အဖြူရောင်ချော့တေး
အမှန်ဖြစ်ဖြစ်
ဟန်ဆောင်တာဖြစ်ဖြစ်
ဘယ်အခြေအနေမျိုးမဆို
ပြောသမျှယုံ……….ပေးခဲ့
နင်ဟာ……ငါ့အတွက်
ရေအေးတခွက်..ဖြစ်ခဲ့တယ်။
“စည်း”တခု
ယုံကြည်သလို…အမြဲထိန်းသိမ်း
ဘောင်မလွတ်တန်းမကျော်
အမြဲဆင်ခြင်လို့….စကားလုံးနဲ့
မျှ
ရိသဲ့ခြင်းကင်းခဲ့
နင်ဟာ..ငါ့အတွက် လေပြည်ညှင်းလေးဖြစ်ခဲ့တယ်။
တပါးရည်စူး……ခြွေဖူး. အလွမ်း
……ကြွေဖူး…ကာရံ
……ဆွေးခဲ့…ကဗျာ….
စကားနဲ့မျှ..စစ်မထိုးခဲ့
ထားရာနေစေရာသွား
စက်ရုပ်နေရာ…ချထားခဲ့လည်း
နေပျော်အောင်နေလို့…..
နင်ဟာ….ငါ့အတွက်…လိုတရလည်းဖြစ်တယ်။
ဇကာ..အသည်း
နာကျဉ်းချက်…တွေ..တပုံတပင်နဲ့
ငါ့ကို….
ဖြေသိမ့်မှုတွေ…..ခြွေမပေးခဲ့ပေမယ့်
နားလည်မှု..“ဝေ”
အားငယ်မှုတွေ ဖြေသာစေခဲ့
နင်ဟာ…ငါ့အတွက်…နားခိုရာလည်းဖြစ်စေတယ်။
တေလေရွက်လွှင့်
”လေ”စေရာပါး…ကြုံမှ ခစားလည်း
ကြည်ဖြူစွာအမြဲ..အပြုံးသာမြင်စေလို့
နင့်ကာရံထဲ…အပြစ်တင်ခြင်း…ကင်းခဲ့တယ်။
မျှော်လင့်ခြင်းကင်း….
အရောင်ရှင်းသော….ချစ်ခြင်းတွေအတွက်
ဖွင့်ဟကာ..၀န်မခံလည်း
ရင်တွင်းကတိ…ထာဝရပေးတယ်
အခုမှစ…နောင်သံသရာတိုင်
ငါဟာ…နင့်အတွက်
အလိုတော်ကျ…အပါးတော်မြဲပါ့မယ်
နင်….ခိုးခိုးပြီး….သက်ပြင်းမချပါနဲ့တော့။
Comment #2
ညီမရေဒီကဗျာလေးတအားလှတယ်လေ….ပုံမှန်လေးတွေပြန်ဖြစ်သွားပီပေါ့..ပျော်ရွှင်ပါစေညီမရေ..
By: Shwe Ngar at Apr 7, 2011
Comment #3
အမှန်ဖြစ်ဖြစ်
ဟန်ဆောင်တာဖြစ်ဖြစ်
ဘယ်အခြေအနေမျိုးမဆို
ပြောသမျှယုံ……….ပေးခဲ့
နင်ဟာ……ငါ့အတွက်
ရေအေးတခွက်..ဖြစ်ခဲ့တယ်။ကြိုက်၏…..အားပေးသွားပါသည်….း-)
By: terry at Apr 7, 2011
Comment #4
မျှော်လင့်ခြင်းကင်း….
အရောင်ရှင်းသော….ချစ်ခြင်းတွေအတွက်
ဖွင့်ဟကာ..၀န်မခံလည်း
ရင်တွင်းကတိ…ထာဝရပေးတယ်
အခုမှစ…နောင်သံသရာတိုင်
ငါဟာ…နင့်အတွက်
အလိုတော်ကျ…အပါးတော်မြဲပါ့မယ်
နင်….ခိုးခိုးပြီး….သက်ပြင်းမချပါနဲ့တော့။
မိုး
ပျော်ရွှင်ပါစေ
By: ခင်ဘုန်းနေ at Apr 7, 2011
Comment #7
မိုး ကို အားပေးတဲ့ မောင်နှမများအားလုံးကို ကျေးဇူးတင်ပါတယ်
မြန်မာ့နှစ်သစ်မှာ ပျော်ရွှင်ပါစေ
By: အသဲကွဲမိုး at Apr 8, 2011
Comment #8
i like ur poem
By: soe lay at Apr 8, 2011
Comment #12
excellent.
heart hti twar de,
By: ei lay at May 17, 2012
Comment #14
ကျွန်တော့်ကိုအမြဲအားပေးလျှက်ရှိသော … အားပေးနေကြသော မောင်နှမများအားလုံးကို အထူးလေးစားကျေးဇူးတင် ချစ်ခင်ပါတယ်ခင်ဗျာ…ပျော်ရွှင်ကြပါစေ 😀
By: အသဲကွဲ မိုး at Jan 11, 2013
Comment #15
Be hna khar phat phat a yann kyike de.
By: ei lay at Jan 13, 2013




Comment #1
အားပေးသွားပါတယ်ဗျာ