Professional Authors

စွန့်လွတ်ခြင်း

If giving up would end everything,
I would have done so ~

စွန့်လွတ်ခြင်း

စွန့်လွတ်ခြင်းတွေသာ
အားလုံးပြီးဆုံးခဲ့မယ်ဆိုရင်
တာဝန်ဝတ္တရားတွေ..
အားလုံးကိုပစ်ပြီး
ငါဆုံးရှုံးခံလိုက်မယ်

နောင်ဘ၀ဆိုတာ မရှိခဲ့ရင်လည်း
ဒီဘ၀ကို ငါ..
အဆုံးသတ်ခဲ့မယ် ..
ဒီထက်ပိုပြီးတော့
ဘာတွေဖြစ်နိုင်ဦးမှာလဲ

အတ္တကြီးလွန်းတဲ့ လူတွေရဲ့အဝေး
ငါထွက်သွားလိုက်ချင်တယ်
သူတို့ရဲ့စကားလုံးတွေ
သူတို့ရဲ့ဆုံးဖြတ်ချက်တွေ
တဖြည်းဖြည်းနဲ့
ငါ..ထိတ်လန့်လာတယ်
ကြောက်ဖို့ကောင်းလွန်းတယ်..

ဖြစ်နိုင်မယ်ဆိုရင်ပေါ့ ..
တကယ်ဖြစ်နိုင်မယ်ဆိုရင်ပေါ့..
သူတို့ရဲ့အတ္တတွေ
အဆိုးထင်တတ်မှုတွေအားလုံး..
ငါအဝေးဆုံးလွင့်ပစ်လိုက်မယ်..

မဟုတ်ရင်လည်း..
ချစ်တတ်တဲ့ငါ့နှလုံးသားကိုယူ ..
တစ်စစီခြေလို့
ပြန့်ကြဲကြေမွစေမယ်
အနည်းဆုံးတော့
အချစ်လျော့တန်ကောင်းပါရဲ့..
စိတ်ပင်ပန်းမှုလေးလျော့သွားရင်တောင်
ငါကြေနပ်ပါပြီလေ…

h3mlock
27th Aug 2010
1000 Hrs

In: ကဗျာ Posted By: Date: Aug 27, 2010
Comment #1

မဟုတ်ရင်လည်း..
ချစ်တတ်တဲ့ငါ့နှလုံးသားကိုယူ ..
တစ်စစီခြေလို့
ပြန့်ကြဲကြေမွစေမယ်
အနည်းဆုံးတော့
အချစ်လျော့တန်ကောင်းပါရဲ့..
စိတ်ပင်ပန်းမှုလေးလျော့သွားရင်တောင်
ငါကျေနပ်ပါပြီလေ…

(: (: သဘောကျလို့ အဲဒါလေး

commentinfo By: ဖြိုးဖြိုး at Aug 27, 2010
Comment #2

Thanks so much sis =)
:*

commentinfo By: h3mlock at Aug 27, 2010
Comment #3

ကဗျာလေးကိုကြိုက်ပါတယ်

commentinfo By: Phyu Lay at Aug 27, 2010
Comment #4

Thanks sis =)
:*

commentinfo By: h3mlock at Aug 27, 2010
Comment #5

h3mlock!
ltns
where r u?

commentinfo By: LoRdiE at Aug 27, 2010
Comment #6

ကောင်းတယ်နော်

commentinfo By: jenny at Sep 30, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment