Professional Authors

ဒီကဗျာမှာ..ကျွန်တော်…စကားနည်းနည်းပြောမယ်

ဒီကဗျာမှာ..ကျွန်တော်…စကားနည်းနည်းပြောမယ်

ဘဝ
အစ က မလှဘူးဗျ
ဒါပေမယ့် ကျွန်တော် မဖုံးဖိတတ်ခဲ့ဘူး
အနာ ပါ တဲ့ ရင်ခွင်ကို တန်ဆာပလာတွေနဲ့
ခင်ဗျားကို မပြုစားခဲ့ဖူးဘူး။

တိုက်ပွဲတွေကြားမှာ
ဖြတ်ပြေးခဲ့ရပေမယ့်
ကျွန်တော့်အသည်းကို ကာလို့
ခင်ဗျားအသည်းလေး ဖုန်မတင်စေခဲ့သူမှာ
လူလိမ်..အဖြစ်ပဲ မှတ်တမ်းဝင်ခဲ့ရတယ်။

ပန်းပွင့်နေတာမဟုတ်ဘူး
မုန်တိုင်းတွေပဲ လန်းနေခဲ့တာ
ဒီရင်မှ မကွဲ ဘယ်ရင်ခွင် လွမ်းနိုင်ဦးမလည်း
ဒါပေမယ့်
အကွဲတွေကြားကပဲ ခင်ဗျား လဲကြေ မသွားအောင်
ကျွန်တော် ယုယပေးခဲ့ဖူးပါတယ်။

ခုတော့….တဖက်သတ်တွေနဲ့..တားဆီး
အပြတ်ပြတ်ကာရံတွေနဲ့ ကျွန်တော်
ခါးသီးလှပါပြီ…..
တောင်းပန်ဖို့မလိုဘူး
ခင်ဗျား … စိုမယ်ထင်ရင်…
ကိုယ့်ကိုယ်ကိုယ် ပိတ်ကားချ တခန်းရပ်ပြစ်မယ့်ကောင်
………………
ကျွန်တော် …..
ရေးခဲ့ဖူးတဲ့ကဗျာအဟောင်းထဲကလို
……………….
ခင်ဗျားမှန်တယ်ဆိုတာ ငြင်းမှမငြင်းတတ်ခဲ့ပဲ
……………………
အနာဂတ်ဆိုတာ
ကျွန်တော်….မတတ်တဲ့..စာတပုဒ်ပဲ
ဆက်..မရေးဖြစ်တော့ဖို့များပါတယ်……
………………
တကယ်တော့..ကျွန်တော်
အတိတ်ကို ခုံမင်တာလည်းပါတာပေါ့
ဒါလည်း…………ကျွန်တော်..ပွင့်လင်းခဲ့မိတယ်။
………….
ကဲ………………….
မတော်တဆများ…
ခင်ဗျားအသည်းလေး နွမ်းချေခဲ့မိရင်
ကျွန်တော့် အသည်း ကျွမ်းကြေတဲ့ထိ..
အလျော်ပေးလိုက်တယ်
……………………………
အမှန်ဆို…ခင်ဗျားထိခိုက်မှာ
ကျွန်တော်..သာ ..လို့ စိုးထိတ်တတ်သူပါ။
..
ဒီကဗျာမှာ … ကျွန်တော်…
စကားနည်းနည်းပြောခဲ့တယ်
…………………………………
ခင်ဗျား……………………..
……………..ပျော်ရွှင်ပါစေဗျာ…………….။

In: ကဗျာ Posted By: Date: May 29, 2011
Comment #1

As an old man I still have to learn the hidden meaning of the poems. Any way I have a feeling that the auther is self less. I wish i can tye my comment in Myanmar font.

commentinfo By: tin.tunmyine7 at May 30, 2011
Comment #2

ကဲ………………….
မတော်တဆများ…
ခင်ဗျားအသည်းလေး နွမ်းချေခဲ့မိရင်
ကျွန်တော့် အသည်း ကျွမ်းကြေတဲ့ထိ..
အလျော်ပေးလိုက်တယ်
……………………………
အမှန်ဆို…ခင်ဗျားထိခိုက်မှာ
ကျွန်တော်..သာ ..လို့ စိုးထိတ်တတ်သူပါ။
..
ဒီကဗျာမှာ … ကျွန်တော်…
စကားနည်းနည်းပြောခဲ့တယ်
…………………………………
ခင်ဗျား……………………..
……………..ပျော်ရွှင်ပါစေဗျာ……………
အရမ်းကောင်းတယ် အသဲကွဲမိုး အားပေးသွားတယ်

commentinfo By: Gipsy Lay at May 30, 2011
Comment #3

ကျေးဇူးအများကြီးတင်ပါတယ်……..

commentinfo By: အသဲကွဲမိုး at May 30, 2011
Comment #4

တခါတလေမှာ….နှစ်ဦးနှစ်ဖက်နားလည်မှု့ တွေ
လွဲသွားတာရှိတတ်ပါတယ်…..
ပြန်လည်နားလည်မှု့ တည့်နိုင်ပါစေ…..
တကယ်ကိုစိတ်ထဲမှာခံစားရပါတယ်….ကဗျာလေးအရမ်းကြိုက်ပါတယ်…။

commentinfo By: terry at May 30, 2011
Comment #5

နည်းနည်းပြောကာမှ များများနားထောင်ချင်မိ။
တစ်ခါတစ်ရံ နေ၀င်ချိန်ကို သင်နှင့်အတူ ထိုင်ကြည့်ချင်ပြန်။

(မှတ်ချက်။ ။အထက်ပါ ကဗျာဆရာမဂျီးဒေါ်အသဲကွဲမိုးသည်
မောင်တာကောထက် အဆတစ်ထောင် ပိုတော်။)

commentinfo By: တာကော at May 31, 2011
Comment #6

အရမ်းကောင်းပါတယ်…

commentinfo By: ကြယ်ရောင်ထင် at May 31, 2011
Comment #7

ဟုတ်ကျေးဇူးအများကြီးတင်ပါတယ်

commentinfo By: အသဲကွဲမိုး at May 31, 2011
Comment #8

ဒီရင်မှ မကွဲ ဘယ်ရင်ခွင် လွမ်းနိုင်ဦးမလည်း
ဒါပေမယ့်
အကွဲတွေကြားကပဲ ခင်ဗျား လဲကြေ မသွားအောင်
ကျွန်တော် ယုယပေးခဲ့ဖူးပါတယ်။
မမိုး…အ၇မ်းကောင်းတယ်ဗျာ…

commentinfo By: poem.poem28 at Jun 1, 2011
Comment #9

နင် စောက်ရမ်းအသဲကွဲတတ်တယ်ဗျ..
အတွေးအခေါ်တွေက ထိရောက်တယ်..အရမ်းချစ်လွန်းနေတယ်..

commentinfo By: ဖိုးနမ်း at Jun 2, 2011
Comment #10

ကဲ………………….
မတော်တဆများ…
ခင်ဗျားအသည်းလေး နွမ်းချေခဲ့မိရင်
ကျွန်တော့် အသည်း ကျွမ်းကြေတဲ့ထိ..
အလျော်ပေးလိုက်တယ်………….
အရမ်းကောင်းတယ် မိုးရေ
အားပေးနေတယ်….။

commentinfo By: ကေသရီ at Jun 2, 2011
Comment #11

ကြိုက်၏။ 🙂

commentinfo By: sinsin at Jul 17, 2011
Comment #12

တိုက်ပွဲတွေကြားမှာ
ဖြတ်ပြေးခဲ့ရပေမယ့်
ကျွန်တော့်အသည်းကို ကာလို့
ခင်ဗျားအသည်းလေး ဖုန်မတင်စေခဲ့သူမှာ
လူလိမ်..အဖြစ်ပဲ မှတ်တမ်းဝင်ခဲ့ရတယ်။…
အနာဂတ်ဆိုတာ
ကျွန်တော်….မတတ်တဲ့..စာတပုဒ်ပဲ
ဆက်..မရေးဖြစ်တော့ဖို့များပါတယ်…… ကောင်းတယ်ဗျာ..အားပေးသွားပါတယ်

Comment #13

ဟုတ်..ကျေးဇူး..အများကြီးတင်ပါတယ်…ကျေးဇူးပါဗျာ

commentinfo By: အသဲကွဲမိုး at Aug 19, 2011
Comment #14

အနာဂတ်ဆိုတာ
ကျွန်တော်….မတတ်တဲ့..စာတပုဒ်ပဲ
ဆက်..မရေးဖြစ်တော့ဖို့များပါတယ်……

commentinfo By: ကြယ်စစ်သည် at Dec 25, 2011
Comment #15

ဘဝ
အစ က မလှဘူးဗျ
ဒါပေမယ့် ကျွန်တော် မဖုံးဖိတတ်ခဲ့ဘူး
အနာ ပါ တဲ့ ရင်ခွင်ကို တန်ဆာပလာတွေနဲ့
ခင်ဗျားကို မပြုစားခဲ့ဖူးဘူး။

တိုက်ပွဲတွေကြားမှာ
ဖြတ်ပြေးခဲ့ရပေမယ့်
ကျွန်တော့်အသည်းကို ကာလို့
ခင်ဗျားအသည်းလေး ဖုန်မတင်စေခဲ့သူမှာ
လူလိမ်..အဖြစ်ပဲ မှတ်တမ်းဝင်ခဲ့ရတယ်။

ပန်းပွင့်နေတာမဟုတ်ဘူး
မုန်တိုင်းတွေပဲ လန်းနေခဲ့တာ
ဒီရင်မှ မကွဲ ဘယ်ရင်ခွင် လွမ်းနိုင်ဦးမလည်း
ဒါပေမယ့်
အကွဲတွေကြားကပဲ ခင်ဗျား လဲကြေ မသွားအောင်
ကျွန်တော် ယုယပေးခဲ့ဖူးပါတယ်။

ခုတော့….တဖက်သတ်တွေနဲ့..တားဆီး
အပြတ်ပြတ်ကာရံတွေနဲ့ ကျွန်တော်
ခါးသီးလှပါပြီ…..
တောင်းပန်ဖို့မလိုဘူး
ခင်ဗျား … စိုမယ်ထင်ရင်…
ကိုယ့်ကိုယ်ကိုယ် ပိတ်ကားချ တခန်းရပ်ပြစ်မယ့်ကောင်
………………
ကျွန်တော် …..
ရေးခဲ့ဖူးတဲ့ကဗျာအဟောင်းထဲကလို
……………….
ခင်ဗျားမှန်တယ်ဆိုတာ ငြင်းမှမငြင်းတတ်ခဲ့ပဲ
……………………
အနာဂတ်ဆိုတာ
ကျွန်တော်….မတတ်တဲ့..စာတပုဒ်ပဲ
ဆက်..မရေးဖြစ်တော့ဖို့များပါတယ်……
………………
တကယ်တော့..ကျွန်တော်
အတိတ်ကို ခုံမင်တာလည်းပါတာပေါ့
ဒါလည်း…………ကျွန်တော်..ပွင့်လင်းခဲ့မိတယ်။
………….
ကဲ………………….
မတော်တဆများ…
ခင်ဗျားအသည်းလေး နွမ်းချေခဲ့မိရင်
ကျွန်တော့် အသည်း ကျွမ်းကြေတဲ့ထိ..
အလျော်ပေးလိုက်တယ်
……………………………
အမှန်ဆို…ခင်ဗျားထိခိုက်မှာ
ကျွန်တော်..သာ ..လို့ စိုးထိတ်တတ်သူပါ။
..
ဒီကဗျာမှာ … ကျွန်တော်…
စကားနည်းနည်းပြောခဲ့တယ်
…………………………………
ခင်ဗျား……………………..
……………..ပျော်ရွှင်ပါစေဗျာ…………….။

အားပါးပါးးးးးးးးးးးး ကျွန်တော်တော့ မှားပြီဗျ
ဘာမှားလဲမမေးနဲ့ကိုယ့်ကိုယ်ကိုယ်ပဲသိတယ် ..အစက အပျော်သက်သက်လောက်ပဲကျွန်တော်တွေးထားခဲ့တာ
မမိုးကဗျာတွေနဲ့တွေမှပဲ ..ကျွန်တော်တုန်လှုပ်သွားမိတယ် ရှက်မိတယ် အားငယ်မိတယ်…ဗျာ တကယ်ပါ ကျွန်တော် အရမ်းမှားခဲ့တယ်…….

commentinfo By: D26 at Mar 8, 2012
Comment #16

အားပေးသော..ကိုကြယ်စစ်သည်..ကျေးဇူးပါ
D26..ခင်ဗျာ..ဘာ့ကြောင့်မှားရတာပါလည်းကျွန်တော်မသိပါခင်ဗျာ
……
ကျွန်တော့်ကြောင့်ဆိုရင်တော့ တောင်းပန်ပါတယ်….
ပျော်ပျော်နေပါဗျို့

commentinfo By: အသဲကွဲမိုး at Mar 13, 2012
Comment #17

မိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

commentinfo By: sharon myorr myor at Mar 21, 2012
Comment #18

ဟုတ်ကဲ့ပြောပါဗျို့

commentinfo By: အသဲကွဲ မိုး at Apr 8, 2012
Comment #19

:'( လွမ်းတယ်

commentinfo By: sharon myorr myor at Apr 8, 2012
Comment #20

ဟုတ်ကျွန်တော်လည်းလွမ်းနေပါတယ်လို့
အန်တီမျောရေလွမ်းတယ်:P
အန်တီမျောနဲ့အတူ
နောင်ကြီးတယ်ရီ..မောင်လေး X-Ray အထူးပျောက်နေသဖြင့်
အထူးသတိရနေပါတယ်

commentinfo By: အသဲကွဲ မိုး at Apr 8, 2012
Comment #21

ဖမ်း လို့ ကို မမိ ဘူးး အဲ့  ခလေးတွေ :'(

commentinfo By: sharon myorr myor at Apr 8, 2012
Comment #22

ကျွန်တော်လည်းပြောခဲ့မယ် .. တကယ်ကောင်းပါတယ်လို့  🙂
အားပေးတယ်ဂျာာာာာာာာာာာာာာာာာာာာာာာ

commentinfo By: A Chaw Kin at Sep 27, 2012
Comment #23

ကောင်းလိုက်တဲ့ ကဗျာလေး

commentinfo By: White Pineapple at Sep 27, 2012
Comment #24

ကဲ………………….
မတော်တဆများ…
ခင်ဗျားအသည်းလေး နွမ်းချေခဲ့မိရင်
ကျွန်တော့် အသည်း ကျွမ်းကြေတဲ့ထိ..
အလျော်ပေးလိုက်တယ်
……………………………

commentinfo By: hma at Sep 27, 2012
Comment #25

ဒီကဗျာကို BRAVO လို့အော်ဖို့ဘဲ တတ်နိုင်ပါတယ်ဗျာ.. လက်ခံပါ

commentinfo By: TK at Nov 6, 2012
Comment #26

အရမ်းကောင်းတဲ့ ကဗျာ လေး နော်….
အားပေးနေ ပါ တယ်…..။

commentinfo By: saung Hnin Phyu at Nov 9, 2012
Comment #27

good !!!!!!!!!

commentinfo By: S. KAI BU at Nov 27, 2012
Comment #28

မိုက်စ့်

commentinfo By: မာန်ခက်ဝင့် at Jan 16, 2013
Comment #29

အမှန်ဆို…ခင်ဗျားထိခိုက်မှာ
ကျွန်တော်..သာ ..လို့ စိုးထိတ်တတ်သူပါ။
..
ဒီကဗျာမှာ … ကျွန်တော်…
စကားနည်းနည်းပြောခဲ့တယ်
…………………………………
ခင်ဗျား……………………..
……………..ပျော်ရွှင်ပါစေဗျာ…

commentinfo By: jinger at Nov 25, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment