နင်ဟာ ငါ့အတွက်…..
နင်ဟာ ငါ့အတွက်
အေးမြတဲ့နှင်းစက်လေးတွေဖြစ်ခဲ့ရင်
ငါဟာ
နင့်ရဲ့အေးမြသန့်စင်မှုတွေနဲ့
မထိုက်တန်တဲ့ ဆူးပင်တစ်ပင်ပါ………
နင်ဟာငါ့အတွက်
ခမ်းနားကြီးကျယ်လွန်းတဲ့
အိမ်မက်တိုင်းပြည်ကြီးဇြစ်နေရင်တောင်
ငါဟာပြည်နှင်ဒဏ်ပေးသင့်တဲ့သူတစ်ယောက်ပါ……….
နင်ဟာငါ့အတွက်
အမြဲပျော်ရွှင်စေနိုင်တဲ့
ဆေးတစ်ခွက်ဖြစ်ခဲ့ရင်တောင်
ငါဟာ သောက်သုံးခွင့်မရှိနိုင်တဲ့
အမြဲပူဆွေးနေသင့်တဲ့သူတစ်ယောက်ပါ ………..
နင့်အနေနဲ့ ငါ့အတွက်ပေးဖို့
အသင့်တော်ဆုံးအရာကတော့……………….
(နင်မသိနိုင်တဲ့ တစ်နေရာမှာ တိတ်တဆိတ် ငိုကြွေးနေရတဲ့ ငါ့ရဲ့ ရင်ဖွင့်သံကို နင်ကြားနိုင်ပါစေကွာ)
Comment #2
ohhhhhhhh
sorry to know,,, ;(
poor u,,, 🙁
why?
why don’t u feel like that?
why don’t u try?
By: ei lay at May 13, 2012
Comment #3
ငိုချင်လာဘီနော်…အဟင့်
By: nyi lay at Nov 26, 2012




Comment #1
အားပေးသွားတယ်