Professional Authors
အလိုလိုက်မိကြသူများ
အရင်က ရာဇ၀င်ထဲမှာ  ရှိခဲ့ ဖူးပါတယ်.
ညာလက်ရုံးကိုမှ ခေါင်းအုံးအိပ်ခွင့် မပေးရင် အချစ်မစစ်လို့ ပါ ဘာညာနဲ့ 
နောက်ဆုံးတော့ လဲ  ဘာမဟုတ်တဲ့ အဲဒီစကားတစ်ခွန်းကြောင့်ပဲ နှစ်ယောက်သား သေပွဲ ၀င်ကြရတာပါပဲ….။
မယ်သီတာလဲ ဒီလိုပါပဲ
တကယ်ချစ်ရင် ရွှေသမင်ကို ဖမ်းပေးပါပူဆာကောင်းလို့ 
ဒဿနောက်ပါသွားတာ
တော်သေးတာပေါ့
ဒဿက စောင့်ထိန်းပြီးအချစ်ကိုပဲတောင်းတာမို့ ပေါ့
နို့ မို့ ရင် သေရဦးမှာ  မီးပုံထဲခုန်ချရင်းနဲ့ လေ
အဲဒီခေတ်တုန်းကတော့ ချစ်သူ မိန်းကလေးရဲ့ အလိုကိုလိုက်မိလို့ ဒုက္ခရောက်ခဲ့  ကြတာ
ဒီဘက်ခေတ်ကျတော့  ပြောင်းပြန်ဖြစ်သွားတယ်
ချစ်သူကောင်လေးရဲ့ အလိုကို လိုက်မိလို့ ဒုက္ခရောက်ရတဲ့ မိန်းကလေးတွေဒုနဲ့ ဒေးပါပဲ…။
တကယ်ချစ်တဲ့ သူဆို တာက
ကိုယ်ချစ်တဲ့ သူကို မြတ်နိုးတန်ဖိုးထားတတ်ကြပါတယ်…
 နေရာတိုင်းမှာစောင့်ထိန်းမှုတွေနဲ့  အတူ တရားဝင်လက်မထပ်ရခင်မှာ  စည်းကမ်းနဲ့  နေရမှာပါ
ဒါပေမဲ့ လဲတကယ်ချစ်ရင်ခွင့်ပြုပါဆိုပြီး အခွင့်အရေးတောင်းတတ်ကြတဲ့ သူ တွေလဲရှိစမြဲပါပဲ
မိန်းကလေးတွေကို ကြွေလောက်အောင်ပြောကြပါလိမ့်မယ်…
စဉ်းစားကြည့်နော်
တကယ်လို့ ဒုက္ခရောက်ရင် ကိုယ်ဆီမှာပဲ ဖြစ်မှာ
သူတို့ ဆီမှာဖြစ်မှာ မဟုတ်ပါဘူး..။
အခုချိန်မှာ ဘယ်လိုပဲဆေးဝါးတွေပေါ်နေပါစေ 72Pills လိုမျိုးတွေပေါ့
ရောဂါပျောက်ပါတယ်ဆိုတဲ့ ဆေးတွေတောင်မှ ဘေးထွက်ဆိုးကျိုးတွေရှိပါတယ်…
နောက်မှရမဲ့ ဆိုးကျိုးကို မကြည့်နဲ့ ဦး
လတ်တလောရမှာကတောင် ပျို့ အန်တာ..ခေါင်းကိုက်တာတွေ ရှိနေပါတယ်…
အဲသောက်ရင်းနဲ့ မှ ကိုယ်ဝန်ဆိုတာမျိုးဖြစ်လာရင်
တာဝန်ယူပါတယ်ဆိုရင်တောင် အသက်ငယ်ငယ် ဆို ရင် မိဘအိမ်ကပ်နေပြီး ဒုက္ခရောက်ဦးမှာ
မိဘက ကြည့်ရှုထောက်ပံ့နိုင်ရင်တော့ တစ်မျိုးပေါ့
တာဝန်မယူတဲ့ သူနဲ့ တွေ့ ရင်
ကိုယ့်ရင်သွေးကို ကိုယ်တိုင်ပြန်သတ်ဖို့ ကြိုးစားတော့ မှာ
နောက်မှ ဆိုးကျိုးတွေ ရမှာ ပိုးဝင်ပြီးသေတာတို့   သွေးသွန်ပြီးသေတာတို့ နဲ့ ဖြစ်လာဦးမှာပါ
ဆေးရုံမှာကြုံခဲံ့ ရတဲ့  အဖြစ်အပျက်ကလေးတစ်ခုကို ပြောပြချင်ပါတယ်
ကောင်မလေးက တက္ကသိုလ်ကျောင်းသူလေးပါ နယ်ကနေ ရန်ကုန်မှာကျောင်းလာတက်တာပါ
ကောင်လေးက ဆယ်တန်းတောင် မအောင်သေးတဲ့ ကောင်
သက်တူရွယ်တူပါပဲ
ဖြစ်ကြပြီး ကိုယ်ဝန်ရှိလာတော့ ကျောင်းမပြီးသေးလို့ ဖျက်ချဖို့ ကြိုးစားပါတယ်
ဘာတွေနဲ့ ဘယ်လို လုပ်လာလဲတော့မသိပါဘူး
ကလေးကပျက်ကျခဲ့ ပေမဲ့ 
သားအိမ်ပျက်စီးပြီး ပိုးဝင်ပါတယ်..အနာဖြစ်တယ်ပေါ့
သွေးသွန်တယ်
ဒီလိုနဲ့ ဆေးရုံရောက်လာပါတယ်
သွေးသွင်း ဆေးထိုးနဲ့  ဘယ်လိုပဲကုပေမဲ့ မမီတော့ ပါဘူး
အစပိုင်းမှာတော့  ကောင်လေးဘက်ကမိဘတွေရော ကောင်လေးကရော ဂရုတစိုက်နဲ့ ပေါ့
ကောင်လေးက ကောင်မလေးလက်ကို မလွှတ်တမ်းပဲ ကိုင်ထားပြီးကောင်မလေးဘေးမှာပေါ့
အရမ်းကို Romantic ဖြစ်နေတာ ပေါ့ လေ
ကြာလာတော့ ကောင်မလေးအခြေအနေ က မသက်သာဘူး
အရိုးပေါ်အရေတင်နဲ့  မရတော့ ပါဆိုပြီးဆရာဝန် လက်လျှော့ တဲ့ အချိန်မှာ ကောင်လေးရော
သူ့ ရဲ့ မိဘတွေကိုပါမတွေ့ရတော့ပါဘူး…
ဘေးက မနေနိုင်သူတွေက ကောင်မလေးမိဘတွေကို ခေါ်ပေးပြီး ကောင်မလေးမိဘတွေရောက်လာပြီးမကြာပါဘူး
ကောင်မလေး ဆုံးပါးသွားပါတယ်…
မိဘတွေကတော့ သမီးလေး ပညာသင်နေတယ် ဆို ပြီး အေးအေးဆေးဆေးနေရာကနေ
ရုတ်တရက်ကြီးဒါမျိုးဖြစ်နေတာဆိုတော့  အဲဒီမိဘတွေနေရာကနေစဉ်းစားကြည့် စမ်းပါ..
ဘယ်လောက်ရင်နာဖို့ ကောင်းလဲဆိုတာ…
သူတို့ ရဲ့ အချစ်က ကိုယ် ဘာမှမဖြစ်ခင်အထိပဲကောင်းတာပါ……
ဒါဆိုရင် တော့ မိန်းကလေးတွေ ချစ်သူ့ အလိုကို မလိုက်ခင် သေချာစဉ်းစားနိုင်ကြပါစေ…။
PS…အစ်မ တစ်ယောက်ပြောပြသော ဖြစ်ရပ်အမှန်တစ်ခုကို တင်ပြခြင်းဖြစ်ပါသည်..။
In: ဆောင်းပါး Posted By: Date: Oct 4, 2010
Comment #1
oh,,,god.
thz for ur sharing.
commentinfo By: ei lay at Mar 27, 2012
Leave Comments
Name*
Email*
Website
Email me whenever there is new comment