Professional Authors

မင်းသိသင့်ပြီ

တမြေစီခြား အနေဝေးပါညားလဲ

တိမ်းမူးစရာညွှတ်မသွား

မဖောက်ပြားတဲ့သစ္စာ

မလျော့ပါးတဲ့မေတ္တာတွေနဲ့

တနေ့တရက်မျှသတိရမပျက်ခဲ့ပါ……..

ကွယ်ရာမှာနေ နင်မမြင်နိုင်ပေမယ့်

မုသားတွေရောမထား

နင့်တစ်ယောက်သာရင်မှာထားလို့

ဖြူစင်ခြင်းအရင်းခံ မယွင်းမှန်စွာနဲ့

ရိုးသားစွာချစ်နေဆဲပါ…..

နင်မေ့နေပေမယ့် ငါလွမ်းနေဆဲ……..

နင်မသိပေမယ့် ငါချစ်နေဆဲ……….

နင်မရှိပေမယ့် ငါစောင့်နေဆဲပါ….

နင့်အပေါ်ထားတဲ့ ငါ့ရဲ့မေတ္တာ

အရောင်တွေမပါခဲ့ပါဘူး…….

နင့်အတွက်ထားတဲ့ငါ့ရဲ့သစ္စာ

မဖောက်ပြားခဲ့ပါဘူး……

နေနိုင်တဲ့နင့်အတွက်စကားတွေဆွံ့အခဲ့ပြီ

ရက်စက်တဲ့နင့်အတွက်ခံစားချက်တွေထုံကြင်ခဲ့ပြီ

မှန်ကန်တဲ့သစ္စာ ဖြူစင်တဲ့မေတ္တာတွေအတွက်

သစ္စာတရားကစောင့်ရှောက်မှာပါစေလို့ဆုတောင်းရင်း…………

အဆုံးသတ်တနေ့အတွက်

ရင်တွေနာရင်းစောင့်မယ်………….

နင်ယုံကြည်ဖို့သင့်ပါပြီ……….

In: ကဗျာ Posted By: Date: Feb 26, 2011
Comment #1

စကားလုံးတွေ ထပ်နေသလားလို့  ကောင်းပါတယ် အားပေးနေပါတယ်…. 🙂

commentinfo By: နှောင်းလူ at Feb 27, 2011
Comment #2

နင်မေ့နေပေမယ့် ငါလွမ်းနေဆဲ……..

နင်မသိပေမယ့် ငါချစ်နေဆဲ……….

နင်မရှိပေမယ့် ငါစောင့်နေဆဲပါ….
………………….
ခံစားသွားတယ်….လွမ်းနောင်…
ဒီလောကထဲ…တကယ်ချစ်တတ်..ချစ်မိသူတို့..အသည်း…ဘယ်နှစ်ကြိမ် ဘယ်နှစ်ယောက်တောင်
ကွဲကြ..လွဲကြခဲ့လည်း……မသိတော့ဘူး…..

commentinfo By: အသဲကွဲမိုး at Feb 28, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment