Professional Authors

မျှော်လင့်နေသူ…

ထားခဲ့တဲ့နေရာမှာ
ခြေစုံရပ်စောင့်ရင်း
အတိတ်တွေထဲနစ်မြောနေတဲ့ငါ..
နေ့ရက်တွေအလီလီပြောင်းလဲလည်း
မဟောင်းနွမ်းတဲ့ရင်ခုန်သံနဲ့
နင့်အပြန်ကိုမျှော်နေမိတယ်..
ဒဏ်ရာတွေကိုဖက်တွယ်ရင်း
ဝေဒနာပေးခဲ့သူမင်းကိုမှ
အသည်းပေါက်မတတ်ချစ်ခဲ့မိတဲ့..ငါ့ကို
သူငယ်ချင်းတွေက..နာမည်ပေးလိုက်တယ်
“အရူး”……တဲ့..
ဘယ်သူတွေဘယ်လိုပဲပြောပါစေ..
နင့်အပေါ်မှာ
သစ္စာတည်တဲ့နှလုံးသားနဲ့
ပစ်ခွာမပြေးဘဲ..စောင့်နေဆဲပါ..
နင်မေတ္တာမရှိတော့ပေမယ့်လဲပေါ့….

In: ကဗျာ Posted By: Date: Jan 31, 2012
Comment #1

ဝေဒနာပေးခဲ့သူမင်းကိုမှ
အသည်းပေါက်မတတ်ချစ်ခဲ့မိတဲ့..ငါ့ကို
သူငယ်ချင်းတွေက..နာမည်ပေးလိုက်တယ်
“အရူး”……တဲ့..

commentinfo By: kantkawmg at Jan 31, 2012
Comment #2

hint….
thu doe taung e lo u chin tine u loh ya loh lar loh?
bar phyit tone?
koh feel ne kou pe…
lone wa yin ma tone bu,,
i agree with u,heartless girl.

commentinfo By: ei lay at Jan 31, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment