Professional Authors

ငါမဟုတ်တဲ့ ငါ

♣ အေ၇ာင်မှိန်တဲ့ ညနေခင်းမှာ
တောက်ပတဲ့အပြုံးတစ်ခုကို
နှလုံးသားမှာ မှတ်တမ်းတင်ရတဲ့အထိ
စွဲလမ်းမိသွားတဲ့ ငါ ♣

♦ အပြုံးလေးကို မြင်ရဖို့အတွက်
နှလုံးသားရဲ့ စေခိုင်းမှုအတိုင်း
တသွေမတိမ်း နင်ပျော်ရွှင်အောင်
လုပ်ဆောင်မိတဲ့ ငါ ♦

☻ အရူးတစ်ယောက်လို
ရူသွပ်မှုတွေနဲ့ ရင်ခုန်သံချင်း
စည်းချက်ကျကျ ထပ်တူညီအောင်
ကြိုးစားနေတဲ့ ငါ ☻

◘ မိန်းကလေးဖြစ်နေတာကြောင့်
ဂုဏ်သိက္ခာမကျအောင် ခံစားချက်တွေ
ထိန်းချုပ်ရင်း ပတ်ဝန်းကျင်ကို
အံ့တုနေရတဲ့ ငါ ◘

♥ နင့်ကိုချစ်မိတဲ့အတွက်
နောင်တရမှုမရှိပဲ ရှေ့ဆက်တိုးဖို့
ကြိုးစားရင်း နင့်ကိုအသက်ပေးချစ်မိတဲ့ငါ
တကယ်တော့ ငါဟာ နင့်ကိုချစ်မိတဲ့အတွက်
ငါမဟုတ်ငါ ဖြစ်ခဲ့တာ ကြာပါပီ ♥

♥ Jue ♥

In: ကဗျာ Posted By: Date: Apr 7, 2013
Comment #1

So much touching

commentinfo By: ei lay at Apr 7, 2013
Comment #2

ကဗျာတွေကို အားပေးတာ ကျေးဇူးအများကြီးတင်ပါတယ်ရှင် 🙂
နောက်လဲ အားပေးပေးပါဦးနော်

commentinfo By: juejue at Apr 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment