Professional Authors

ကဗျာ မဟုတ်တဲ့ ကဗျာ

ကဗျာလည်း မရေးချင်ဘူး
ဘာမှ မတွေးတတ်လို့ တော့ မဟုတ်ဘူး
ရောထွေးနေတဲ့ ခံစားချက်တွေ အတွက်
စည်းချက်တွေက ဘယ်မှန်မလဲ

ငှက်ကလေးတွေ တေးဆိုသံလည်း
ငါ့ရင်ကို ငိုစေတာပဲ…
အလွမ်းပို မိလို့ပါကွယ် ..

ရင်ထဲက ဝေဒနာ အပူ
ဘယ်သူ ဖန်းဆင်းခဲ့တာဖြစ်မလဲ
မသဲကွဲတဲ့ မျှော်လင့်ချက်ပေါ့ … ။

နှင်းတွေ ဘယ်လောက်သဲသဲ
နက်နဲနေတာ ဝေဒနာ
အဖြေရှာ လည်း
မရေရာ သေးဘူး ..
မင်းမျက်ဝန်း တွေကြောင့် ရူးချင်တယ်

အဆင်မပြေမှု များစွာထဲမှာ
ငါ့မျက်ဝန်းတွေ မျက်ရည်တွေနဲ့ အဆင်ပြေနေတယ်
ငါ့ရင်ခုန်သံ ၀မ်းနည်းမှုတွေနဲ့ အဆင်ပြေနေတယ်
ငါ့မျှော်လင့်ချက် စိုးထိတ်မှုတွေနဲ့ အဆင်ပြေနေတယ်
နင်မသိတဲ့ အဆင်ပြေမှု များစွာ ….
ရင်မှာ ၀ှက်ထားတုန်းပဲ  …… ။

ငါ့ချစ်ခြင်း
မိုက်တွင်းနက် တယ်ပြောပြော
ရိုက်ကွင်းပေါ်က အလွဲတွေလိုပဲ
ရယ်သံတွေက တော့ ကြေကွဲတယ်

မင်းဟာ
မှေးမှိန်တဲ့ အလင်းရောင်ဆောင်ကြဉ်းလာတဲ့
ကြယ်တစ်ပွင့်ဆိုလည်း
ငါ့ရင်ကို ဖွင့်ခင်းထားတယ်
လမင်းလို လင်းနေစရာ မလိုပါဝူးကွယ်
ငါ့ဘ၀ရဲ့ညတွေ
လှပသွားမှာပါပဲ .. ။

မကြည့်ဘူးဆိုမှာတော့ မင်းဘယ်သိတော့မလဲ
တွယ်ငြိခဲ့ရတဲ့ သံရောဇဉ်
မင်းနဲ့ မပတ်သက်ဘူး ထင်နေရင်
သူစိမ်း ပြင်ပြင် အကြည့်တွေနဲ့သာ
စိမ်းကားတော့ပေါ့
ပေါ့ပေါ့ပါးပါး ပြောတယ် မထင်ပါနဲ့
ဆော့ကစားဖို့လည်း စိတ်မပါဘူး
မင်းကို ရူးရူးမူးမူးချစ်ခဲ့သူပါကွယ်

လွမ်းလှိုင်း

8:25 pm
18.10.09
( Sunday )

In: ကဗျာ Posted By: Date: Jun 27, 2011
Comment #1

ငါ့ချစ်ခြင်း
မိုက်တွင်းနက် တယ်ပြောပြော
ရိုက်ကွင်းပေါ်က အလွဲတွေလိုပဲ
ရယ်သံတွေက တော့ ကြေကွဲတယ်
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jun 27, 2011
Comment #2

ငါ့ချစ်ခြင်း
မိုက်တွင်းနက် တယ်ပြောပြော
ရိုက်ကွင်းပေါ်က အလွဲတွေလိုပဲ
ရယ်သံတွေက တော့ ကြေကွဲတယ်

မင်းဟာ
မှေးမှိန်တဲ့ အလင်းရောင်ဆောင်ကြဉ်းလာတဲ့
ကြယ်တစ်ပွင့်ဆိုလည်း
ငါ့ရင်ကို ဖွင့်ခင်းထားတယ်
လမင်းလို လင်းနေစရာ မလိုပါဝူးကွယ်
ငါ့ဘ၀ရဲ့ညတွေ
လှပသွားမှာပါပဲ .. ။

မကြည့်ဘူးဆိုမှာတော့ မင်းဘယ်သိတော့မလဲ
တွယ်ငြိခဲ့ရတဲ့ သံရောဇဉ်
မင်းနဲ့ မပတ်သက်ဘူး ထင်နေရင်
သူစိမ်း ပြင်ပြင် အကြည့်တွေနဲ့သာ
စိမ်းကားတော့ပေါ့
ပေါ့ပေါ့ပါးပါး ပြောတယ် မထင်ပါနဲ့
ဆော့ကစားဖို့လည်း စိတ်မပါဘူး
မင်းကို ရူးရူးမူးမူးချစ်ခဲ့သူပါကွယ် ..။
ခံစားချက်တွေ့ ကတော်တော် ထိတယ် လွမ်းလှိုင်း….။
အားပေးသွားပါတယ်..။

Comment #3

lwan

ကဗျာများများရေးပေးပါလွမ်းကဗျာတွေကိုစောင့်ဖက်ရတာ
အလျှင်မမှီဘူး
အရမ်းဖက်လို့ကောင်းတယ်

commentinfo By: eiphyo at Jun 27, 2011
Comment #4

အားလုံးကို ကျေးဇူးတင်ပါတယ် ဆက်ရေးပါ့မယ် … ဆက်အားပေးပါ ။။။

commentinfo By: lwanhlainge at Jul 20, 2011
Comment #5

ကောင်းတယ်ဗျာ

commentinfo By: Thood Khit at Jan 17, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment