Professional Authors

ဆုတောင်းမလှသူများ – နရီထက်

သံသရာကိုရည် အရှည်ကိုတည်
လောကီကို ရစ်မူးမိသည်
ငါ့ ငါ့အဖို့ ငါသည်သာ
ပဓာန တောင်းခဲ့မိသည်
ဘုရားစူး ဆူးမိပါစေရဲ့
ဆုကြီးကြီး မျှော်ကိုးခဲ့သည်

ကျန်းမာစေကြောင်း လောကံကို
မေ့ကာ ထားလို့
ချမ်းသာစေကြောင်း ဘေးအပေါင်းကို
နောက်ပစ်ထားလို့
အသက်ရှည်ကြောင်း အိုဇတာကို
မေ့ချင်ဆောင်လို့
ကောင်းစေကောင်းရာ
အညွန့်စားတွေကို တစ်လီလီ
တောင်းယူနေပြန်သေးသည်

နောင်ဘ၀ကိုတည်
ကောင်းပြုမှုတွေလည်း
လုပ်ခဲ့ဖို့လည်း နည်းနည်းလေးတော့
လိုခဲ့ကြသည်
စံမမှီ သည်ဆုတောင်းမှုတွေကြား
ရစ်မူးကာ တ၀ဲဝဲလည်ကြသည်
တစ်ချို့ဆုတွေ တောင်းနေရင်
ငါကိုယ်တိုင် ငါကိုယ်တိုင်
အမိန့်ပေးနေသလို့ဖြစ်ခဲ့ကြတယ်
တစ်ချို့ဆုတွေ တောင်းနေရင်
ငါကိုယ်တိုင် ငါကိုယ်တိုင်
သာယာနှစ်မွန်းမှု ဖြစ်ခဲ့ကြတယ်
တစ်ချို့ဆုတွေ တောင်းနေရင်
ငါကိုယ်တိုင် ငါကိုယ်တိုင်
အချိန်တွေရဲ့ ပိုင်ရှင် ဖြစ်ဖူးကြတယ်
တစ်ချို့ဆုတွေက တောင်းနေရင်
အနိုင်ရမည်လိုသလိုနှင့် ရှုံးခဲ့ဖူးတယ်

ဆုတောင်းမလှလို့
ဆုတောင်းမကောင်းခဲ့ကြတာလား
ဆုတွေ မသန့်လို့
ရည်ရွယ်ချက်တွေ ပျောက်ကုန်တာလား
အေးချမ်းမှုကိုတည်
မျှဝေခြင်း ကောင်းကျိုးစေရာ
ဆုထူးထူးတော့ ပိုင်ချင်ကြသည်။    ။

နရီထက်
( ၁၉ ၊ သြဂုတ်လ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Aug 19, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment