Professional Authors

အဖြူရောင်ဒိုင်ယာရီ – နရီထက်

နေ့စွဲတွေအောက်မှာ
ခေါင်းစဉ်မယ်မယ်ရရ မရှိခဲ့တာများတယ်

ရေးဖြစ်ခဲ့တာ နည်းပေမဲ့
စာမျက်နှာနံပါတ်တွေက နဂိုကတည်းက ပုံနှိပ်နေပြီးထားပါ

ကြွေမလွယ်ပေမဲ့ ဖဲ့ခြွေခဲ့တဲ့ ပန်းကလေးတစ်ပွင့်
ဒိုင်ယာရီကြားမှာ ပန်းဝတ်လွှာအပဲ့သားနှင့်
နေရာကျနေလေးလျက်…

ကိန္နရီကိန္နရာ ချောင်းခြားခဲ့တောင်
ငါတို့က မမြင်နိုင်တဲ့ တစ်ယောက်တစ်နေရာစီမှာပါ

သံမှိုစွဲ ကျောက်စက်ဖျာပေါက်လည်း
အချိန်ဆိုတဲ့ တံတိုင်းကြီးက
တော်တော် ဖြတ်လျှောက်ခဲ့ရတယ်

စိတ်ကူးယဉ်မှုတိုင်းကို လမ်းလျှောက်ခွင့်မပေးချင်သလို့
အတွေးတိုင်းကိုလည်း အိမ်စက်ခွင့် ရှိနှင့်မနေစေချင်ဘူး

သမိုင်းဆိုတာ မရှိပါဘူး
ဖြစ်ရိုးဖြစ်စဉ်တွေကို လိုက်ရေးနေပေမဲ့
ရည်ရွယ်ချက်နောက်ကို ငါတို့တွေက လိုက်နေကြတာပါ…။    ။

နရီထက်
( ၃၀ ၊ မေလ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: May 30, 2011
Comment #1

ကိုကြိး အကုန်လုံးကောင်းတယ်။ကိုကြိး ကဗျာတွေက အများအားဖြင့် သဘာဝ ဆန်တယ်။ကောင်းတယ် သူများတကာတွေ နဲမတူဘူး။အဓိပ္ပါယ်လည်း ကြိုက်တယ်.ကိုကြိး ဒါမဲ ဒိအပှဒ်လေး တွေပိုကြိုက်တယ်သံမှိုစွဲ ကျောက်စက်ဖျာပေါက်လည်း
အချိန်ဆိုတဲ့ တံတိုင်းကြီးက
တော်တော် ဖြတ်လျှောက်ခဲ့ရတယ်

စိတ်ကူးယဉ်မှုတိုင်းကို လမ်းလျှောက်ခွင့်မပေးချင်သလို့
အတွေးတိုင်းကိုလည်း အိမ်စက်ခွင့် ရှိနှင့်မနေစေချင်ဘူး

သမိုင်းဆိုတာ မရှိပါဘူး
ဖြစ်ရိုးဖြစ်စဉ်တွေကို လိုက်ရေးနေပေမဲ့
ရည်ရွယ်ချက်နောက်ကို ငါတို့တွေက လိုက်နေကြတာပါ…။ ။
ဆက် အားပေးနေမယ်နော် ကိုကြိး…း)

commentinfo By: thuya at May 30, 2011
Comment #2

ကျေးဇူးပါ… ချစ်ညီလေး သူရ …

commentinfo By: Nayihtet at May 30, 2011
Comment #3

(စိတ်ကူးယဉ်မှုတိုင်းကို လမ်းလျှောက်ခွင့်မပေးချင်သလို့
အတွေးတိုင်းကိုလည်း အိမ်စက်ခွင့် ရှိနှင့်မနေစေချင်ဘူး)….အရမ်းမှန်တဲ့စာသားလေးပါ
အရမ်းကိုကောင်းပါတယ်အကိုကြီးးးးးးးးးးးးးးးး

commentinfo By: myintmo at May 30, 2011
Comment #4

Thank you ပါ… ချစ်ညီမငယ် မြင့်မိုရ်

commentinfo By: Nayihtet at May 30, 2011
Comment #5

အားပေးသွားတယ်….. 😀

commentinfo By: အသဲကွဲမိုး at May 31, 2011
Comment #6

🙂 🙂 🙂
nice poem

commentinfo By: dreamflower at May 31, 2011
Comment #7

ွှThank you ပါ.. အသဲကွဲမိုး နှင့် dreamflower …တို့ရေ

commentinfo By: Nayihtet at May 31, 2011
Comment #8

နေ့စွဲတွေအောက်မှာ
ခေါင်းစဉ်မယ်မယ်ရရ မရှိခဲ့တာများတယ်

ရေးဖြစ်ခဲ့တာ နည်းပေမဲ့
စာမျက်နှာနံပါတ်တွေက နဂိုကတည်းက ပုံနှိပ်နေပြီးထားပါ

စိတ်ကူးယဉ်မှုတိုင်းကို လမ်းလျှောက်ခွင့်မပေးချင်သလို့
အတွေးတိုင်းကိုလည်း အိမ်စက်ခွင့် ရှိနှင့်မနေစေချင်ဘူး

သမိုင်းဆိုတာ မရှိပါဘူး
ဖြစ်ရိုးဖြစ်စဉ်တွေကို လိုက်ရေးနေပေမဲ့
ရည်ရွယ်ချက်နောက်ကို ငါတို့တွေက လိုက်နေကြတာပါ…။ ။

Comment #9

ွှ့Thank you ပါ… လူမော်ငြိမ်းရေ… အကြိုက်ဆုံးစာသားတွေကို ရွေးချယ်ပေးတဲ့အတွက်…

commentinfo By: Nayihtet at Jun 1, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment