Professional Authors

မင်း (စကားပြေ) – နရီထက်

သက်တံတစ်ခုက တံတားတစ်စင်းဆို. .  .
ကိုယ်တို့နှစ်ဦး ပျော်ရွှင်ခြင်းအရောင်တွေနှင့် ခရီးဆက်ကြမယ်
အပျော်ဆုံးခရီးတွေကိုပေါ့. . .

စင်ဒရဲလားဖိနပ်တစ်ဖက် ကျကျန်ရစ်ခဲ့သလို့ . . .
မင်းရဲနှလုံးသားတစ်စုံ ငါ့ရင်ဘတ်ထဲမှာ ကျကျန်ရစ်ခဲ့တယ်
မင်းမိဘတွေ ထားမြစ်ထားလည်း စင်ဒရဲလားရဲဖိနပ်တစ်ဖက်နှင့် တူတဲ့ နှလုံးသား
မင်းကို ပြန်လာပေးမယ်နော်. . . စောင့်နေပေးပါ. . .

ပန်းကလေးတွေက ပြုံးတတ်ကြတယ်. . .
နွမ်းလျတဲ့အခါလည်း လွမ်းတတ်ကြတယ် ငိုတတ်ကြတယ်
မင်းရဲ့ အပြုံးလေးတွေက သာယာမိတဲ့ ပန်းခင်းလို့ပဲ. . .
ငိုနေတဲ့အခါ မင်းမျက်ရည်လေးတွေ ကိုယ်သုတ်ပေးပါရစေ. . . မင်းလေးရယ်

ဌက်ကလေးတွေက တေးဆိုတတ်ကြတယ်. . .
ဖော်ကွဲတဲ့အခါလည်း လွမ်းတေးလေးတွေ ဆိုတတ်ကြတယ်
မင်းနှင့်ဝေးတဲ့အခါလည်း ငါလည်း ဆွေးတတ်လာပြီး. . . ကလေးရယ်

မင်း. . . အချစ်တွေကို ဖော်ဆောင်ပေးနေသလား. . . မင်း

နရီထက်
( ၂၇ ၊ ဂျူလိုင်လ ၊ ၂၀၁၀ )

In: စကားပြေ Posted By: Date: Jul 27, 2010
Comment #1

hote,,,
myan myanlar khaw par naw.
he,,he,,

commentinfo By: ei lay at Sep 2, 2011
Comment #2

really really nice.
with lots of hope

commentinfo By: ei lay at Oct 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment