အနုပညာနေရာသစ်
တစ်ပင်တည်းပွင့်လို့
ဥယျာဉ်ဘယ်ဖြစ်မလဲ
ဒါ့ကြောင့် ငါပွင့်ရတယ်
ခင်ဗျားတို့ ပွင့်ရမယ်
အားလုံးပွင့် ကြရမယ်။
ပန်းတွေက ပန်းလို တစ်မျိုးစီဆန်း
အပင်တွေက ဘုရင်တွေလို အတူရှင်သန်နေမယ့်
နေရာတစ်ခု ထုနဲ့ထည်နဲ့ကိုရှိတယ်
ဒါကြောင့် အဲဒီနေရာ ငါသွားရတယ်
ခင်ဗျားတို့သွားရမယ်
အားလုံးသွားကြရမယ်။
အလျားရှိတယ် အနံရှိတယ် အမြင့်ရှိတယ်
ဒါကြောင့် ထုထည်လည်းရှိတယ်
အပြုသဘောတွေ ထုံမယ်
လူ့မနောတွေ စုံမယ်
ရုပ်ပုံဟောင်းကို ဆွဲဖြုတ်မယ်
ဖြဲမဆုတ်ဘူး
` ကျောက်ခဲရေပေါ် ´ တွေရှိသလို
` လှော်ရင်းနစ် ´ တွေလည်းရှိမယ်။
` ရွက်ပုန်းသီး ´ တွေရှိသလို
နံရံနဲ့ တူတဲ့ ပြာတွေလည်းရှိမယ်၊
လိပ်ပြာတွေက ပန်းယောင်ဆောင်ထားကြမယ်၊
ဒါကြောင့် ပန်းအစစ်တွေ ငါတို့ ပွင့်ရမယ်။ ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ခင်ဗျားရေးထားတာမိုက်တယ်….ကြိုက်တယ်