ရွှေဘောဘောတို့ အတွက် ဟာသ
ရွှေနိုင်ငံက ရွှေဘောဘောတို့ေ၇
ဝေး……….. ဝေး။
ရွှေနိုင်ငံကြီးကို ရွှေဘောဘောတွေ ချစ်ကြတယ်မဟုတ်လား
ဟုတ်ပါတယ်ဗျို့ မှန်ပါတယ်ဗျို့။
နာမည်မှာတောင် ရွှေပါရင် အသက်ရှည်သတဲ့
ဟုတ်ပါတယ်ဗျို့ မှန်ပါတယ်ဗျို့။
ရွှေနိုင်ငံက နွမ်းပေမယ့် ရွှေမြန်မာတွေက လွမ်းနေတာပဲ
ဟုတ်ပါတယ်ဗျို့ မှန်ပါတယ်ဗျို့
ရွှေမြန်မာတွေကို ပျော်စေချင်တယ်
မီးမလာလဲ ပျော်ကြရမယ် ရေမလောက်လဲ ပျော်ကြရမယ်
ပျော်ပါတယ်ဗျို့ ပျော်တယ်ဗျို့။
ရွှေမြန်မာတွေ တိုးတတ်ရမယ် စာအုပ်စာပေ များများဖတ်ကွယ်
အဟောင်းဆိုင်က ဈေးပေါပါတယ်
ဟုတ်ပါတယ်ဗျို့ မှန်ပါတယ်ဗျို့
ရွှေမြန်မာတွေ ယဉ်ကျေးရမယ် တဟိုင်းဟိုင်းနဲ့ ဘာ ဘာလိမ့်ကွယ်
ရွှေစကားဟာ မင်္ဂလာပါ ကွယ်
ဟုတ်ပါတယ်ဗျို့ မှန်ပါတယ်ဗျို့
ရွှေမြန်မာတွေ ရှေ့ရောက်ချင်တယ် ရှေ့က ခေါင်းဆောင် မြန်မြန်လျှောက်ကွယ်
နောက်မှာ တွန့်တိုးလဲပြိုကုန်ပြီ
ဟုတ်ပါတယ်ဗျို့ မှန်ပါတယ်ဗျို့
ရွှေဆိုတာ အေ၇ာင်လက်တယ် တို့ရွှေနိုင်ငံ လူတိုင်းသိတယ်
ဗျို့ ……မယ်မနော………..မှားနေတယ်ဗျို့………..တခုခု လွဲနေပြီ။
ဟီး။။။။။။။။။။။
ရွှေဘောဘောများ ရွှေပြုံးလေး ပြုံးနိုင်ကြပါစေ။
မယ်မနော
1:42pm
Comment #3
super like,
really funny,
thz xo much,
By: ei lay at Jul 15, 2012




Comment #1
မတရားလန်း၏ 😀
အားပေးလျှက် /akn