Professional Authors

အတည်တကျမဟုတ်တဲ့ ဖြောင့်မျဉ်းများ – နရီထက်

မြင်စ နှင့် ခင် မရသလို
ခင်စ နှင့် ကြင် မရခဲ့တာတွေ များပြီး…
ခဏတာနှင့် တစ်ဘ၀ ထင်ယောင်ထင်မှားရယ်
နိဂုံးကောင်းကောင်းနှင့် တစ်သက်လုံးကို
အားပေးခံပေးမယ့် ဘာသာစကားမရှိသေးဘူး
ချည်နှောင်ချင်တဲ့ စကားလုံးတွေက
တိမ်ကိုတွေ မျှား လမင်းကို ငင်
ကြယ်တွေ လည်စင်းခံပေး လည်း
ကြားရလောက်အောင် ထွက်ကျမလာဘူး
ကြုံတွေ့လာရမဲ့ နောင်တတွေက
အသက်ပြန်မငယ်ပေးဘူးလား
လိုချင်တာတွေ များရင်လည်း အမြင်မကြည်တဲ့ ကောင်းကင်
ယူချင်တာ တစ်ခုတည်းနှင့် ငါတို့ကို ပြန်မျှားခေါ်ယူဖူးတဲ့
သူတွေကြတော့ ဘယ်လို အဓိပ္ပာယ် ဖွင့်ဆိုချက် ပေါ်ခဲ့ဘူးလို့လဲ
တည်တည်ငြိမ်ငြိမ်နှင့် ကျောပြင်ပေါ် ချနင်း ကစားသွားတဲ့
သူကို လူမိုက်လို့ တင်စားခေါ်တွင်ဘူးလား
ပျိုးထားတဲ့ ရင်က ဥယျာဉ်မဟုတ်တော့
အမုန်းဆိုတာ စဉ်တင်ရက်လောက်တဲ့  ပန်းတစ်ပွင့် ဖြစ်ပေးရပြန်တယ်
ဆုံဆည်းခွင့်ပေးပါလို့ တောင်းဆိုချိန်တိုင်း
ပြိုင်မျဉ်းဖြစ်ခံပေါင်း မနည်းဘူး…
ကောက်ကြောင်းမပါချင်တော့လည်း
ဖြောင့်မျဉ်းလို့ အမည်ယူပြန်ချင်တယ်။     ။

နရီထက်
( ၂၇ ၊ ဒီဇင်ဘာလ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: Dec 27, 2011
Comment #1

မြင်စ နှင့် ခင် မရသလို
ခင်စ နှင့် ကြင် မရခဲ့တာတွေ များပြီး…
ခဏတာနှင့် တစ်ဘ၀ ထင်ယောင်ထင်မှားရယ်
နိဂုံးကောင်းကောင်းနှင့် တစ်သက်လုံးကို
အားပေးခံပေးမယ့် ဘာသာစကားမရှိသေးဘူး

ချည်နှောင်ချင်တဲ့ စကားလုံးတွေက
တိမ်ကိုတွေ မျှား လမင်းကို ငင်
ကြယ်တွေ လည်စင်းခံပေး လည်း
ကြားရလောက်အောင် ထွက်ကျမလာဘူး
ကြုံတွေ့လာရမဲ့ နောင်တတွေက
အသက်ပြန်မငယ်ပေးဘူးလား အဲ့အပှဒ်လေး
တွေ ကြိုက်တယ်……အားပေးသွားတယ်

commentinfo By: thuya at Dec 27, 2011
Comment #2

မြင်စ နှင့် ခင် မရသလို
ခင်စ နှင့် ကြင် မရခဲ့တာ………..

တိမ်ကိုတွေ မျှား လမင်းကို ငင်
ကြယ်တွေ လည်စင်းခံပေး………

အတည်တကျမဟုတ်တဲ့ ဖြောင့်မျဉ်း
ကဗျာလေးကောင်းတယ်ဗျ
အားပေးသွားတယ်နော်…………

commentinfo By: harris at Dec 27, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment