Professional Authors

ချစ်သူ ကောင်မလေး သို့ မိုးကြီး(လေကြီး) မှ

ကောင်းကင်ကြီး ရဲ့ အောက်
ဘုရားသခင် ရဲ့ကျေးဇူးတော်ကြောင့်
အလှဆုံး ပန်း တစ်ပွင့် ကို
ငါ မြင်ခွင့် ရခဲ့တယ်…။
ထို ကျေး ဇူးတော် ကြောင့် ပဲ
သူမအနားမှာ
ငါ   အချိန်အတော် ကြာ
နေခွင့် ရခဲ့တယ်…..။
ဒါပေမယ့်ဗျာ
သူမ က ကျွန်တော် ကို
နားမလည် နိုင်ခဲ့ဘူးပေါ့
ကြယ်စင်တွေ အကြောင်း
ငြင်းခုန်ကြတယ်
လေပြေတွေ အကြောင်း
တီးတိုးကြတယ်
အဲ့ဒီ အချိန်တိုင်း
သူမက ဆန့်ကျင်ဘက်ကပဲ
ရပ်တည်နေခဲ့တယ်လေ….။
အချစ်ဆိုတာဟာ
နားလည်ခြင်းဆိုတဲ့
အုတ်ဖိနပ်ပေါ်မှာ
တည်ဆောက်ထားမှန်း
ကျွန်တော် သိပါတယ်
ကျွန်တော် သူမကို
အရမ်းချစ်တယ်လေ…..
အယူအဆက တစ်ဖက်
အချစ်က တစ်ဖက်
လွန်ဆွဲကြတဲ့ အခါ
ဘာမှန်း မသိပေမဲ့လည်း
ကျွန်တော် အယူအဆကိုပဲ
အ နိုင်ပေးခဲ့မိတယ်….။
သေချာတာကတော့ဗျာ
သူမ ကို ကျွန်တော်
ချစ်နေသေးတယ်ဆိုတာပါပဲ…
နားလည်မှုတွေ ကို
အွန်လိုင်းက တစ်ဆင့်ပို့နိုင်တဲ့ အချိန်ရောက်ရင်တော့
ရေမြေခြားရောက်နေတဲ့
သူမ အတွက်
နောက်ဆုံးပေါ်
ကျွန်တော့်နားလည်မှုတွေကို
အလှပဆုံးဖြစ်အောင်
ပါကင်ထုတ်ပြီးး
ပို့ဖြစ်အောင်ပို့ရမယ်…….။

In: ကဗျာ Posted By: Date: Feb 5, 2011
Comment #1

wow,,,
best idea.

commentinfo By: ei lay at Aug 9, 2011
Comment #2

ko chin sar pay pop.

commentinfo By: ei lay at Nov 14, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment