Professional Authors

ကဗျာရေးသူများ(မင်းလူန)

အတွေ့ အကြုံအရ
ဒီကဗျာကို
စိတ်ခံစားမှု့ နဲ့ ဖတ်ပါ
ရုပ်ဝတ္ထုပြယုဂ်တွေတော့ ကင်းကောင်းကင်းနေလိမ့် မယ်
အနုပညာပစ္စည်းတွေအတွက်
အခန်းကဏ္ဍတစ်ခုကို
စိတ်ကသာဦးဆောင်တယ်မဟုတ်လား
××××××××××
ဘင်လာဒင်
ဟူစိန်နဲ့ 
ကဒါဖီလိုကမ္ဘာ့ လူကြမ်းကြီးတွေရဲ့ 
နှလုံးသားမှာတောင်နေရာရှိခဲ့ ဖူးတယ်
ခင်ဗျားလို
ကျုပ်လို
လူသာမန်တွေအတွက်အနုပညာပစ္စည်းကို
မထေမဲ့ မြင်လုပ်သင့် လို့ လား
စိတ်ကိုစိတ်နဲ့ ပဲ
ကုတာကောင်းမှာပါ
×××××××××××××××××××
ကဗျာတစ်ပုဒ်လုံးကို
အတွေ့ အ ကြုံအရ
ရိုးသားလို့ ရတဲ့ နေရာတိုင်း
ရိုးသားခဲ့ ပါတယ်
အဲ့ ဒီမှာ
အတိတ်နဲ့ အနာဂါတ်ထက်
ပစ္စုပ္ပန်ကို
ကိုယ်စားပြုတဲ့ ခံစားချက်ကိုရေးသွင်းခဲ့ လို့ 
အမှားနဲ့ ကင်းလွတ်သွားတဲ့ အခါလည်းရှိမယ်
အကြောင်းအရာပျောက်နေတဲ့ ကဗျာပေါ့ ဗျာ
အကျိုးတ၇ားဟုတ်လား
တစ်ခုခုတော့ ရမှာပါ
အနည်းဆုံးတော့ ဒီကဗျာဖတ်ပြီးရင်
ခင်ဗျားမျက်စိညောင်းမယ်
စိတ်အနှောင့် အယှက်ဖြစ်မယ်
ပွတ်သပ်ချော့ မြူထားတဲ့ 
လောကဓံအမိုက်စားတွေအကြောင်းဟုတ်လား
ကျုပ်ရေးထားတဲ့ လုံးချင်းမှာ
မကြာမှီ
လာမည်
မျှော်
ကြော်ငြာကို
ကြုံသလိုပစ်ထည့် ထားတဲ့ ကဗျာတစ်ပုဒ်မို့ 
အတိုင်းအတာတစ်ခုထိတော့ အောင်မြင်မှု့ ရမှာပါ
ကျုပ်သိထားတယ်
××××××××××
ဦးချော
မိုးဝေး
ဖော်ဝေး
မိုဃ်းဇော်
အောင်ရင်ငြိမ်း
ဝိုင်ချို
ပိုင်စိုးဝေ
………သူတို့ ကဗျာရေးတယ်
တွေး
ရေး
ခံစားချက်တွေချကျွေးတဲ့ အခါ
ကဗျာဆရာအဖြစ်လူလားမြောက်ခွင့် ရလာတယ်
ကျိုးကြောင်းမဆီလျော်တဲ့ ဒီကဗျာမှာ
ရိုးသားတဲ့ အပိုင်းကို
ရှာပြီးတွေးပါ
တွေးပြီးတော့ ရေးထားတာ
×××××××××
မျဉ်းဖြောင့် တစ်ကြောင်းရဲ့ သမိုင်းလို
ကို့ အနားသက်ကိုမမှီတဲ့ ဘဝ
လူတို့ 
အမှားတရားတွင်သစ္စာတည်ချေပြီ
××××××××××××××××××

မင်းလူန

In: ကဗျာ Posted By: Date: Dec 27, 2011
Comment #1

ဘာမှမပြောတော့ဘူး 😉

commentinfo By: နတ်သမီး at Dec 27, 2011
Comment #2

ကောင်းလိုက်တဲ့ကဗျာ ၊အနုပညာပစ္စည်းတွေအတွက်
အခန်းကဏ္ဍတစ်ခုကို
စိတ်ကသာဦးဆောင်တယ် မှန်တယ်ဗျာ

commentinfo By: [email protected] at Dec 27, 2011
Comment #3

စိတ်ကိုစိတ်နဲ့ပဲ
ကုတာကောင်းမှာပါ မှန်လိုက်လေ ~~

commentinfo By: X - ray at Dec 28, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment