အရောင်များနှင့် စကားပြောကြည့်ခြင်း – နရီထက်
ကတ္တီပါ အခင်းအကျင်းနှင့်
ဗလာကျင်းနေတဲ့ အစိမ်းရောင်သွင်ပြင်က
အ၀ါရောင်သန်းနေတယ်
အိမ်မက်တွေက ၀ိုးတ၀ါးဘာပဲ…
တည်ငြိမ်ခြင်း အနီရောင်စတွေက
ဆွဲဆောင်ခြင်း ကြက်သွေးရောင်တွေလောက် မသွက်လက်ခဲ့ဘူး
အဖြူရောင်က ဆင်ခြေ ပေးတတ်ခဲ့တဲ့အခါ
အနက်ရောင်က ရိုင်းပြတတ်ခဲ့တယ်လေး
တည်ငြိမ်ခြင်း ၀တ်ရုံကို ဆင်မြန်းတတ်ခဲ့ပြီး မဟုတ်လား
ခုနစ်ရောင် တေးသွားတွေက
မဟာမိတ်ဖွဲ့တယ်
သံစဉ်တွေက ကြားခဲတယ်
သူတို့အခေါ်က သက်တန့်ရောင်စဉ်တဲ့လား
စကားတွေ ကျယ်ကျယ်ပြောတတ်ပေမဲ့
လက်စားချေခြင်းတွေက တိတ်တခိုးနှင့်ရယ်
တစ်ခါတစ်ခါ သူတို့ ပြောကြတယ်
တိမ်တွေ အရောင်ပြောင်းလဲခြင်းဗေဒပါ..
ကိုယ်ကိုကိုယ် ကာကွယ်တတ်ဖို့
အနက်ရောင်ကို ဆင်မြန်းခဲ့ကြတယ်
အေးမြခြင်းကို အသက်သွင်းဖို့
အစိမ်းရောင်တွေ ၀တ်စားခဲ့ကြတယ်
ဟန်ဆောင်ခြင်းတွေက အဖြူရောင်နှင့်ပါလား
ခဏလောက် စကားပြောကြည့်ချင်တယ်
နင်တို့က ….
အသက်မဲ့နေတဲ့
ဗလာအကျင်းစားနှင့်
စိတ်ယိုပေါက် အကြီးစားတွေ …
မဟုတ်လောက်ပါရဲ့…။ ။
နရီထက်
( ၀၂ ၊ သြဂုတ်လ ၊ ၂၀၁၁ )
Comment #4
အရမ်းကိုကောင်းပါတယ်အကိုကြီးးးး
By: myintmo at Aug 3, 2011
Comment #5
ဒိကဗျာလေး က အယောင်ဆောင်ချင်းတွေ ဖော်ကျုးရေးထားတာ တော်တော် အကြိုက်ဆုံးစားသားတွေ ကတော့ကိုယ်ကိုကိုယ် ကာကွယ်တတ်ဖို့
အနက်ရောင်ကို ဆင်မြန်းခဲ့ကြတယ်
အေးမြခြင်းကို အသက်သွင်းဖို့
အစိမ်းရောင်တွေ ၀တ်စားခဲ့ကြတယ်
ဟန်ဆောင်ခြင်းတွေက အဖြူရောင်နှင့်ပါလား
ခဏလောက် စကားပြောကြည့်ချင်တယ်
နင်တို့က ….
အသက်မဲ့နေတဲ့
ဗလာအကျင်းစားနှင့်
စိတ်ယိုပေါက် အကြီးစားတွေ …
မဟုတ်လောက်ပါရဲ့…။ ။ကြိုက်တယ်နော်
By: thuya at Aug 3, 2011
Comment #6
ခဏလောက် စကားပြောကြည့်ချင်တယ်
နင်တို့က ….
အသက်မဲ့နေတဲ့
ဗလာအကျင်းစားနှင့်
စိတ်ယိုပေါက် အကြီးစားတွေ …
မဟုတ်လောက်ပါရဲ့…။ ။
By: ဖိုးနမ်း at Aug 3, 2011




Comment #1
အရမ်းကောင်းပါတယ်……………..