Professional Authors

ရွက်ဟောင်းခြွေတဲ့ နွေ

           ရွက်ဟောင်းခြွေတဲ့ နွေ

 

ငါ နင့်ကို ချစ်ခဲ့တာဟာ ဟိုးအတိတ်ကတည်းကပါလို့

ဘာကြောင့်မို့ အခုမှ ပြောရတယ်ဆိုတာကိုလည်း

နင် မယုံရင် စဉ်းစားပါ . . . ။

 

အချိန်ကာလက ငါတို့ကို ဝေးကွာစေတာနဲ့အမျှ

ငါ့ဘ၀ထဲက ပြဿဒါးတွေဟာလည်း

ဝါဆိုမိုးစက်တွေမက အမှန်တကယ် များပြားခဲ့ပါတယ် . . . ။

 

တွေ့ဆုံချိန်တိုင်းရဲ့ အဆုံးသတ်က

ဝေးကွာခဲ့ရတဲ့ နာရီတွေကိုလည်း

ငါ တစ်နေကုန်ထိုင်ပြီး ပေါင်းကြည့်ဖူးခဲ့ပါတယ် . . . ။

 

မတွေ့သမျှ ကြားကာလတွေရဲ့

အကျည်းတန်လှတဲ့ အဆုံးမဲ့နိဂုံးကိုလည်း

ငါ မရမက ရှာဖွေခဲ့ပါတယ် . . . ။

 

အနားသုံးနားပဲ အမှန်တကယ်ပြီးဆုံးထားတဲ့

စတုဂံတစ်ခုလုံးကို မလိုချင်ခဲ့လို့သာလျှင်

ငါ အနားသတ်မျဉ်း မဆွဲဖြစ်ခဲ့တာ မဟုတ်ပါဘူး . . . ။

 

ရေလောင်းပေးခဲ့ရတိုင်းသာ

ပန်းတွေ တစ်ကြိမ်စီပွင့်ကြမယ်ဆိုရင်

နင် ငါ့ကို ပထမဆုံး ခွင့်ပေးပါ . . . ။

 

ငါ နင့်ကို ချစ်နေတာဟာ အခုအချိန်ထိပါလို့

ဘာကြောင့်မို့ အခုမှ ပြောရတယ်ဆိုတာကိုလည်း

နင် ယုံရင် အကြောင်းပြန်ပါ . . . ။  ။

 

 

In: ကဗျာ Posted By: Date: Jun 16, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment