Professional Authors

အဲသလို ဖြစ်ခဲ့တယ် (အောင်ချိမ့်)

ငါတို့ အဲသလို ဖြစ်ခဲ့တယ်
အမေးကို မဖြေဘူး
အဖြေကို ဖြေခဲ့တယ်။
ငါတို့ အဲသလို ဖြစ်ခဲ့တယ်
(လာမွန်တော့ဖ် ပြောသလို)
ချစ်စွာသော မိတ်ဆွေနှစ်ဦးမှာ
တစ်ဦးမှာ တစ်ဦး၏ အစေခံ ဖြစ်လေသည်။
ငါတို့ အဲသလို ဖြစ်ခဲ့တယ်
ဆေးအမျိုးမျိုး သောက်တယ်
သေမလိုလို အကြိမ်ကြိမ် ဖြစ်တယ်။
ငါတို့ အဲသလို ဖြစ်ခဲ့တယ်
အရက်ခွက်ဟာ စားပွဲ၏ အစွန်မှာ
တံတောင်နဲ့ တိုက်မိလိမ့်မယ်။
ငါတို့ အဲသလို ဖြစ်ခဲ့တယ်
မတော်တဆနဲ့
တကယ် ဖြစ်တာနဲ့။
– အောင်ချိမ့်
သရဖူ မဂ္ဂဇင်း – စက်တင်ဘာ၊ ၂၀၁၁

Leave Comments

Name*

Email*
Website
Email me whenever there is new comment