တန်ရာတန်ကြေး – နရီထက်
အယူဝါဒတွေ ချည်နှောင်ထားတယ်
အစွဲတွေက အရိုးပြာကျလောက်တယ်
ယုံကြည်ချက်တွေက ကျောက်တံတိုင်းလား
ခေါင်းမာတယ်လို့ စွဲချက်မတင်စေချင်…
အကြောင်းအကျိုးတွေက ကောင်းကျိုးတွေလား
ပြန်မခံစားမိစေချင်ဘူး…
ရေကြည်ရာ မြက်နုရာ သည်ခရီးမှာ
ဘယ်သူက…
ကန္တာရခရီး သွားချင်မှာလဲကွယ်…
သံသယနှင့် နှုတ်ဆက်ကြတဲ့အခါ
နောက်ကွယ်တွေမှာ လက်နက် အပြည့်ရှိတယ်
အချော့ကောင်းတဲ့ အခါ မာယာ
အပျော့ကောင်းတဲ့အခါ အလိမ်ခံရမယ်
လိုရာဆွဲသိမ်းကြတဲ့ နားလည်မှု
ရှင်းပြခွင့်ကို စာနာခွင့်မပေးချင်ဘူး
အကြင်နာတွေက ရွာသွန်းမှာမှ မဟုတ်တာ
အငြိုးကြီးတဲ့ ကောင်းကင်…
မရှင်းလင်းတဲ့ အခါ အမှောင်တွေက လွှမ်းလွန်းတယ်
ဒဏ်ချက်တွေကို ထုတ်ပြတဲ့အခါ
နာကျင်ခြင်း စာတမ်းတွေလား…
ခွင့်လွတ်ပါဆိုတဲ့ စကားလုံး
တစ်ခါတစ်ခါမှာ ကြီးကျယ်ခမ်းနားတတ်တယ်
တစ်ခါတစ်ခါမှာ နိမ့်ကျ ပေတေလွန်းတယ်
လှည့်စားမှုတွေက အသုံးချခံသက်သက်လား
တရိပ်ရိပ်တက်လာတဲ့ အဆိပ်ငွေ့ရည်တွေရယ်
ရှုံးနိမ့်သူက ချိုမြိန်စွာ စားသုံးရတယ်လေ….
ဖြူစင်လွန်းတဲ့ မနော..
အခိုးအငွေ့ဖြစ်တတ်လွန်းတာ မဆန်းပါဘူး
မာနတွေက ငွေ့ရည်ဖွဲ့လွန်းကွယ်…
အမုန်းတရားတွေက ကျယ်ပြန့်လာတယ်…
ရိုးကျိုးသွားတဲ့ အကြင်နာ
တစ်ခါတစ်ခါမှာ အဆိပ်တက်နွယ်ဖြစ်ခံရတယ်
တူညီတဲ့ ခံစားမှုလေးတော့ ပြန်ရချင်တယ်…။ ။
နရီထက်
( ၁၉ ၊ အောက်တိုဘာလ ၊ ၂၀၁၁ )
Comment #2
သံသယနှင့် နှုတ်ဆက်ကြတဲ့အခါ
နောက်ကွယ်တွေမှာ လက်နက် အပြည့်ရှိတယ်
အချော့ကောင်းတဲ့ အခါ မာယာ
အပျော့ကောင်းတဲ့အခါ အလိမ်ခံရမယ်
လိုရာဆွဲသိမ်းကြတဲ့ နားလည်မှု
ရှင်းပြခွင့်ကို စာနာခွင့်မပေးချင်ဘူး
အကြင်နာတွေက ရွာသွန်းမှာမှ မဟုတ်တာ
ခွင့်လွတ်ပါဆိုတဲ့ စကားလုံး
တစ်ခါတစ်ခါမှာ ကြီးကျယ်ခမ်းနားတတ်တယ်
တစ်ခါတစ်ခါမှာ နိမ့်ကျ ပေတေလွန်းတယ်။
အရမ်းကောင်းပါတယ်၊
အားပေးသွားတယ်
တူညီတဲ့ ခံစားမှုလေးတော့ ပြန်ရချင်တယ်…
By: harris at Oct 19, 2011
Comment #3
သံသယနှင့် နှုတ်ဆက်ကြတဲ့အခါ
နောက်ကွယ်တွေမှာ လက်နက် အပြည့်ရှိတယ်
အချော့ကောင်းတဲ့ အခါ မာယာ
အပျော့ကောင်းတဲ့အခါ အလိမ်ခံရမယ်
လှည့်စားမှုတွေက အသုံးချခံသက်သက်လား
တရိပ်ရိပ်တက်လာတဲ့ အဆိပ်ငွေ့ရည်တွေရယ်
ရှုံးနိမ့်သူက ချိုမြိန်စွာ စားသုံးရတယ်လေ…
ရိုးကျိုးသွားတဲ့ အကြင်နာ
တစ်ခါတစ်ခါမှာ အဆိပ်တက်နွယ်ဖြစ်ခံရတယ်
တူညီတဲ့ ခံစားမှုလေးတော့ ပြန်ရချင်တယ်…။ ကဗျာလေးက ခံစားချက်တွေပါနေတယ်။ရင်ထဲက အတိုင်း ရေးထားတော့ ဖတ်ရတာ အတော်လေး ကောင်းနေတယ် ကိုကြိး။ဒိ အပှဒ်လေးတွေ ကို ပိုကြိုက်မိတယ်။အားပေးသွား ပါတယ်။
By: thua at Oct 19, 2011
Comment #5
Tu nyi khan sarr hmu lae dot pyan ya chin de.
By: ei lay at Aug 13, 2012




Comment #1
ဖြူစင်လွန်းတဲ့ မနော..
အခိုးအငွေ့ဖြစ်တတ်လွန်းတာ မဆန်းပါဘူး
မာနတွေက ငွေ့ရည်ဖွဲ့လွန်းကွယ်…
အမုန်းတရားတွေက ကျယ်ပြန့်လာတယ်…
စာသားတွေ ကောင်းတယ်ဗျာ
အားပေးနေပါတရ် အကို