Professional Authors

သေခြင်းတရားကို မေ့နေကြသူများ

ကျွန်တော် ဒီဆောင်းပါးလေးကို ရေးတာက ကျွန်တော့်အလုပ်ထဲက လူတော်တော်များအကြောင်းကို ပေါ်တင်ရေးခြင်း ဖြစ်ပါတယ် ခင်ဗျာ။
ကျွန်တော့် အလုပ်ထဲက လူတော်တော်များများက သေခြင်းတရားကို မေ့နေကြတယ်။ လောဘတွေ ဒေါသတွေ မောဟတွေ စွတ်ရမ်းကြီးနေကြတယ်။

မနက်မိုးလင်းလို့ မျက်နှာမြင်လိုက်ရင် ကျက်သရေ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတယ်ဆိုတာ မရှိဘူး။ ကိစ္စတစ်ခု ပေါ်လာတိုင်းမှာလည်း အေးအေးချမ်းချမ်း ဖြေရှင်းမယ်လို့ မရှိဘူး။ ဇွတ်အတင်းကာရောကို အမောတကြီး အပန်းတကြီး ဖြေရှင်းကြတော့တာပဲ။
တော်တော် သနားစရာကောင်းတဲ့ လူတွေ။ အမှောင်တွေ ဖုံးလွှမ်းနေကြတယ်။ လုပ်ပိုင်ခွင့်တွေ ရှိတယ်ဆိုပြီး အတင်းကို အာဏာတွေ လုပ်ပြခွင့်တွေကို ပြနေကြတယ်။ ဒါတွေက ခဏတာပဲဆိုတာကို မသိကြဘူး။ သူတို့ လုပ်ပိုင်ခွင့်တွေ ဘယ်လောက်ပဲ ပြပြ ကျွန်တော် လိပ်ပြာကတော့ လုံးဝကို ဂရုမစိုက်ဘူးဗျ။ သူတို့ကိုယ် သူတို့ အဟုတ်ကြီး ထင်နေကြတယ်။ ငါ့ကို အာခံတဲ့ သူတွေ အလုပ်မလုပ်ချင်မလုပ်နဲ့ တစ်ခုခုဖြစ်လာရင် ငါက ဘာမှ မဖြစ်ဘူး မင်းအလုပ်ထွက်ရမှာဆိုပြီး အခွင့်ထူးတွေ ယူနေကြတယ်။ ငါ့ လုပ်ပိုင်ခွင့်ကြောင့် ငါလုပ်တာဆိုပြီးတော့ မတရားတာတွေ တရားတာတွေ မရှိတော့ဘူး ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီ ထင်နေကြတယ်။
အမှန်တော့ သူတို့ သေခြင်းတရားကို မေ့နေကြတာ။ တကယ့် အမှန်တရားကို မျက်ကွယ်ပြုနေကြတယ်။ သူတို့ရဲ့ အတ္တနဲ့ သူတို့ မှားတာကို မသိချင်ယောင်ဆောင်နိုင်ချင် ဆောင်နိုင်ကြလိမ့်မယ်။ ဒါပေမယ့် သူတို့ရင်ထဲမှာ ရှိတဲ့ အမှန်တရားနဲ့ ဘယ်တော့မှ မပျောက်ပျက်နိုင်တဲ့ လောကကြီးရဲ့ အမှန်တရားက သူတို့နောက်ကို လိုက်နေတယ်ဆိုတာကို သတိမပြုမိကြဘူး။

ကျွန်တော်တို့ အလုပ်ထဲမှာ ကျွန်တော် အသက်အငယ်ဆုံးပဲ ခင်ဗျ။ ကျွန်တော် လိပ်ပြာ အသက် 26နှစ် ခင်ဗျ။ ကျွန်တော့်ကို လာပြီး အာဏာပြရင်တော့ ဒေါသမထွက် အေးတိအေးစက် တုံ့ပြန်တယ် ခင်ဗျ။ အဲလို ဆက်ဆံလေ သူတို့မှာ ထွက်ပေါက်ပိတ်လေဗျ။ ပြသနာကို မီးထွန်းလိုက်ရှာနေရတာ။ တော်တော်သနားစရာကောင်းတဲ့ ငတိကြီးတွေဗျ။ ကျွန်တော်ကတော့ အေးတိအေးစက်ပဲ လုပ်ပေးစရာရှိတာ လုပ်ပေးတယ်။ ဘာလို့လဲ?
အဲလို ဖြစ်လာတိုင်းမှာ ကျွန်တော့်မှာ ဖြေဆေးရှိတယ်။ မင်းတို့ ငါ့ကို ဆော်ထားဦးပေါ့ မင်းတို့ ငါ့ထက် အသက်ကြီးတယ် မင်းတို့သေလို့ ငရဲပြည်မှာ ဒုက္ခခံနေရရင် ငါကတော့ လူပြည်မှာ ကောင်းကောင်းမွန်မွန်ကြီးကို စံစားနေတဲ့အချိန်ပေါ့။ ပြီးတော့ မင်း ငါ့ကို စိတ်ဆိုးရတဲ့အတွက် အကုသိုလ်ရနေပြီ အဲဒါ မင်းတို့အတွက်ပဲ ငါ့အတွက် မဟုတ်ဘူးဆိုပြီး စဉ်းစားပစ်လိုက်တယ်။ မကောင်းဘူးလား ကျွန်တော့် စဉ်းစားနည်းက။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ အဲလို စဉ်းစားလိုက်ရင် စိတ်ဆိုးဖို့ နေနေသာသာ သူတို့ကိုတောင် ပိုသနားသွားတယ်။
အသက်ကြီးပြီး အသိဥာဏ်မရှိလိုက်လေခြင်း ဆိုပြီးလည်း သနားတယ်။ ငါလည်း လုပ်ပိုင်ခွင့်တွေ အာဏာတွေ ရလာရင် သူတို့လို့ မဖြစ်ရအောင် ပညာယူရမယ်ဆိုပြီး သေသေချာချာ လေ့လာတယ်။ လူဆိုတာ ကိုယ်လုပ်လိုက်တဲ့ အပြုအမူက ဘာမှမဟုတ်ပင်မယ့် တစ်ခါတစ်လေမှာ တစ်ဖက်လူ နစ်နာသွားတာတွေရှိတယ်။ ဒါတွေက ကိုယ်ကိုယ်တိုင် မသိလိုက်ရပဲ ကိုယ်ကိုတိုင် ကျူးလွန်သွားတာတွေ ရှိမယ်။ ဒါကြောင့် ကိုယ့်ရှေ့မှာ ရှိတဲ့ လူမိုက်ကြီးတွေကို သတိမူ အတုယူသင့်တယ်။

ဒါကြောင့် ကျွန်တော်ပြောခြင်းတာက လူဆိုတာ ဘ၀အမျိုးမျိုးမို့ ကျွန်တော့်လို ဖြစ်နေတဲ့ သူတွေလည်း ဒီလောကကြီးမှာ ရှိနေမှာပါ။ အဲလို လူတွေအတွက် ကျွန်တော်ရဲ့ သဘောထားလေးကို ဖလှယ်ပေးတာပါဗျာ။ ကျွန်တော်နဲ့ တိုက်ဆိုင်သူများရှိရင်လည်း ဖြေရှင်းနည်းလေးတွေကို ဖလှယ်ပေးကြပါလို့။

(4-12-2010)
လိပ်ပြာ

Comment #1

ကျွန်တော့် အလုပ်ထဲက လူတော်တော်များများက သေခြင်းတရားကို မေ့နေကြတယ်။ လောဘတွေ ဒေါသတွေ မောဟတွေ စွတ်ရမ်းကြီးနေကြတယ်။

အမှန်တော့………
သူတို့ သေခြင်းတရားကို မေ့နေကြတာ။
တကယ့် အမှန်တရားက
ို မျက်ကွယ်ပြုနေကြတယ်။

ဟုတ်တယ်ဗျာ။ ဟုတ်တယ်…….

commentinfo By: moezat at Dec 4, 2010
Comment #2

အဲလို ထောက်ခံပေးလို့ ကျေးဇူးပါ မိုးဇက်ရာ .. .
မဲတစ်မဲ ရပါပီ ခင်ဗျာ . . .ကျွန်တော် မဲမစွယ်ဘူးနော် 🙂

Comment #3

ဟုတ်ပါတယ်…။
သေးခြင်းတရားဆိုတာ မြတ်သောအရှင်ပင်လျှင် ကြုံတွေ့ရသော အခြင်းအရာပင်….။
သူအို သူနာ သူသေ သူရဟန်း ဆိုသော နိမိတ်ကြီးလေးပါတည်းးးး………….။
ထောက်ခံပါသည်.ယ….။

commentinfo By: အောင်ရဲသူ at Jul 5, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment