Professional Authors

လူးလားခေါက်တုန့် ခြေချခြင်း(မင်းလူန)

ဒီဟာကိုယူမယ်……….
ဒါနောက်ဆုံးပဲ…………..
အရှိန်သက်လိုက်တယ်.အချိန်တွေသေ

အောင်တော့ မဟုတ်ဘူး
ခင်ဗျားလဲသက်လိုက်ပြီလား(လုပ်ထားကိုယ့် လူ)
ပြီးတော့ နောက်တစ်မျိုးပြောင်း
ဇာတ်ကြောင်းနာနာနဲ့ ဇာတ်ညွှန်းတစ်ခုဖွဲ့ 
ရှိတ်စပီးယားလို
စစ်ဘုရင်နပိုလီယန်လို
ဟစ်တလာလို
လူတစ်ယောက်လို၊နွားတစ်ကောင်လို
ခွေတစ်ကောင်လို
တိရိစ္ဆာန်တစ်ကောင်လို
ကိုယ့် သိုက်မြုံကိုယ်ပျော်မြူးပြီး
ဒီကြိုးကိုဆွဲဆွဲဆန့် ရတာကိုက
အရသာတစ်ခုထင်ပါရဲ့ 
နိုင်လိုမင်းထက်အပြုံးတွေကိုမုန်းသလား
ဘယ်တော့ မှခေါင်းမမော့ နဲ့ 
အချစ်နဲ့ ကင်းကင်းနေနိုင်ရုံနဲ့ 
သံသရာကမလွတ်မဲ့ တူတူ
အချစ်နဲ့ သာကခုန်တက်အောင်လုပ်
ချစ်ခြင်းတွေသာကိုယ့် ကိုမှာချည်လိုက်တော့ 
သေချာလာလိမ့် မယ်
ခင်ဗျားလဲဒီဘုံတွေကိုကြိုက်နေမှာပါ
အောက်မှာခံထားတဲ့ 
မြေကြီးကိုတော့ ပိုင်ပိုင်နိုင်နိုင်သာနင်းထား
ဘယ်လိုပြတ်ရွေ့ ကြောင်းမှအနားရောက်မလာခင်
ကိုယ်တွင်းထဲကိုယ်ခုန်ချနေတာကိုသာရပ်
ဒီဟာကိုယူ
ဒါနောက်ဆုံးလို့ တော့ အာမခံရဲရမယ်နော်……..
သုံးဆယ့် တစ်ဘုံကလွတ်အောင်ပေါ့ 
…………………………..
…………………………..မင်းလူန
In: ကဗျာ Posted By: Date: Mar 7, 2011
Comment #1

ကိုမင်းလူန အားပေးနေတယ်..

commentinfo By: genius.jinx28 at Mar 8, 2011
Comment #2

အချစ်နဲ့ ကင်းကင်းနေနိုင်ရုံနဲ့ 
သံသရာကမလွတ်မဲ့ တူတူ
အချစ်နဲ့ သာကခုန်တက်အောင်လုပ်
ချစ်ခြင်းတွေသာကိုယ့် ကိုမှာချည်လိုက်တော့ 
သေချာလာလိမ့် မယ်
ခင်ဗျားလဲဒီဘုံတွေကိုကြိုက်နေမှာပါ
………….
အရမ်းကြိုက်တယ်…..မိုက်တယ်…..အားကျတယ်…..အားပေးသွားတယ်

commentinfo By: အသဲကွဲမိုး at Mar 8, 2011
Comment #3

အချစ်နဲ့ ကင်းကင်းနေနိုင်ရုံနဲ့ 
သံသရာကမလွတ်မဲ့ တူတူ
အချစ်နဲ့ သာကခုန်တက်အောင်လုပ်
ချစ်ခြင်းတွေသာကိုယ့် ကိုမှာချည်လိုက်တော့ 
သေချာလာလိမ့် မယ် စာသားတွေ..အသုံးအနှုံးတွေမိုက်တယ်ဗျာ….အားပေးနေပါတယ်….

commentinfo By: terry at Mar 8, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment