Professional Authors

သူ မဟုတ်တဲ့ နင်

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin-top:0in;
mso-para-margin-right:0in;
mso-para-margin-bottom:10.0pt;
mso-para-margin-left:0in;
line-height:115%;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,”sans-serif”;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-fareast-font-family:”Times New Roman”;
mso-fareast-theme-font:minor-fareast;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;
mso-bidi-font-family:”Times New Roman”;
mso-bidi-theme-font:minor-bidi;}

သူ မဟုတ်တဲ့ နင်

 

 

                   ဒီနေ့မှာသာတဲ့လရောင်ဟာ မှန်တံခါးကိုတောင်ဖြတ်နိုင် စွမ်းမရှိအောင်   ဖျော့တော့ လွန်းတယ်။ အခန်းထဲမှာလည်း မဟူရာကအရှုံးပေးရအောင်မှောင်မိုက်နေခဲ့တယ်။ အဲယားကွန်းလေတိုးသံ နဲ့ နာရီစည်းချက်သံက လွဲ အရာအားလုံးဟာတိတ်ဆိတ်နေပြန်တယ်။ ငါ့ရှေ့မှာ ရှိတဲ့မိုးပြာရောင် အိပ်ယာလေးဟာ ပိုင်ရှင်မဲ့သလိုတစ်ကိုယ် တည်း။ အခန်းထောင့် ဂျောင်လေးတစ်ခုမှာ ငါ ဟာ အသက်မဲ့သလို အသိမဲ့စွာ ထိုင်နေမိတယ်။ အိမ်ရှေ့ခွေးအူသံ သဲ့ သဲ့ကို မသဲကွဲစွာကြားနေရတယ်။

                   ငါ့ရှေ့က ကော်ဖီခွက်ထဲမှာလည်း အနက်ရောင်ကော်ဖီတွေကအေးစက်လို့။ ငါ့ဘေးက လပ်တော့(ပ်) မှာ ငါ့gmailအကောင့် facebookအကောင့်တွေက ဖွင့်လျှက်သား — ပိတ်ထားသလို ငြိမ်သက်နေပြန်တယ်။ ကြမ်းပြင် ကလည်း ဒီနေ့မှအေးစက်လွန်းတယ်။ စူးရှရှရေမွှေးနံ့တစ်ခုက ငါ့အခန်းထဲကလေထုကို မင်းမူထားတယ်။ အဲဒီ့အနံ့ ကိုဖမ်းယူမိတော့ငါ့ နှလုံးသားက ဘာလို့နာကျင်လာရလဲ။ နင်နဲ့ငါအတူသုံးခဲ့တဲ့ ရေမွှေးနံ့ဖြစ်နေလို့လား။

                   ခပ်လှမ်းလှမ်းက ဗီရိုမှာရှိတဲ့ မှန်အောက်ခြေမှာ အရုပ်ကြိုးပြတ် ထိုင်နေတဲ့   ကောင်မလေးတစ်ယောက် ကိုငါ တွေ့ရတယ်။ ဆံပင်တွေက အဲဒီကောင်မလေးကျောပြင်မှာ ရှုပ်ယှက်ခပ်စွာ။ အဖြူရောင်ညအိပ်ဝတ်စုံနဲ့ ဖြူဖတ် ဖတ်မျက်နှာဟာ တကယ့် သွေးမရှိတဲ့ အသက်မဲ့ခန္ဓာအတိုင်း။ သေချာကြည့်မိမှ အဲဒါဟာ ငါပါပဲလား။

                   ××××××××××××××××××××××××××××××××××××××××

                   “ ငါက နင့်သူငယ်ချင်းအရင်းပါ မြတ်နိုး အခုကိစ္စမှာ ငါမုသားတစက်မှမပါဘူး အေး—ငါသာ မုသား သုံးတတ်မယ်ဆိုရင် နင်နဲ့ ကိုခန့်သာ ဒီအခြေအနေထိရောက်မစရာမရှိဘူး အဲဒါသိထားပါ”  အဲဒီ့နေ့ က နင့်ရဲ့ ဒေါသသံတွေ။ ငါသိတာပေါ့ ။ငါ ချစ်ရတဲ့ စီနီယာ ကိုခန့်သာနဲ့ ငါ့ကို နီးစပ်စေခဲ့တာ ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်း နင် ဆိုတဲ့ နေ၀န်းဆိုတာ ငါသိပ်သိတာပေါ့။ ငါသိပ်ချစ်ရတဲ့ သူ —ကိုခန့်ကလည်း သိပ်ရှုပ်တဲ့သူဆိုတာ သူ့ချစ်သူငါ  ကနင့်ထက်ပိုသိတာပေါ့။ကြိုသိတာပေါ့။ ဒါပေမဲ့ဟာ မဖြစ်ပါစေနဲ့လို့ဇွတ်ငြင်းနေတာ နင့် စကားကိုမယုံလို့မဟုတ်ဘူး ငါ့ကိုယ်ငါညာနေတာ—ညာနေချင်လို့ပါဟာ။ ဒါပေမဲ့ နင်ဟာ ငါ့ကိုတကယ်စိတ်ဆိုးသွားခဲ့တယ်နော်။စိတ်မဆိုးပါနဲ့ နေဝန်းရယ်။ ငါတို့ကငယ်ငယ်လေးကတည်းက ကောင်းတူဆိုးဖက်ကြီးပြင်းခဲ့တဲ့သူငယ်ချင်းတွေလေ။ ကျောင်းလစ် လို့အရိုက်ခံရရင်လည်းအတူတူ၊ ခုံစောင်းပေါ်ထိုင်မိလို့ ထိုင်ထလုပ်ရလည်းအတူတူ၊ စာမရလို့ သန့်ရှင်းရေးလုပ်ရင် လည်း ငါတို့နှစ်ယောက်ပဲလေ။ မုန့်တစ်ခုတည်းရှိရင်တောင် တစ်ဝက်စီဆိုမဝမှာစိုးလို့ နင်စား ငါစားနဲ့ငြင်းခဲ့ကြပြီး နောက်ဆုံးရူးမိုက်စွာ မုန့်ကိုစွန့်ပစ် အငတ်ခံခဲကြတဲ့ ငါတို့သူငယ်ချင်းနှစ်ယောက်လေ။နင်မှတ်မိလား—။

                   ငါ ချစ်သူထားတော့လည်း နင်က ငါ့အိမ်ကိုလိမ်ပြီးခေါ်ထုတ် ၊နင် ချစ်သူထားတော့လည်း ငါက နင့်အိမ် ကိုလိမ်ပြီခေါ်ထုတ်ခဲ့တာပါဟာ။ ချစ်သူကိုယ်စီနဲ့ပျော်ရွှင်နေရင် ငါတို့တွေရဲ့ ညဖုန်းသံထဲမှာ ရယ်သံတွေလျှံခဲ့ကြ တယ်လေ။ ချစ်သူကိုယ်စီနဲ့ ပြဿလေးတွေဖြစ်လာခဲ့ရင် နင့်ပခုံးက ငါ့အတွက်၊ ငါ့ပခုံးဟာလည်း နင့်အတွက်မှီခို ဖြေသိမ့်ရာ ကမ္ဘာလေးဖြစ်ခဲ့ကြတယ်လေ။ အဲဒါ့ကြောင့်အခုလို ကိုခန့်နဲ့အဆင်မပြေတဲ့အချိန်မှာ ကျေးဇူးပြုပြီး ငါ့နား မှနေပေးပါနော်။

                   “ ဒီမှာ မြတ်နိုး နင်အဲလောက်မရူးမိုက်သင့်ဘူးလို့ထင်တယ်   အေး–ငါ့အပေါ်သံသယရှိနေခဲ့ရင် ဟိုတစ်ယောက် ကိုခန့်သာကိုမှ ဆက်ပြီး ရူးရူးမိုက်မိုက်ချစ်နေခဲ့မယ်ဆိုရင် ငါ့ဘဝမှာ မေမြတ်နိုးဆိုတဲ့သူငယ်ချင်းမရှိ တော့ဘူးလို့မှတ်လိုက်မယ်—-ချစ်သူကိုရွေးမယ် သူငယ်ချင်းကိုရွေးရွေး အဲဒါနင့်လွတ်လပ်ခွင့်ပါ—ငါသိပါတယ် နင် ကိုခန့်ကိုပဲရွေးမှာပါ”  ဘယ်သူ့ကိုရွေးဖို့စဉ်းစားနေတာထက် တစ်ခါမှ ငါ့အပေါ်ကို လေသံတောင်မမာခဲ့တာ အခု– ငါ့ကို ဒေါသတကြီးနဲ့ပြောနေလိုက်တဲ့နင့်ကို ငါတွေဝေအံသြနေခဲ့တာ။ နင့်မျက်နှာ ဝါညက်ညက်မှာ အနီရင့်ရောင်တွေ။ ကြည်လင်နူးညံ့ခဲ့တဲ့ နင့်မျက် ဝန်းတွေမှာ မဲညို့တဲ့ဒေါသရိပ်တွေ။ ငါ–ငါမထင်မှတ်ဘဲ မျက်ရည်တွေကျလာခဲ့တာ —။နင့်ကိုကြည့်ရင်း ငါဝမ်းနည်း လာခဲ့တာ။အဲဒါကိုနင်က

                   “ ရပြီ–ရပြီ အဲလောက်ဆိုငါသဘောပေါက်ပြီ—-နင့်ကို ငါ့ဘဝထဲကမထုတ်ပစ်ခင် နင်လည်း ငါ့ကို သူငယ်ချင်းစာရင်းမဖျက်ခင် ငါတစ်ခုပဲဝန်ခံခဲ့မယ်—အဲဒါ ငါ နင့် ကို ချစ်ခဲ့တယ်” ရက်စက်လိုက်တာနော်။ နင်ကပြော ချင်ရာပြောပြီး နင့်ဘဝထဲက ငါ့ကိုထုတ်လိုက်ပြီတဲ့။ မသွားပါနဲ့လို့တားချင်ပေမဲ့ မျက်ရည်တွေထဲမှာ နင့်ကျောပြင်ကို ကြည့်ရင်း ငါ့နှုတ်တွေစွံအနေခဲ့တယ်။ နင်ပြောသလို ငါ့ဘဝထဲကတော့ နင့်ကို မထုတ်ပယ်တဲ့အပြင် ရာသက်ပန်သိမ်း ထားတာ နင်သိရဲ့လားသူငယ်ချင်းရယ်။

                   ×××××××××××××××××××××××××××××××××××××××

                   “ တော်တော့ ကိုခန့် ရှင်ဆက်မပြောနဲ့တော့ ထွက်သွားပါ ကျေးဇူးပြုပြီး ကျွန်မရှေ့က ရှင်ထွက်သွား ပေးပါ” အသားကုန်အော်ခဲ့ပေမဲ့ ထွက်ကျလာတဲ့အသံက တိုးညှင်းဖျော့တော့စွာ။ နင် ပြောခဲ့တဲ့စကားကိုမယုံခဲ့တဲ့ အပြင် ချစ်သူကိုဦးစားပေးခဲ့တဲ့ငါ မရှုမလှခံစားနေရတာ နင်မြင်လှည့်ပါ။ ဘာတဲ့။

                   “ ကို့ကိုချည်းအပြစ်မတင်နဲ့ မြတ်နိုး ကို့ကိုမင်းအရင်ချဉ်းကပ်လာတာနော်—ကို က အလိုက်အထိုက် ဆက်ဆံပေးးရင်းရင်ခုန်သွားတာ ဒါပေမဲ့ အခုမခုန်တော့ဘူး ဒါ့ကြောင့်” အော်—ငါ့အမှားတဲ့။ ဟုတ်ပါတယ်လေ။ ငါက သူ့ကိုစချစ်ခဲ့ရတာကိုး။ ဒါပေမဲ့ဟာ   မြန်မာ မိန်းကလေးတစ်ယောက်ပါ။ ရှိသင့်ရှိအပ်တဲ့အရှက်တရားနဲ့ ဂုဏ်သိက္ခာကို တော့ ငါအတတ်နိုင်ဆုံးထိန်းသိမ်းခဲ့တာ သူအသိပါ။ ဒါပေမဲ့ ငါက ချစ်နေခဲ့တဲ့သူဆိုတော့ မချူခဲ့က ညွှတ်နေခဲ့မိတာ ကိုး။ တန်ပါတယ်ဟာ နင့်စကားကိုနားမထောင်ခဲ့တဲ့ စချစ်ခဲ့တဲ့ ငါ့လိုမိန်းမမျိုး ဒီလောက်ပဲအပြောခံရတာ။ ချစ်သူ သက်တမ်း ၂နှစ်မှာ သူလိုက်လျောခဲ့တာတွေ ဂရုစိုက်ခဲ့တာတွေဟာ ငါ့သိက္ခာအတွက်ပေါ့။ငါချစ်နေတာသူသိနေခဲ့လို့ အလိုက်အထိုက်ဆက်ဆံခဲ့တာပေါ့နော်။

                   “ ကံကောင်းပါစေ မေမြတ်နိုး ဘိုင့် ဘိုင်” အော်–ဒါဟာ ချစ်သူရည်းစားတစ်ယောက်ကို နှုတ်ဆက် ဖြတ်တဲ့စကားပေါ့နော်။ အဲဒီ့နေ့ကတစ်နေ့လုံး ငါလျှောက်သွားပစ်ခဲ့တယ်။ သတိထားမိတော့ ငါတစ်ကိုယ်လုံးလည်းမိုးရေတွေ ရွှဲနစ်လို့။ ငါလမ်းလျှောက်ရင်းနဲ့ မြေကြီးနဲ့ငါဟာလွတ်လွတ်သွားခဲ့တယ်။ တစ်ခါတစ်ခါ ငါဟာတိမ်တိုက်တွေစီးလို့။  သတိထားမိတော့ ရှေ့ကိုကြည့်မိတော့ ဒါ ငါ့အိမ်ရှေ့ပဲ။ အဲဒီတော့ ဘေးခြံက နင့်အိမ်ဆိုတဲ့အသိဟာ ငါ့ရင်ကို ပိုနာကျင် စေခဲ့ပြန်တယ်။

                   ×××××××××××××××××××××××××××××××××××××××                  နင့်ရေမွှေးနံ့ကြောင့် ငါသတိထားမိတော့ အော်—ငါ ငါ့အခန်းထဲမှာထိုင်နေမိရင်း အဲဒီ့နေ့ဖြစ်စဉ်တွေကို မြင်ယောင်နေတာပဲ။ ငါ့အခန်းထဲမှာ ငါထိုင်နေရင်းပါလား။ ဒီအချိန်မှာ သေချာတာတော့ ငါဟာ အသည်းကွဲနေတဲ့ မိန်းမတစ်ယောက်ပါ။ ငါ့ဘဝမှာ နှစ်ဦးတည်းသောယောက်ျား။တစ်ယောက်က ငါ့ချစ်ရတဲ့သူ တစ်ယောက် ငါ့အားကိုးတိုင်ပင်ရတဲ့ နင်။ တစ်ခုပဲ ငါ့အသည်းက ဘယ်သူ့အတွက်ကွဲနေတာလဲဆိုတာတော့ ငါကိုယ် တိုင်လည်းမသိပြန်ဘူး။ သူ နဲ့တွေ့ရင် ရင်ခုန်ခဲ့တယ် နင်နဲ့တွေ့ရင်ပျော်တယ်။ သူ့ကိုမျှော်တယ် နင့်ကို စောင့်နေခဲ့ တတ်တဲ့ငါ။ သူ့ကိုနာကျည်းသလို နင့်ကိုလည်း ငါမုန်းနေတယ်။ သူ့ကိုပြန်လာစေချင်သလို နင့်ကိုလည်းငါလွမ်းနေ ခဲ့တာအမှန်ပါ။ အဲဒီလို ဒွဟတွေက သူနဲ့ငါ့ရဲ့ချစ်သူသက်တမ်းစတဲ့နေ့ကတည်းက ငါတွေးမိနေခဲ့တာ နင်မှ မသိတာ။  ပြန်မလာဘူးဆိုတာသေချာတဲ့ ဆုံးရှုံးရပြီဆိုတာသေချာတဲ့ သူ့ကိုငါ့မျှော်နေတာငါရူးလို့ပေါ့။ အဲလိုပဲ ထပ်မဆုံးရှုံးချင် တော့တဲ့ နင့်ကိုလည်း ငါစောင့်နေခဲ့တာဆို ငါဟာ တော်တော်အတ္တကြီးတဲ့ သူငယ်ချင်းပေါ့နော်။

                   “ တို့နှစ်ယောက်ရဲ့ဘဝဝေးခဲ့ဘူးတယ်××××××မတွေးရတော့မှ လွမ်းမှန်းသိတယ်×××××ငယ်သူ ငယ်ချင်းရေ××××××မင်းအနားမှာအမြဲ××××××”

                   ဘယ်အချိန်တုန်းက ကိုင်ထားမိမှန်းမသိတဲ့ ဖုန်းက ငါ့လက်ထဲမှာ အသံမြည်လာတယ်။ ဥာဏ်လင်း အောင်ရဲ့ သူငယ်ချင်းသီချင်း။ ဒါဟာလည်း နင်နဲ့ငါ အတူတူ ringtoneသွင်းခဲ့တာနော်။ ဖုန်းနားထောင်မလို့ ငိုနေတဲ့ မျက်နှာကိုမုသွင်းပြီး ငိုသံထိမ်းကာ ဖုန်းကိုကြည့်မိလိုက်တော့။

                   “ နေဝန်း”     

                    အော်—-ငါ့အားငယ် ဝမ်းနည်းနေတဲ့အချိန်၊ တစ်ယောက်တည်း အပူတွေနဲ့နပမ်းလုံးနေတဲ့အချိန် အထီးကျန်ပူဆွေးနေတဲ့အချိန် မှာ အမြဲပေါ်လာတတ်တဲ့ အားပေးတတ်တဲ့ သူ မဟုတ်တဲ့ နင် ပဲလေ။

                   ×××××××××××××××××××××××××××××××××××××××

(mayviolet)

In: ဝတ္ထု Posted By: Date: Nov 15, 2012
Comment #1

အားပေးသွားတယ် အမ

commentinfo By: မေပျို at Nov 15, 2012
Comment #2

ကျေးဇူးပါ 🙂

commentinfo By: mayviolet at Nov 15, 2012
Comment #3

ဝတ္ထုကတိုတယ်။သာမန်ဇာတ်အိမ်မျိုးပဲ။
အလှည့်အပြောင်းကလည်းတစ်ကွက်တည်း။
၁ပြီးရင်၂လာမည်ဆိုတာ သိသာတဲ့အလှည့်မျိုးပါ။
ဝတ္ထု များများဖတ်ပါ။ကြိုးစားရေးပါ။အားပေးနေပါတယ်။
ခင်မင်လေးစားအမြဲအားပေးနေမှာပါ။

commentinfo By: miss tower at Nov 16, 2012
Comment #4

အခုလိုအကြံပြုတာကျေးဇူးတင်ပါတယ်—– အားပေးတဲ့အတွက်လည်းကျေးဇူးပါ 😉 <3

commentinfo By: mayviolet at Nov 16, 2012
Comment #5

ပုံတင်ချင်တာ မတင်တတ်လို့ပါ—- ဘယ်လိုတင်ရလဲဆိုတာ သိရင် ပြောပြပေးပါလား fri တို့ please please —-

commentinfo By: mayviolet at Nov 18, 2012
Comment #6

ဟိုလိုလုပ်ပါလား။ဒီလိုလုပ်ပါလား။
ငါလည်းမလုပ်တက်ဘူး။
(စတာပါဗျာ….စိတ်မဆိုးပါနဲ့)

commentinfo By: miss tower at Nov 20, 2012
Comment #7

အားပေးဖတ်ရှု့သွားပါတယ်

commentinfo By: ayokelay at Feb 11, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment