Professional Authors

သခ်ာၤမၾကိဳက္တဲ့ လူပြိန်းဦးနှောက် – နရီထက်

လမ်းလျှောက်ချင်တဲ့ ဦးနှောက်
တားဆီးမရတဲ့ အခါ…
နေ့သစ်အစက
နေ့စွဲတွေနှင့်လား…

အမှတ်တမဲ့ မေ့လိုက်ချင်တယ်
နှစ်သစ်တိုင်းမှာ မွေးနေ့တဲ့လား
ရက်စွဲတွေက ထပ်ပါလာပြန်သေးတယ်

အပြေးအလွှားရောက်လာတယ်
အချိန်တွေက မှတ်ထားပေးပါတဲ့
ဒိုင်ယာရီ မထားချင်တဲ့ အကျင့်တစ်ခု
ဦးနှောက်က မေ့တေ့တေ့ရယ်…

အပိုအလျှံ နှင့် အရံတွေလား
အရေးပေါ်လို့ ဆိုလာပြန်တယ်
လက်ရှိသုံးပြန် နောက်နေ့တဲ့လား
လက်တွေက စိတ်မှတ်နဲ့ မတွက်ချင်တော့ဘူး…

အကြိုက်တွက်ပေမဲ့..
စိတ်ကြိုက် မဖြစ်လာတဲ့ အဖြေတွက
ပျှမ်းမျှတဲ့လား
ဟောကိန်းတစ်ခု …
ဟုတ်မလိုလိုနှင့်…
နောက်ဆုံးတော့ ထင်ပါတယ်…
နှုတ်ဆက်ခဲ့သလား ထင်ပါတယ်… ထင်ပါတယ် …

နှာစေး ချောင်းဆိုး သုံးရာသီက
မှုတ်မန်းလိုက်တဲ့အခါ…
တစ်ခါ တစ်ခါ…
ရောဂါကြီးအစားတဲ့လား
ပုံမှန်မကျတော့….
ဖောက်ပြန်ခြင်းတဲ့ကွယ်
မှတ်လိုက်ပါတယ်… အကြွင်းမကျန်အောင်ကွယ်…

လွဲနေပြန်သေးတဲ့ဘဝ
မှင်နီ မ၀ိုင်းပြပေမဲ့…
အတွက် မကိုက်တဲ့အခါ
ဆက် တွက်နေကြတုန်းပဲ မဟုတ်လား…။       ။

နရီထက်
( ၀၅ ၊ စက်တင်ဘာ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: Sep 5, 2011
Comment #1

စကာလုံးတွေ ကို သဘောကျတယ်ဗျာ
ကောင်းတယ်ဗျာ

Comment #2

စာသားတွေမိုက်တယ်။အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Sep 5, 2011
Comment #3

နှာစေး ချောင်းဆိုး သုံးရာသီက
မှုတ်မန်းလိုက်တဲ့အခါ…
တစ်ခါ တစ်ခါ…
ရောဂါကြီးအစားတဲ့လား
ပုံမှန်မကျတော့….
ဖောက်ပြန်ခြင်းတဲ့ကွယ်
မှတ်လိုက်ပါတယ်… အကြွင်းမကျန်အောင်ကွယ်…

commentinfo By: May Kha at Sep 5, 2011
Comment #4

ကောင်းတယ် စကားလုံးတွေ က မိုက်တယ် ။တွေးတတ်တယ် ကိုကြိး အပြေးအလွှားရောက်လာတယ်
အချိန်တွေက မှတ်ထားပေးပါတဲ့
ဒိုင်ယာရီ မထားချင်တဲ့ အကျင့်တစ်ခု
ဦးနှောက်က မေ့တေ့တေ့ရယ်…

အပိုအလျှံ နှင့် အရံတွေလား
အရေးပေါ်လို့ ဆိုလာပြန်တယ်
လက်ရှိသုံးပြန် နောက်နေ့တဲ့လား
လက်တွေက စိတ်မှတ်နဲ့ မတွက်ချင်တော့ဘူး…လွဲနေပြန်သေးတဲ့ဘဝ
မှင်နီ မ၀ိုင်းပြပေမဲ့…
အတွက် မကိုက်တဲ့အခါ
ဆက် တွက်နေကြတုန်းပဲ မဟုတ်လား…။ ။ အဲ့အပှဒ်လေးတွေကိုပိုကြိုက်တယ်
အားပေးနေတယ်နော်

commentinfo By: THUYA at Sep 5, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment