Professional Authors

ပြန်ခဲ့တော့

အတားဆီးမဲ့စွာနဲ့
အက်ကွဲနေတဲ့ ငါ့နှလုံးသားတစ်စုံက
တောင့်တခဲ့တာ… ချိုမြိန်တဲ့
တမ်းတခြင်းတွေ
ခြောက်သယောင်းနေတဲ့ ငါ့ရင်ခွင်က
နာကြည်းစွာရရှိလိုက်တာ
ခါးသက်သက်နောင်တတွေ……….
ပျောက်ကွယ်လုနေအလင်းလို
မှေးမှိန်ခဲ့ရတဲ့ မျှော်လင့်ချက်တွေအတွက်
ကြယ်စုံတဲ့လနဲ့ ညခင်းတစ်ညကို
ငါအစားမလိုချင်ဘူး…….
အမှောင်မှာထားရက်ခဲ့တဲ့ ချစ်သူ
အချစ်ရဲ့အတ္တတွေကို ထွန်းညှိပြီးတော့
စောင့်နေဦးမယ်…..
အရုဏ်ဦးနဲ့အတူပြန်လာလှည့်တော့နော်xxxxxxx။

In: ကဗျာ Posted By: Date: Mar 4, 2011
Comment #1

နဲနဲ အကြံပေးကြည့်ချင်ပါတယ်
တောင့်တခဲ့တာ… ချိုမြိန်တဲ့
တမ်းတခြင်းတွေ
ဆိုတဲ့အကြောင်းက နဲနဲ ထောက်နေပါတယ်
တောင့်တခဲ့တာ နဲ့ တမ်းတခြင်း နဲ့ သွားထပ်နေပါတယ်
နောက်ပြီး ချိုမြိန်တဲ့တမ်းတခြင်းဆိုတာက မဖြစ်နိုင်ဘူးလို့ထင်ပါတယ်
တမ်းတခြင်းဆိုတာ မချိုမြိန်နိုင်ပါဘူး တမ်းတခြင်းမှာ လွမ်းဆွေးမှုတွေ ၊ လိုချင်မှုတွေပဲရှိနေမှာပါ
ချိုမြိန်တာကို တမ်းတတယ်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်
ဒါမှမဟုတ်
တောင့်တခဲ့တာ ..ချိုမြိန်တဲ့
(အတိတ်)(ညနေခင်း) စသည်ဖြင့်ပေါ့…
ကဗျာတစ်ပုဒ် (တိုတို)ထဲမှာ အချိန်ကာလတစ်ခုလုံး ပီပြင်အောင်ရေးသွားတာကို ကြိုက်ပါတယ်…
အကြံပေးတာပါနော် ကျွန်တော်လဲ ကဗျာရေးဖို့ ဘယ်လိုမှ ရေးမရလို့(အသုံးမကြလို့) သူများကဗျာတွေ လိုက်ဖတ်ပြီး လက်ဆော့မိတာပါ…

commentinfo By: မောင်အေးချမ်း at Mar 4, 2011
Comment #2

အချစ်ရဲ့အတ္တတွေကို ထွန်းညှိပြီးတော့
စောင့်နေဦးမယ်…..
အရုဏ်ဦးနဲ့အတူပြန်လာလှည့်တော့နော်xxxxxxx။
ကိုလွမ်းနောင် အားပေးသွားပါတယ်

commentinfo By: genius.jinx28 at Mar 5, 2011
Comment #3

@ ကိုအေးချမ်း:
ခုလိုမျိုးဝေဖန်ပေးတာကျေးဇူးအများကြီးတင်ပါတယ်ဗျာ
ခုလိုမျိုးသေသေချာချာဖတ်ပေးလို့လဲကျေးဇူးပါဗျာ
ကျွန်တော်လဲရှင်းပြပါ့မယ် ဆိုလိုရင်းနဲ့စကားသုံးနှုန်းတာနားလည်မှုလွဲသွားတာပါ
တောင့်တခြင်း ကိုကျွန်တော်ယူလိုက်တဲ့အနက်က လိုချင်တာ ဆိုတဲ့အနက်ပါ
တမ်းတခြင်း ဆိုတာကိုကျတော့ မျှော်လင့်ခြင်း၊လွမ်းဆွတ်ခြင်းကိုယူလိုက်တာပါ
အဲဒီနားလေးနဲနဲနားလည်မှုလွဲသွားတယ်ခင်ဗျ
နောက်တစ်ချက်က
တမ်းတခြင်းဆိုတာမချိုမြိန်နိုင်ဘူးဆိုတဲ့သဘောက ကျွန်တော့်အတွက်တော့မဟုတ်ဘူးခင်ဗျ
ကျွန်တော်ရည်ရွယ်တဲ့သူကို တမ်းတမိလိုက်တိုင်းအမြဲတမ်းချိုမြိန်နေပါတယ်
အမြဲတမ်းလဲလက်ဆက်နေပါတယ်
အဲဒါကြောင့် ချိုမြိန်တဲ့တမ်းတခြင်းလို့ဆိုလိုက်တာပါ
အမှန်တိုင်းဝန်ခံရရင်ဒီကဗျာကတကိုယ်ကောင်းဆန်သွားတယ်ဗျ
ကျွန်တော့်တစ်ယောက်တည်းခံစားရတာကိုရေးထားတာဆိုတော့
ဖတ်တဲ့သူနဲ့ နဲနဲနားလည်မှုလွဲသွားတာလေးဖြစ်သွားတာပါ
ဝေဖန်ပေးလို့ကျေးဇူးတင်ပါတယ်
နောက်ထပ်လဲကျွန်တော့်ရဲ့ကဗျာလေးတွေကိုဝေဖန်ပေးပါဦးနော်….
ပျော်ရွှင်ပါစေ

commentinfo By: လွမ်းနောင် at Mar 5, 2011
Comment #4

pyan ke dot,,,
min pyan ke dot,,,
really nice.

commentinfo By: ei lay at Jan 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment