Professional Authors

သေပျော်ပါပြီ .. ချစ်သူရယ် ( လူဆိုး )

ချစ်သူ …

ချစ်က ကို့အတွက် နန်းထိုက်တဲ့တော်ဝင်သဇင် မဖြစ်ရင်နေပါစေ

စပယ်ပန်းလေးလို အရမ်းဖြူစင်တဲ့ အချစ်တွေပေးရင်

ကိုကျေနပ်ပါတယ်  …. ချစ်သူရယ်

ချစ်သူ …

အရမ်းကောင်းတဲ့ ဘရာဇီးကော်ဖီ တို့

ပီကင်းဘဲကင်တို့ မလိုပါဘူး  … ချစ်သူ

ချစ် ..ချက်ကျွေးတဲ့ ပဲဟင်းပူပူလေးနဲ့

ရေနွေးကြမ်း ပူပူလေးဆိုရင်

ကိုကျေနပ်ပါတယ် ….. ချစ်သူရယ်

ချစ်သူ ….

စားကောင်းသောက်ဖွယ်တွေ မလိုအပ်ပါဘူး .. ချစ်သူ

လသာတဲ့ညတွေမှာဆိုရင်

အိမ်ရှေ့က ခုံတန်းလေးမှာထိုင်

ချစ်လက်ကလေးကိုကိုင်ပြီး ကောင်းကင်ကလမင်းကြီးကိုထိုင်ကြည့်

ကြယ်လေးတွေရေတွက်လို့ ချစ်သူရဲ့အနားနားနေရရင်

ကိုကျေနပ်ပါတယ် … ချစ်သူ

ကိုနေမကောင်းဖြစ်တဲ့အခါ

အရမ်းကောင်းတဲ့ ဆေးရုံတို့ ဆေးခန်းတို့ မလိုပါဘူး ..ချစ်သူ

ချစ်ရဲ့ နွေးထွေးတဲ့ လက်ကလေးနဲ့ ကို့နဖူးလေးကိုစမ်း

ချစ်တိုက်မဲ့ ငန်းနီကျော် နဲ့ အခိုးပွင့်ဆေးလေးသောက်ရရင်

ကို့ဘဝ ….

သေဆိုရင်လဲ သေပျော်ပါပြီ … ချစ်သူရယ်

In: ကဗျာ Posted By: Date: Jul 5, 2011
Comment #1

လသာတဲ့ညတွေမှာဆိုရင်
အိမ်ရှေ့က ခုံတန်းလေးမှာထိုင်
ချစ်လက်ကလေးကိုကိုင်ပြီး
ကောင်းကင်ကလမင်းကြီးကိုထိုင်ကြည့်
ကြယ်လေးတွေရေတွက်လို့
ချစ်သူရဲ့အနားနားနေရရင်
ကိုကျေနပ်ပါတယ် … ချစ်သူ…
အားပေးသွားပါတယ်…

commentinfo By: ချမ်ငြိမ်းအောင် at Jul 5, 2011
Comment #2

ဟုတ်ကဲ့ပါခင်ဗျာ… 🙂

commentinfo By: chityellusoelay at Jul 6, 2011
Comment #3

shin taw taw lay ko sa kar pyaw tat de naw.
huh….
i lose u,.

commentinfo By: ei lay at Jul 27, 2011
Comment #4

ဟိဟိ …စကားမတက်ပါဘူးဗျာ .. 🙂

commentinfo By: chityellusoelay at Jul 27, 2011
Comment #5

really really niceeeeeeeeeee,
super likeeeeeeeeeeeeeeeeeee

commentinfo By: ei lay at Jan 4, 2012
Comment #6

tay pyaw par p,,,he,,hem,

commentinfo By: ei lay at Feb 28, 2012
Comment #7

😛

commentinfo By: ei lay at Jul 3, 2012
Comment #8

Whenever I read,I have a huge smile.
🙂
😉

commentinfo By: ei lay at Nov 18, 2012
Comment #9

yuu war tal byoooo…:D

commentinfo By: slim at Mar 29, 2013
Comment #10

ကဗျာထဲမို့ပါ ဒါမျိုးတွေတွေ့ရနိုင်ပါတော့မလား

commentinfo By: လေပြေ at Mar 29, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment