Professional Authors

ထားရစ်ခဲတော့ ခင်

နစ်နာခြင်းတွေ ကာရံဖွဲ့လို့
နှလုံးသားတေးတစ်ပုဒ် သီဆိုနေပါရဲ့
နောက်မကျခင် နေဝင်ဆည်းဆာချိန်မှာ
တပ်ခေါက်ကာ ပြန်လာလှည့်ပါ…ခင်…။

ညိုပြာပြာ တိမ်လွာရိပ်မှာ
ချစ်တေးတွေ ဆိုနေမိပါရဲ့
နေစောင်းတာ အခါများရင်ဖြင့်
လွမ်းနယ်ကို တစ်ခါလှမ်းလိုနဲ့
ဆွေးခဲ့ပေါ့ ကြင်ချစ်သူ…. ခင်…။

မနုဿ ဒီလူ့ဘုံတခွင်မှာ
တွေ့ဆုံကာ ကြင်နာဖွဲ့ပါလို့
ချစ်မိုးတွေစွေ အလွမ်းဝေပြီမို့
မနေသာ ခွဲခဲ့ရပြီ… ခင်…။

လမ်းခွဲတာ ဝမ်းနည်းစရာလားလို့
မခွဲခင် ပြောခဲ့တဲ့… သူ့စကား
ယခုမှာတော့ ပြန်ကြားမိပေါ့
တွေးလေလေ ဆွေးမပြေ
လွမ်းရက်တွေရှည် ချစ်သက်ခြွေ
ရင်မှာ လောင်းတော့ ထားခဲ့ပေါ့… ခင်…။

 

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Nov 27, 2011
Comment #1

စာသားလေးတွေက ကြွကြွရွရွ နဲ့ လှလှပပ ရှိလိုက်တာလို့ ခံစားမိပါသည်…..

commentinfo By: nate thit(နေ့သစ်) at Nov 28, 2011
Comment #2

အခုလို အားပေးမှုကို ကျေးဇူးတင်ပါတယ် ခင်ဗျာ………..

Leave Comments

Name*

Email*
Website
Email me whenever there is new comment