Professional Authors

အဖြူမဟုတ်တဲ့ အဖြူ

အပြုံးတစ်ချက်မှာ
မျှော်လင့်ခြင်းတွေ ထင်းခနဲ
ငါ့ရင်ကို ဖွင့်ခဲ့တာ
တိတ်တခိုး မဟုတ်ခဲ့ဖူး …
ညဘက်တိုင်း မြည်တတ်တဲ့
vip ringtone လေးရယ်
မနက်လင်းတိုင်း လာတတ်တဲ့
vip msg လေးရယ် ..
ဒါတွေက
ငါတစ်ယောက်တည်း အရူးထနေမိတာလား ..
သူငယ်ချင်းတွေက မေးတယ်
ပတ်ဝန်းကျင်က စူးစမ်းတယ်
နင်ကတော့
သူငယ်ချင်းဆိုတဲ့ အဖြေထက်
ကျော်လွန်ဖို့ ကြောက်ရွံ့မနေလောက်ဖူးထင်ခဲ့မိတာ …
နောက်ဆုံး
ငါ ကောင်မလေးရသွားပြီ ဆိုတဲ့
စကားတစ်ခွန်းနှင့် ငါ့နှလုံးသားကိုချနင်း
အလေအလွင့် အမှတ်တရတွေ
ပြန်ကောက်သိမ်းချိန်တောင် မရခဲ့ဘူးပေါ့ ..
နေပါစေတော့
နင် တစ်သက်လုံးပျော်ဖို့
ဆုတောင်းတစ်ခု သက်သက်နှင့်
အဖြူရောင်စွန်းပေခံလိုက်တယ် ….။

မေပျို

In: ကဗျာ Posted By: Date: Mar 25, 2013
Comment #1

ရင်တွင်းဖြစ်တွေလားဟင် 😛

commentinfo By: loafer at Mar 25, 2013
Comment #2

May pyo ka le,,,
Kaung Dar pop.
Pwint pwint Linn Linn pyaw Dar.
Kyay zu taung tin tint de.
Hote bu lar?
Ma phyit naing bu so le myan myan tar pyaw.
Ei sa ka li tway lar loak ma nay ne.
Pwint pwint Linn Linn ma loak be ne ho shaung d shaung loak nay yin po soe hmar pop.
Ei tar so yin “Ngar hmar kaung ma laee Shi de” loh a pyaw khan ya Dar ko po kyike de.

commentinfo By: ei lay at Mar 26, 2013
Comment #3

nice words.. ei lay..

commentinfo By: မေပျို at Mar 26, 2013
Comment #4

ကောင်းပါ၏။

commentinfo By: အရိပ် at Mar 26, 2013
Comment #5

အားပေးသွားပါတယ်ဗျ။

commentinfo By: နိုးဆက် at Mar 27, 2013
Comment #6

ကလေးဆန်တဲ့ကဗျာလေးကိုဖတ်ပေးတာကျေးဇူးတင်ပါတယ်

commentinfo By: မေပျို at Mar 28, 2013
Comment #7

A pyit kinn dar par.
Chit phoe kaung Dar par.
🙂

commentinfo By: ei lay at Mar 28, 2013
Comment #8

ကျေးဇူး အိလေး

commentinfo By: maypyo22889 at Mar 31, 2013
Comment #9

ရေလည်မိုက်တယ် ကဗျာက heart ထိတယ်ဂျာ မျက်ရည် ပြန်လျော်ပေးရမယ်နော်

commentinfo By: A212030004 at Apr 15, 2013
Comment #10

ဝင်ရောက်အားပေးသွားပါတယ်ဗျာ…
တကယ်ကောင်းတဲ့ကဗျာလေးပါ..
လေးစားအားကျလျက်

commentinfo By: သက်တံရောင် at Apr 15, 2013
Comment #11

Thz to A21 .. သက်တံရောင် ..

commentinfo By: maypyo22889 at Apr 15, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment