Professional Authors

အချစ်နှင့် သူ၏ချစ်ခြင်း

အချစ်ဆိုတာ
ပျော်ရွင်ကမ်းလင့်တဲ့ လက်တစ်စုံလို့ ဆိုကြပေမယ့်
သူရဲ့ချစ်ခြင်းတွေကတော့
ဝမ်းနည်းခြင်းဖွဲ့ ပုံပြင်တစ်ပုဒ်လေ

အချစ်ဆိုတာ
ယုံကြည်မျှော်လင့်ခြင်း အိပ်မက်ချိုလို့ ဆိုကြပေမယ့်
သူ့ရဲ့ချစ်ခြင်းတွေကတော့
မာယာတွေအကြိမ်ကြိမ်ခနေတဲ့ စကားသံချိုတွေနဲ့လေ

အချစ်ဆိုတာ
ခိုင်မြဲမှု့တွေနဲ့ ရစ်နှောင်တဲ့တွဲလက်တစ်စုံလို့ ဆိုကြပေမယ့်
သူ့ရဲ့ချစ်ခြင်းတွေကတော့
မျက်ရည်စတွေခင်းကျင်းထားတဲ့
လမ်းခွဲနှုတ်ဆက်မှု့တွေနဲ့လေ

အဲဒီနောက်တော့
ချစ်ခြင်းမဲ့ ရင်ခွင်ဗလာတစ်ခုနဲ့
သူ့ရဲ့တစ်ခန်းရပ်ပြဇာတ်လေးတစ်ခုကို
အချစ်နဲ့ သူ့ရဲ့ချစ်ခြင်တွေနဲ့အတူ
အောင်မြင်စွာ ဇာတ်သိမ်းသွားနိုင်ခဲ့ပြီပေါ့ရှင်။  ။

In: ကဗျာ Posted By: Date: Sep 11, 2010
Comment #1

ကြိုက်တယ်။

commentinfo By: ချမ်းမြ at Jan 23, 2011
Comment #2

🙁

commentinfo By: ei lay at Mar 31, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment