Professional Authors

ဘုစုခရုများနှင့် ကဗျာရေးခြင်း

 

လေထဲမှာလွှင့်၊နာရေးတဲ့ကဗျာဆိုတာ ငါရေးတဲ့ကဗျာလို.ကလေးဂျကားမပီသလိုပြောတာ။ဆရာကြီးများလက်ခုပ်တီးပါ၊ အဆင်မပြေဘူး၊ဒါပေမယ့်လက်ခုပ်သံကြားချင်တယ်၊ပန်းကလေးများပွင့်တော့မည်၊ကလေးလိုဆိုချင်ရင် ကလေးစိတ်မွေးရုံနဲ့ရတယ်၊နီတို.ရေးမှကဗျာ၊ဟုတ်တယ်၊ကိုဟံလင်းရဲ့မိသားစုကြိုက်တယ်၊နီရေးရင်လည်းကဗျာ၊နာရေးရင် အပေါကြီး၊ကာရန်ပါရင်အပေါကြီး၊မင်းသုဝဏ်ကြောင်းပြောမိတာအပေါကြီး၊ ကလေးတွေလာကြ၊ကလေးကဗျာလေးတွေရေးကြစို.၊ သူတို.ဘာသာနေပါစေ၊ဗော်လတဲယားတဲ့၊ဂျွိုက်စ်တဲ့၊နီတို.မတိဘူးလား၊ခုခေတ်က အဲဒါတွေရေးမှကဗျာဆရာ၊ပိုင်းစစိတ်မွှာခြင်းသိလား၊ ဗဟိုချက်များစွာရှိခြင်း၊ဗဟိုချက်ပျောက်နေခြင်း၊ ဟိုကလေးငြိမ်ငြိမ်ထိုင်လေ၊ဖရက်ဂမန်တေးရှင်းသိလား၊ ကျူဗစ်ဇင်း၊ဟင်၊နီဘာလို.ကဗျာရေးသေးလည်း၊ကဗျာဆိုတာဘာလို.ပြောမိတာငပေါလား၊ ငါးတန်းကလေးလည်းသူ.အသိနဲ.သူဒုက္ခသစ္စာကိုသိမှာပဲ၊နဲနဲခွင့်လွှတ်မပေးချင်ဘူးလား၊ တောင်းပန်နေတာပါ၊ဟိဟိ။ပြောရတာ အရသာမရှိဘူး ၊ကလေးကဗျာလေးတွေနဲ.သူတို.ကစတင်တာမဟုတ်ဘူး။ သူတို.ကိုဘုရားသခင်ကကဗျာရေးဖို.လွှတ်လိုက်တာ၊တို.က အပေါကြီး။ တို.ဘာသာတို. ကလေးကဗျာရွတ်ရအောင်၊အားလုံးလိုက်ဆို၊ပန်းကလေးများပွင့်တော့မည်။   

In: ကဗျာ Posted By: Date: May 10, 2011
Comment #1

ဆရာမောင်ခိုင်မာကကဗျာဆရာဆိုတာဝေဒနာသည်ပဲတဲ့ …………
ဦးချောနွယ်ကမ္ဘာပေါ်မှာအားလုံးကိုညာလို့ ရတယ်အစာအိမ်ကိုညာလို့ မရပါတဲ့ 
ဝိုင်ချိုရဲ့ အာဘော်လို
အောင်ရင်ငြိမ်းရဲ့ လေသံလို
မိုးဝေးလို
ဇေယျာလင်းလို
ကိုမိုဃ်းဇော်ရဲ့ ညလို
တိုနှောင်မိုးလို
အားလုံးလိုကဗျာရေဖို့ ကြိုးစားနေတုန်းဗြုန်းဆို
ကဗျာစစ်ပွဲကိုမီးထွန်းရှာလိုက်တဲ့ အဲ့ ဒါ
ကဗျာတစ်ပုဒ်ရဲ့ 
အတွင်းသားတွေအကြောင်း
မြန်ရည်ယှက်ရည်မော့ သောက်ချင်လို့ ပဲထင်တယ်။။။။။။။။။။။။
မင်းလူနကဗျာရေးနေသည်။။။။။။။။။။။။။။။။။။။။။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကိုမော်နီကဗျာလေးတစ်ကယ်ခံစားရတယ်ဗျာ။။။။။။။။။။
ပန်းကလေးများပွင့် တော့ မည်

commentinfo By: မင်းလူန at May 10, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment