Professional Authors

စရိုက် – နရီထက်

နှစ်ချို့ဝိုင်တစ်ခွက်အတွက်
ပေါင်မုန့်သားနုနုလေးတွေက တည်ခင်းတစ်ခု
အရင့်မှည့်ကောင်းကင်အတွက်
တိမ်သားတစ်ချို့က စိတ်ကူးယဉ်မှုတစ်ခု
သွေးသား ထူထူအတွက်
ခေါင်ပါးမှုက ဟင်လင်းပြင်ကျယ်တစ်ခု
အစိမ်းဖြန့် အိုင်က်ပီနွယ်အတွက်
အဆိပ်တက်တွေက ဆွဲဆောင်မှုတစ်ခု
ခြေရာတော်ခံဖို့အတွက်
ကတ္တီပါးအခင်းအကျင်းက ဟန်ဆောင်မှုတစ်ခု
ဂုဏ်သိက္ခာအတွက်
ပကာသနက ပြဌာန်းချက်သစ်တစ်ခု
အမည်ခံသက်သက်နဲ့တော့
အရုပ်ဆိုင်က အရုပ်တွေက အရုပ်ပြပွဲတစ်ခုလား….။      ။

နရီထက်
( ၁၄ ၊ နိုဝင်ဘာလ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: Nov 14, 2011
Comment #1

သွေးသားထူထူအတွက်တဲ့
ကြိုက်တယ်ဗျာ

commentinfo By: ခမ်းမွန်ကစ် at Nov 14, 2011
Comment #2

စာသားအသုံးနှုန်းတွေအရမ်းကောင်းပါတယ်
အားပေးသွားတယ်နော်

commentinfo By: harris at Nov 14, 2011
Comment #3

ခြေရာတော်ခံဖို့အတွက်
ကတ္တီပါးအခင်းအကျင်းက ဟန်ဆောင်မှုတစ်ခု
ဂုဏ်သိက္ခာအတွက်
ပကာသနက ပြဌာန်းချက်သစ်တစ်ခု
အမည်ခံသက်သက်နဲ့တော့
အရုပ်ဆိုင်က အရုပ်တွေက အရုပ်ပြပွဲတစ်ခုလား….။ ။အဲ့ အပှဒ် လေးကိုကြိုက်တယ် ရေးထားတာမှန်တယ်။
အမြဲ အားပေးနေတယ်။

commentinfo By: thuya at Nov 14, 2011
Comment #4

စာသား တွေ အရမ်း မိုက်တယ်

Leave Comments

Name*

Email*
Website
Email me whenever there is new comment