့်ဝင်လာတယ်

နင်ရော…
ငါရော…
အဲဒီအချိန်မှာ ပြုံးနေနိုင်တယ်။ ။
(ကျွန်တော် အကြိုက်ဆုံး စာသားလေးတွေ ရွေးပေးလိုက်တယ် ကိုနရီထက်..။)

Comment #2

Thank you ပါ… ညီလေး ဇော်သက်ဦး

commentinfo By: Nayihtet at Jun 22, 2011
Comment #3

ကိုနရီထက်…ကဗျာလေးက
အရမ်းကောင်းတယ်ဗျာဘာထပ်ပြောရမလဲမသိဘူး
အားပေးနေပါတယ် အကို

commentinfo By: poem.poem28 at Jun 22, 2011
Comment #4

ကျေးဇူးပါ… ငါ့ညီလေး… poem.poem28

commentinfo By: Nayihtet at Jun 22, 2011
Comment #5

အကုန်လုံးတော့ကောင်းပါတယ် ဒိအပှဒ်လေးတွေက ပိုကောင်းတယ်လို့  ထင်တယ် ကိုကြိးနပူပူမှာ အရိပ်ကို လှောင်ဖမ်းခွင့်မရခဲ့ပေမဲ့
လေထူထူမှာလည်း ဖမ်းစားခွင့် ရချင်သေးပြန်တယ်

အငြိုးဆိုတာ အချော့ကြိုက်သူကြားမှာ
သိပ်အကောင်းဆုံး လက်နက်ပေါ့…ယုံကြည်မှုကို အလျော်အစားနှင့်
သိမ်းသွင်းခဲ့တာ အလေ့ကျ တစ်ခုပါ …တဲ့  ကောင်းတယ်ဗျာ ဆက်ရေးအုံးနော်….း

commentinfo By: THUYA at Jun 22, 2011
Comment #6

ကျေးဇူးပါ…. ချစ်ညီလေး သူရ

commentinfo By: Nayihtet at Jun 22, 2011
Comment #7

အားပေးတယ် ကိုနရီထက်….ကြားဖူးတာကြာပြီ.အခုမှဖတ်ဖူးတာ ကဗျာတွေကို..။အရသာရှိပါပေတယ်…။

commentinfo By: နတ်ဆိုလေး at Jun 22, 2011
Comment #8

စလယ်ဆုံး ကောင်းတယ်…။
အားပေးနေတယ်…။

Comment #9

Thank you ပါ… နတ်ဆိုးလေး…

commentinfo By: Nayihtet at Jun 22, 2011
Comment #10

ကျေးဇူးပါ… ညီလေး ဇော်သက်ဦး

commentinfo By: Nayihtet at Jun 22, 2011
Comment #11

အစ်ကိုကြီးရေ……..
ကဗျာလေးက အရမ်းကောင်းတာပဲ
အဲလိုကဗျာလေးတွေနောက်လဲရေးပါဦးနော်
ညီမလေးအားပေးနေမယ်နော်

commentinfo By: myintmo at Jun 23, 2011
Comment #12

ဟုတ်ကဲ့ပါ… ညီမလေး… အစ်ကိုကြီး ဆက်လက် ကြိုးစားပြီး ရေးနေမယ်…

commentinfo By: Nayihtet at Jun 24, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment