Professional Authors

ငါ့လို…မဖြစ်ပါစေနဲ့ ချစ်သူ(genius)

လူတစ်ယောက်ကို
ဘာဆိုဘာမှ မသိနိုင်ဘဲ
မျက်စိမှိတ်ချစ်တဲ့ အဖြစ်က
အချစ်ရဲ့အင်အားတွေဆိုရင်
အဲဒီ..အင်အားမျိုး
မင်းမှာ…မရှိပါစေနဲ့။

မင်းနဲ့ပတ်သက်တဲ့သူတွေ
ငါ့ရင်ကိုတက်နင်း
အချစ်တွေကိုရိုက်ချိုးတဲ့အဖြစ်က
အချစ်ရဲ့စစ်ဆင်ရေးဆိုရင်
အဲဒီ..စစ်ဆင်ရေးမျိုး
မင်း…ဘ၀မှာမကြုံပါစေနဲ့။

ကိုယ်သိပ်ချစ်ရတဲ့သူ
တစ်ခြားသူနဲ့ရှိနေတာကို
ရပ်ကြည့်နေရတဲ့အဖြစ်က
အချစ်ရဲ့ဝဋ်ကြွေးတွေဆိုရင်
အဲဒီ..၀ဋ်ကြွေးမျိုး
မင်း…မခံစားရပါစေနဲ့။

မင်းကိုသိပ်ချစ်လို့
ကြေကွဲသမျှ ဟန်ဆောင်
ဝမ်းနည်းမှုတွေ မျိုသိပ်ရတဲ့အဖြစ်က
အချစ်ရဲ့တိတ်ဆိတ်မှုဆိုရင်
အဲဒီ..တိတ်ဆိတ်မှုမျိုး
မင်း…မသိမ်းထားရပါစေနဲ့။

အနာဂတ်တွေလှပ
မင်းဖြစ်ချင်တဲ့ဆန္ဒတွေ
အောင်မြင်စွာလှမ်းနိုင်ဖို့
င့ါအချစ်တွေကို
ပယ်ချ နင်းလျှောက်သွားပါတော့ ချစ်သူ။

In: ကဗျာ Posted By: Date: Aug 6, 2011
Comment #1

ကိုယ်သိပ်ချစ်ရတဲ့သူ
တစ်ခြားသူနဲ့ရှိနေတာကို
ရပ်ကြည့်နေရတဲ့အဖြစ်က
အချစ်ရဲ့ဝဋ်ကြွေးတွေဆိုရင်
အဲဒီ..၀ဋ်ကြွေးမျိုး
မင်း…မခံစားရပါစေနဲ့။
ရဲမင်းရေ…..စာသားတွေ ထိတယ်ဟာ….။ခံစားချက်တွေ မိုင်ကုန်တင်နေပီထင်တယ်….
အားပေးသွားတယ်ဟာ….အရမ်းကောင်းတယ်….။

commentinfo By: ကေသရီ at Aug 6, 2011
Comment #2

မင်းနဲ့ပတ်သက်တဲ့သူတွေ
ငါ့ရင်ကိုတက်နင်း
အချစ်တွေကိုရိုက်ချိုးတဲ့အဖြစ်က
အချစ်ရဲ့စစ်ဆင်ရေးဆိုရင်
အဲဒီ..စစ်ဆင်ရေးမျိုး
မင်း…ဘ၀မှာမကြုံပါစေနဲ့။
ခုမှဖတ်ဖြစ်တော့တယ်ဗျာ…လက်ကောင်းတယ်ဗျ….အားပေးနေလျှက်

commentinfo By: အသဲကွဲမိုး at Aug 6, 2011
Comment #3

မင်းကိုသိပ်ချစ်လို့
ကြေကွဲသမျှ ဟန်ဆောင်
ဝမ်းနည်းမှုတွေ မျိုသိပ်ရတဲ့အဖြစ်က
အချစ်ရဲ့တိတ်ဆိတ်မှုဆိုရင်
အဲဒီ..တိတ်ဆိတ်မှုမျိုး
မင်း…မသိမ်းထားရပါစေနဲ့။

အနာဂတ်တွေလှပ
မင်းဖြစ်ချင်တဲ့ဆန္ဒတွေ
အောင်မြင်စွာလှမ်းနိုင်ဖို့
င့ါအချစ်တွေကို
ပယ်ချ နင်းလျှောက်သွားပါတော့ ချစ်သူ။
အရမ်းဂွတ်တယ်ဗျာ။ကျုပ်ရဲ့ရင်ကိုဖောက်ပြီးကြည့်ထားသလိုပဲနော်။အရမ်းမြောက်တယ်။စာသားတွေက။အားပေးပါတယ်။

commentinfo By: yelaylover2010 at Aug 6, 2011
Comment #4

so much good.

commentinfo By: ei lay at Aug 6, 2011
Comment #5

မင်းနဲ့ပတ်သက်တဲ့သူတွေ
ငါ့ရင်ကိုတက်နင်း
အချစ်တွေကိုရိုက်ချိုးတဲ့အဖြစ်က
အချစ်ရဲ့စစ်ဆင်ရေးဆိုရင်
အဲ့ဒီ ..စစ်ဆင်ရေးမျိုး
မင်း…ဘဝမှာမကြုံပါစေနဲ့ ။ မှန်တယ် မှန်တယ် genius ရဲ့ shawte နောက်တန်းမှာဘဲ နေရပါစေ ရှေ့တန်းမထွက်ရပါစေနဲ့ ( just kidding ) ။ အားပေးသွားပါတယ် ကဗျာက တယ် မိုက်တယ်ဗျာ ။

commentinfo By: X - ray at Aug 6, 2011
Comment #6

မင်းနဲ့ပတ်သက်တဲ့သူတွေ
ငါ့ရင်ကိုတက်နင်း
အချစ်တွေကိုရိုက်ချိုးတဲ့အဖြစ်က
အချစ်ရဲ့စစ်ဆင်ရေးဆိုရင်
အဲဒီ..စစ်ဆင်ရေးမျိုး
မင်း…ဘ၀မှာမကြုံပါစေနဲ့။……..တစ်ပုဒ်လုံး စာသားတွေကို ကြိုက်တယ်ဗျာ

Comment #7

ဘယ်ဟာကိုရွေးပြီး…ချီးကျူးရမှန်းမသိတော့အောင်
ကောင်းတယ်…ဗျာ…………။အားပေးသွားတယ်…ဗျို့……။

commentinfo By: terry at Aug 7, 2011
Comment #8

မင်းသတင်းကို ငါကြားလိုက်တယ်ကွာ စိတ်မကောင်းပါဘူး
အရမ်းကြီးမခံစားပါနဲ့ ..
ကဗျာကအရမ်းထိတယ်ကွာ…အားပေးသွားပါတယ်…

commentinfo By: ချမ်းငြိမ်းအောင် at Aug 7, 2011
Comment #9

လူဆိုးလာအားပေးသွားတယ်အကို ..
ကဗျာကရင်ထဲကိုထိတယ်ဗျာ .. 🙁

commentinfo By: chityellusoelay at Aug 7, 2011
Comment #10

အားပေးတဲ့ကဗျာချစ်ညီအစ်ကိုမောင်နှမများအားလုံး
ကျေးဇူးတင်ပါတယ်။

commentinfo By: poem.poem28 at Aug 7, 2011
Comment #11

အသည်းကွဲနေတယ်ထင်တယ် ။

commentinfo By: သက်ထား at Aug 7, 2011
Comment #12

လူတစ်ယောက်ကို
ဘာဆိုဘာမှ မသိနိုင်ဘဲ
မျက်စိမှိတ်ချစ်တဲ့ အဖြစ်က
အချစ်ရဲ့အင်အားတွေဆိုရင်
အဲဒီ..အင်အားမျိုး
မင်းမှာ…မရှိပါစေနဲ့။

အဲလို အင်အားမျိုးကို ကိုယ်ပဲ ပိုင်ဆိုင်ချင်တာ အမှန်ပေါ့..သူငယ်ချင်း.. သူ့ကို ချစ်နေရရင် ကျေနပ်နေမယ်.. သူ ဘာဖြစ်ဖြစ်ဆိုတဲ့ စိတ်တစ်ခုနဲ့ကိုက်ညီတဲ့ ဒီ အစ လေးကို အရမ်းကြိုက်မိတယ်.. အားပေးပါတယ်..

commentinfo By: ကေပိုး at Sep 3, 2011
Comment #13

kyane sar tike nay ta lo pe..
he,,he,,
kyauk lar p naw.

commentinfo By: ei lay at Sep 3, 2011
Comment #14

အ၇မ်းကောင်းတဲ့ကဗျာတွေပါပဲ

commentinfo By: ရီရီခင် at Feb 18, 2012
Comment #15

ကဗျာလေးကကောင်းပါတယ်။……….

မိုးကြိုးပြန်လာပြီ……………………..

commentinfo By: chitthuriffle at May 2, 2012
Comment #16

ကဗျာလေး တော်တော်ကောင်းပါတယ်..
အားပေးသွားပါတယ်…

commentinfo By: မြတ်နိုးမွန် at May 19, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment