Professional Authors

ကုန်သင့် စေချင်ပြီ ၊ မကုန်စေချင် ပါ…………………………….

ကုန်ပြီ
ကုန်ပြီ
ကုန်သင့်တာကို
ကုန်ခိုင်းဖို့သင့်ပြီ
ကလေးတွေ
အရမ်း ရိုက်တဲ့ ခေတ်ကုန်ပြီ
ဟုတ်တယ် တကယ် ကုန်ပြီ
ကလေးစစ်သားတွေထားတဲ့
ခေတ် ထားတဲ့အချိန်
ကုန်ပြီ တကယ် ကုန်ပြီ……..
ဖုံးကွယ်လိမ်ညာ
ကတုံးညာတုံးတဲ့ခေတ်က
ကုန်ပြီင်္တကယ်ကုန်ပြီ……….
သေနတ်သုံးတဲ့ခေတ်
ကုန်ပြီ
မီးခိုးထွက်တဲ့ခေတ်ကုန်ပြီ
ယမ်းငွေ့တလူလူ ထတဲ့ခေတ်ကုန်ပြီ
အိုဘာမားလာပြီးသွားပြီ
တင်ပို့ခွင့်တွေရလာပြီ
ပြောဆိုခွင့်တွေများလာပြီ
အကောင်းအဆိုးခွဲခြား
လယ်ပြင်မှာ တင့်ကားသွားသလို
ထင်းနေပြီ
လိမ်တဲ့ခေတ် ကုန်ပြီ
ညာတဲ့ခေတ်ကုန်ပြီ
လက်တွဲရမယ် ခေတ်ကိုရောက်နေပြီ
သင့်လက်ကမ်းပေးပါ
သေနတ်ပြောင်းမဟုတ်ဘူး
သင့် မေတ္တာအငွေ့ပေးပါ
မီးခိုးတွေ မပါစေချင်ဘူး
ပြောဆိုခွင့်ပေးပါ
ပေတံနဲ့ မဟုတ်ဘူး
အတိတ်ကို လွမ်းလို့
ဘာမှ ဖြစ်မလာဘူး
အရှေ့ကို သွားဖို့ ပဲ ဖြစ်နိုင်မယ်
ခေါ်တုန်းလာပါ
ကျန်ခဲ့တာမျိုးမဖြစ်ရအောင်
ပြောတုန်းနားထောင်ပါ
နောင်တရတာမျိုးမဖြစ်စေချင်ဘူး
သစ်ပင်ဟာအမြစ်ပေါ်မူတည်ပေါက်တယ်
အမြစ်ကို မနုတ်နဲ့ သင် သေလိမ့်မယ်………………….
နားထောင်ပါ
လေ့လာပါ
ကုန်တဲ့ ဟာတွေကုန်ပြီ
မကုန်တာက
ဘာသာချစ်စိတ်
အမျိုးချစ်စိတ်
သာသနာချစ်စိတ်
မေတ္တာစိတ်
လူလူချင်း ညှာတာစိတ်တွေလေ…………………….။
မကုန်ပါစေနဲ့ မခမ်းပါစေနဲ့
မနက်တိုင်းလှပစွာ
ပွင့်လန်းနေတဲ့
အသီးအပွင့်တွေကို
မျိုးဆက်သစ်တွေ
သန့်ရှင်းလတ်ဆတ်စွာ
ရှုရှိုက်ရင်း
မြိန်ရှက်စွာစားသုံးခွင့်ပေးပါလေ………………….။

In: ကဗျာ Posted By: Date: Dec 3, 2012
Comment #1

တကယ်ကုန်သင့်တာတွေကုန်ပြီး မကုန်သင့်တာမကုန်ပါစေနှင့် ..

commentinfo By: မေပျို at Dec 3, 2012
Comment #2

Wow
Excellent
Excellent
Excellent

commentinfo By: ei lay at Dec 4, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment