Professional Authors

သမားစုံတဲ့ လောင်းရိပ်ပန်း – နရီထက်

“ပန်းကလေးများ ပွင့်တော့မည်၊
ဖူးတံဝင့်လွင့်လို့ချီ”. . . .

အတွေးတွေ မှားခဲ့လား
ကလေးဖတ်စာ
မှန်မမှန်လို့နဲ့ အမြင်မှားခဲ့တာလား

ပန်းကလေးများ ပွင့်လန်းမည့်အချိန်
မျှော်ကာလေး အချိန်တွေ လင့် စေတယ်

ပေါင်းသင်း မြတ်နုတ်
ဓါတ်ကျွေးလို့ လိုသည်ထက် ကဲ
လွဲခဲ့လို့လား

ဂရုစိုက်မှုများလွန်းလို့
လက်အပူ လောင်းခဲ့တာလား
လောင်းရိပ်မိနေသလား

ရှောင်ဖယ်ခွာလို့
လက်သုံးစကားတွေနှင့်ပဲ
အဝေးကနေ ဂရုစိုက်ခဲ့ကြတာလား

သမားရယ်စုံ နည်းလမ်းစုံလို့
အကြံလွန်း ငြင်းချက်ထုတ်ခဲ့တာလား

ပညာရယ်လွန်း မာယာသုံးလို့
ကဝေနည်းနှင့် လှည့်စားခဲ့တာလား
လောင်းရိပ်မိနေတဲ့ ပန်းတွေကို. . .

တောက် ခေါက်သံတွေကြား
မြည်တွန်ချက်တွေက များပါဘိ
စည်းချက်က မညီ
ညည်းချက်က ဝေးပါပြီး
အလကားပါကွာ ပြောတစ်သီ
ဂရုမှုတွေ ဝေးဝေး ဝေးလှပါပြီး

လောင်းရိပ်မိနေတဲ့ ပန်းကလေးတွေ
ကဗျာတစ်ပုဒ် သံပြိုင်သီဆိုနေသည်

“ပန်းကလေးများ ပွင့်တော့မည်၊
ဖူးတံဝင့်လွင့်လို့ချီ”. . . .

နရီထက်
( ၂၆ ၊ အောက်တိုဘာ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Oct 26, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment