Professional Authors

ချစ်သူချော့တေး

သက်ဦး ဆံပိုင် ဘုရင် စနစ် 
ငါ့ရင်ထဲမှာ ဖြစ်တည် ..
နင်သာလျှင် ဘုရင်တစ်ပါး .. 
ငါ ကိုးကွယ်ဖို့ ကြံရည် … ။ 
ဦး ဆွေး ဆံ မြည့် .. အရှင့်အမှုတော်ထမ်းဖို့ .. 
အသည်း အသက် အပ်နှင်း .. 
သေဆို သေရလိုပါရဲ့ … 
နေဆို နေရလိုပါရဲ့ .. ငါ့ရဲ့သခင် .. ။ 
မျက်မာန်တော်ရှကာ 
ခက်ထန်စကားဆိုပါနဲ့ .. 
ရွှေစိတ်တော် ငြိုညင်သွားရင်ဖြင့်  ..
မိုး ပြိုရော့ ထင် .. ။
မျက်နှာတော် ညိုကာ ငြိုးပါနဲ့ ..
စိတ်ဝမ်းမကြည်သာတဲ့ခိုက် .. 
ချစ်နှမ အလိုက်တော် မသိမှာစိုး .. 
စိုး ထိတ် စိတ် တွင် .. ။
ရင်နန်းသခင် ကိုယ်တော်လေးရယ်မို့ … 
စိတ်ဝမ်းရွှင် ကြည်ကာ လန်းစေဖို့ .. 
အပန်းပြေဖို့ ကြံရွယ် .. စာလွှာကို သီကုံး 
ဖတ်ရှုလို့ နှလုံးသာယာ .. ပြုံးလှည့်ပါဦး .. ။
မင်းသားငယ် စိတ်နှလုံး ရွှင်ရင်ဖြင့် .. 
နဂိုမူ ကြည်သာပြုံးဟန်နဲ့ 
နှမ ကေ သာ .. ဆံလွှာ ထွေးပိုက် 
နမ်း ရှိုက် ပါ ဦး … ။
In: ကဗျာ Posted By: Date: Apr 11, 2013
Comment #1

Cute

commentinfo By: ei lay at Apr 11, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment