Professional Authors

လွမ်းနေတုန်းခဏ … !!! (ရင်တွင်းမှမြစ်ဖျားခံသော…)

ငါ သိပ်ချစ်တဲ့ နင်နဲ. ဆုံတွေ.ရတာ ငါ့အတွက်တော့..

ဗိုက်ဆာနေချိန် မုန်.၀ယ်ကျွေးသူနဲ.တွေ.ရသလိုပါဘဲ…

အထီးကျန်ပီး အချစ်ငတ်နေတဲ့ ငါ့အတွက်… နင်ဟာငါ့ရဲ. ……………….

ငါ စွဲလန်းတဲ့ နင့်ရဲ.ရယ်သံတွေ ငါ့အတွက်တော့…

နံနက်ခင်းမိုးရွာနေချိန် ကော်ဖီပူပူလေးသောက်လိုက်ရသလိုပါဘဲ…

အထီးကျန်ပီး နွေးထွေးမှုကင်းမဲ့နေတဲ့ ငါ့အတွက်… နင်ဟာငါ့ရဲ. ……………….

ငါ မြတ်နိုးတဲ့ နင့်ရဲ.စကားလုံးလေးတွေ ငါ့အတွက်တော့…

မအီမလည်ဖြစ်နေချိန် အချဉ်ထုပ်စားလိုက်ရသလိုပါဘဲ…

စိတ်ဓာတ်ကျပီး အဆင်မပြေချိန်အခိုက်အတန်. ငါ့အတွက်… နင်ဟာငါ့ရဲ. ……………….

ငါ ခဏခဏကြားချင်နေတဲ့ နင့်ရဲ. “ချစ်တယ်”ဆိုတဲ့စကား ငါ့အတွက်တော့…

Mocha ပူပူတခွက်နဲ. donut တွဲပီးစားလိုက်ရသလိုပါဘဲ…

ဘယ်နှစ်ကြိမ်ပြောပြော မရိုးနိုင်အောင်ဖြစ်မိတဲ့ ငါ့အတွက်… နင်ဟာငါ့ရဲ. ……………….

ငါ မြန်မြန်ကုန်စေချင်နေတဲ့ နင့်ကိုလွမ်းနေရတဲ့နေ.ရက်တွေ ငါ့အတွက်တော့…

စားလဲစားချင်တယ် စပ်မှာလဲကြောက်တဲ့ အာပူလျှာပူတပွဲလိုပါဘဲ…

လွမ်းလည်းမလွမ်းချင်ပေမဲ့ နင့်ကိုမျှော်နေရတာ အကျင့်ပါနေတဲ့ ငါ့အတွက်… နင်ဟာငါ့ရဲ. ………………. တခုတော့တောင်းပန်ချင်တယ်…

ငါသိပ်မုန်းတဲ့ ဒူးရင်းသီးအနံ.လို စူးရှပြင်းထန်တဲ့စကားလုံးမျိုးနဲ….

ခေါက်ဆွဲကြော်စားရသလိုမျိုး အီလည်လည်ဖြစ်ပီး ကျန်နေရအောင်တော့ မလုပ်နဲ.ပေါ့ဟာ…

အော်…. ကဗျာကိုဆက်ရေးလိုက်ဦးမယ်… နင်ဟာငါ့ရဲ. ……………………..

 

စာကြွင်း : ဗိုက်ဆာနေချိန် လက်တမ်းချရေးလိုက်တဲ့ကဗျာလေးပါ…ဖတ်ရတဲ့ သူငယ်ချင်းတွေပါ ဗိုက်ဆာသွားရင်တော့ တတ်နိုင်ဘူးနော် 😛

In: ကဗျာ Posted By: Date: Aug 4, 2011
Comment #1

ကဗျာလေး မဆိုးဘူးဗျာ ။ တော်သေးတယ် ဗိုက်ဆာနေတဲ့အချိန်မဖတ်မိလို့ မဟုတ်ရင် သားရေခံနဲ့ဖတ်နေရမှာ ( just kidding) ။

commentinfo By: X - ray at Aug 5, 2011
Comment #2

ဟိဟိ စားပါဘူ.. ကဗျာက မိုက်တယ်..

commentinfo By: songmoezin at Aug 5, 2011
Comment #3

ဗိုက်တောင်စာလာတယ် ကဗျာ က ကောင်းတယ် 😛

Comment #4

အားပေးတဲ့ သူငယ်ချင်းတွေ ဗိုက်ဆာအောင်လုပ်မိတဲ့ ဒီကဗျာဆရာ ကို ကြုံမှဘဲ အပြစ်ပေးကြပါတော့နော် …:P
အားလုံး ကို ကျေးဇူးပါ ! 🙂

commentinfo By: မိုးသည်း at Aug 5, 2011
Comment #5

anyway,,,,,
whenever,wherever,whatever,the most important is rememberance.
he,,he,,,
even go toilet kwar,

commentinfo By: ei lay at Aug 6, 2011
Comment #6

lwan tone pe…
bar loak loak lwan tone pe…

commentinfo By: ei lay at Jan 3, 2012
Comment #7

huh,,,,,,,,
miss so much

commentinfo By: ei lay at Feb 5, 2012
Comment #8

d poem lay ko lwan tine tar lar phat yin ei lay ye comment ka 100 lout shi me,,a hote,, 😛

commentinfo By: ei lay at May 17, 2012
Comment #9

ei lay …. လွမ်းနေတဲ့အချိန်လား… ဗိုက်ဆာနေတဲ့အချိန်လားဟင်…:P

commentinfo By: moemyat2thein at May 18, 2012
Comment #10

umm,,
he,,he,, rofl
1 ke 1 ke a yan kwan nay tar par shin.
bike sar loh hote par bu naw.
hint,,,ngo chin lar p

commentinfo By: ei lay at May 18, 2012
Comment #11

Feel again

commentinfo By: ei lay at Jan 12, 2014
Comment #12

မိုက်တယ်

commentinfo By: monlay at Aug 6, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment