Professional Authors

ပြပွဲ – နရီထက်

သရုပ်ဆောင်ခဲ့တယ်
သရုပ်ဆောင်မှန်း မသိအောင်
ပွဲကြည့်ပရိသတ်တွေကလည်း
ဇာတ်အရံအဖြစ် ၀င်နွဲခဲ့လည်း
မသိခဲ့လိုက်ကြဘူး
မပြီးဆုံးသေးတဲ့ ဇာတ်လမ်းတွေကြား
ပျော်ရွှင်နေတဲ့အခါ လက်ခုပ်တီးခဲ့ကြတယ်
ခြေလျှောလဲလည်း လက်ခုပ်တီးကြတယ်
ငိုနေလည်း တိုးတိုးသီသီ ပြောနေခဲ့ကြတယ်
ရှုံးတော့လည်း ငါမကောင်းလို့
တော်ရင်လည်း သူတို့က ၀ိုင်းအားဖြည့်ခဲ့ကြတယ်
မနားမနေကပြခဲ့တဲ့ ဘ၀ပြပွဲ
အားယူကာ ကြိုးစားခဲ့တဲ့ ဇာတ်လမ်းတွေ
အဆုံးသတ်ဖို့  အချိန်ဆိုတဲ့ ဒါရိုက်တာက
ကြီးကြပ်ပေးနေတယ်. . .။     ။

နရီထက်
( ၁၀ ၊ နိုဝင်ဘာလ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Nov 10, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment