Professional Authors

ငါသည် မိန်းမ ဖြစ်၏

မိန်းမတို့၏ မာယာ လေးဆယ်
ဘုရား…..ဘုရား
ဟုတ်မှ ဟုတ်ပါ့မလား။
ငါ………….မိန်းမပဲ
ဟုတ်ပါတယ်………..မိန်းမ။

လှပ ယဉ်ကျော့ နူးညံ့ ညင်သာ
ဘာတွေလဲ……..ဟ
ဟုတ်ပါတယ်….ငါ …..မိန်းမ။

ကျမ ကျွန်မ
ပြောခက်လှ ဘိ
ဟုတ်ပါတယ် …….ငါ…..မိန်းမ။

ချက်ပြုတ် လျှော်ဖွတ် သန့်ရှင်း ထိန်းသိမ်း
ဒီတကိုယ်စာ ကျွမ်းကျင်ပါကြောင်း
ဖြောင်း………ဖြောင်း………….ဖြောင်း
ဟုတ်ပါတယ် ……..ငါ……….မိန်းမ။

လှပခြင်း
မိန်းမတို့၏ ဂုဏ်အင်
အမလေး……ဟုတ်လား
မဖြစ်ဘူး မနက် မိတ်ကပ် ပြေးဝယ်အုံးမှ
ဟုတ်ပါတယ် ………ငါ………မိန်းမ။

သူနိုင် ကိုယ်နိုင် အပြိုင်ဆိုင်နှင့်
ခေတ်နှင့် အညီ ပြေးနေရမည်
ဟင်……အဲလိုလား
မရှိမဖြစ် အသုံးဆောင်တွေ
လေးနေတယ်ထင်တာ

ဟုတ်ပါတယ်……..ကျမ……..မိန်းမ။

မယ်မနော
3:25

In: ကဗျာ Posted By: Date: Apr 22, 2011
Comment #1

ကြိုက်တယ်။။။။။။။။။။။။။။
ကဗျာဆရာမတစ်ယောက်တော့ တိုးလာတော့ မှာတွေးပြီးဝမ်းသာတယ်………..

commentinfo By: မင်းလူန at Apr 23, 2011
Comment #2

အ၇မ်းကို ကျေးဇူးတင်ပါတယ် ကိုမင်းလူန
ဟုတ်သည်ရှိ မဟုတ်သည်ရှိ အခုလိုလေး ပြောသွားတာ ၀မ်းသာသွားပါတယ်
ကြိုးစားဖြစ်ညှစ်ေ၇းကြည့်အုံးမယ်

commentinfo By: မယ်မနော at Apr 23, 2011
Comment #3

မိန်းမတယောက်ဖြစ်တဲ့ကျွန်မကလဲအားပေးသွားပါတယ်….

commentinfo By: May Kha at Apr 24, 2011
Comment #4

မိုက်လိုက်တာ ကဗျာလေးက ဆန်းတယ်ကွယ်….
ကြိုက်တယ်…။ ။

commentinfo By: ကေသရီ at May 21, 2011
Comment #5

မယ်မနောရဲ့  ကဗျာတွေက ပွင့်လင်းတယ်…ရဲရင့်တယ်…
ကောင်းတယ်ဗျာ….ကြိုဆိုပါတယ်။။။
အားပေးပါတယ်

commentinfo By: minratha at Jun 24, 2011
Comment #6

သေချာလို့လား…. ကိုယ့်ဘာသာကိုယ် အရင်ညှိကြည့်ပါဦး………
ညှိပြီးသေချာရင် တစ်ခေါက်လောက်ထပ်ပြောကြည့်….
ဟုတ်ပါတယ် …….ငါ…..မိန်းမ။
း)း)
အားပေးသွားပါတယ်

commentinfo By: nate thit(နေ့သစ်) at Jul 26, 2011
Comment #7

အတွေးလေးက ဆန်းတယ်
အားပေးသွားပါတယ်ဗျာ

commentinfo By: Red Demon* at Jul 26, 2011
Comment #8

yout kyar lay pe phyit chin de,,lut lat loh.
dar pay me leeeeeeeeeeee…….ngar d main ma phyit e.

commentinfo By: ei lay at Jan 3, 2012
Comment #9

read again & feel again.
😛

commentinfo By: ei lay at Jul 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment