Professional Authors

အထီးကျန်ခြင်း

အထီးကျန်မှုက ခင်ဗျားကို
ခင်ဗျား စိတ်ဝိညာဉ်ကို၊ ကင်ဆာလို
တရိရိ လှိုက်စားစေတယ်။

အထီးကျန်မှုက ခင်ဗျားကို
အသံပျောက်နေတဲ့ ရုပ်ရှင်တကားလို
အဓိပ္ပါယ်မဲ့မှုထဲ အချိန်တွေ လောင်ကျွမ်းစေလိမ့်မယ်။

အထီးကျန်မှုက ခင်ဗျားကို
ရေခဲမပါတဲ့ ၀ီစကီတစ်ခွက်လို
ပူပြင်းခါးသီးမှုထဲ မျိုချလိမ့်မယ်။

အထီးကျန်မှုက ခင်ဗျားကို
……….
………..

ခင်ဗျား ဆီမှာ
ဖုန်းပိုင်ရှင် မကိုင်တဲ့ ဖုန်းမြည်သံတစ်ခု၊
ပြန်စာဘယ်တော့မှ မလာခဲ့တဲ့ ပေးစာ တစ်ခုနဲ့
တုန့်ပြန်မှု မရခဲ့တဲ့ ချစ်ခြင်း တစ်ခုရှိနေတယ် ဆိုပါစို့။

အသက်ရှင်ခြင်းမှာ ခင်ဗျား
ဘာကိုများ တပ်မက်ချင်သေးသလဲ။

In: ကဗျာ Posted By: Date: Jul 29, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment