Professional Authors

တခမ်းတနား – နရီထက်

အချစ်တစ်ခုမှာ
တစ်ဦးသောသူက မပြသခဲ့ဘူး
အချစ်ဆုံးဆိုတာ ဖြစ်စေခဲ့ချင်လို့

အစွန်းရောက်စိတ်တွေနှင့်
အမှောင်တွေကြားမှာ
မောဟစိတ်တွေ နိုးကြားပြန်တော့
လင်းအာရုဏ်ဦးတွေက
နောက်ကျခဲ့ပြန်တယ်လေး

ရိုးသားမှုမှာ စွံ့အနေတော့
အရောင်ပေကျံကုန်တယ်
မြတ်နိုးမှုတွေက ငိုဖို့
အကြောင်းတရားဖြစ်လာတယ်

အမှန်တစ်ဝက်က
ထာဝရပိုင်ဆိုင်ခွင့်မရှိတော့
တစ်ဘ၀လုံးကို လိမ်နေသလို့ဖြစ်စေခဲ့တယ်

ပျော်စရာတွေအတွက်
အရာအားလုံးကို ပေးဆပ်ခဲ့တယ်
ဒေါသမီးထွက်တဲ့အခါမှ
အကြင်နာတွေ . . .
ပြန်သိမ်းသွားကြတယ်

တစ်ခါရူးသွပ်အလိမ်ခံဖူးတဲ့အခါ
မင်းကို မိုက်မဲစေတယ်
နှစ်ခါရူးသွပ်အလိမ်ခံရဖူးတဲ့အခါ
ငါကို မိုက်မဲစေတယ်

နှင်းဆီတိုင်း ဆူးရှိကြတယ်
မာနတရားကြောင့်လည်း
အမှန်တရားတွေ မှေးမှိန်ကြတယ်

မပြောင်းလဲတဲ့ မိုးကောင်းကင်အောက်မှာ
ပြောင်းလဲခြင်း အသေအင်္ချ
တိမ်လွှာတွေရွှေ့လျားစီးဆင်း
မကြာခဏဆိုသလိုပဲ…
တခမ်းတနားလို့
ငါတို့က အသိအမှတ်ပြုခဲ့ကြတယ်လေး…။      ။

နရီထက်
( ၁၅ ၊ ဖေဖေါ်ဝါရီလ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Feb 15, 2011
Comment #1

အမှန်တစ်ဝက်က
ထာဝရပိုင်ဆိုင်ခွင့်မရှိတော့
တစ်ဘ၀လုံးကို လိမ်နေသလို့ဖြစ်စေခဲ့တယ်
တစ်ခါရူးသွပ်အလိမ်ခံဖူးတဲ့အခါ
မင်းကို မိုက်မဲစေတယ်
နှစ်ခါရူးသွပ်အလိမ်ခံရဖူးတဲ့အခါ
ငါကို မိုက်မဲစေတယ်

နှင်းဆီတိုင်း ဆူးရှိကြတယ်
မာနတရားကြောင့်လည်း
အမှန်တရားတွေ မှေးမှိန်ကြတယ်

မပြောင်းလဲတဲ့ မိုးကောင်းကင်အောက်မှာ
ပြောင်းလဲခြင်း အသေအင်္ချ
တိမ်လွှာတွေရွှေ့လျားစီးဆင်း
မကြာခဏဆိုသလိုပဲ…
တခမ်းတနားလို့
ငါတို့က အသိအမှတ်ပြုခဲ့ကြတယ်လေး…။ ။
နရီထက်…ကောင်းလို့အားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Feb 15, 2011
Comment #2

တစ်ခါရူးသွပ်အလိမ်ခံဖူးတဲ့အခါ
မင်းကို မိုက်မဲစေတယ်
နှစ်ခါရူးသွပ်အလိမ်ခံရဖူးတဲ့အခါ
ငါကို မိုက်မဲစေတယ် အားပေးသွားပါတယ်…..မအသဲကွဲမိုးရေ…..ခံစားချက်တွေပြည့်နေပြီနဲ့တူတယ်…
အရမ်းမိုက်လာတယ်………

commentinfo By: terry at Feb 15, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment