Professional Authors

သူငယ်ချင်းဆိုတာကို သင်ဘယ်လိုခံယူထားပါသလဲ?

သူငယ်ချင်း တွေက ကျွန်တော့်ဘ၀အတွက် အရေးကြီးတယ် လို့ ခံယူထားပါတယ် သူတို့မရှိရင် ကျွန်တော်ရပ်တည်ဖို့ မဖြစ်နိုင်ပါဘူး တစ်ခါတစ်လေ လောကကြီးမှာ နားမလည်နိုင်တာတွေ ဖြစ်လာတက်ပါတယ် လက်သင့်မခံနိုင်တဲ့ အရာတွေပေါ်ပေါက်လာတက်ပါတယ် အဲဒီအခါမှာ စိတ်ဓာတ်က ဟိုးအောက်ထဲထိ ရောက်သွားတက်ပါတယ် စိတ်ဓာတ်တွေသည် မျက်ရည်တွေနဲ့ အတူတူကျနေတက်တယ် အဲဒီအချိန်မှာ မျက်ရည်တွေကို ဝေမျှပေးနိုင်တဲ့သူ တကယ့်စိတ်ရင်းစေတနာတွေနဲ့ စိတ်ဓာတ်ကိုပြန်လည် မြင့်တင်ပေးနိုင်မယ့်သူတွေက သူငယ်ချင်းတွေပဲ ဖြစ်နေတာများပါတယ် အားနည်းချက်တွေဟာ လူတိုင်းမှာရှိပါတယ် ကိုယ့်သူငယ်ချင်းကို ကိုယ့်ရဲ့အားနည်းချက်တွေ သိသွားမှာကို မစိုးရိမ်ပါနဲ့ ဘာလို့ဆိုတော့ သူကကိုယ့်သူငယ်ချင်းလေ အဲဒီအားနည်းချက်တွေကို ဖုံးကွယ်တတ်အောင် မေ့သွားအောင် သူကူပြီး ကြိုးစားပေးမှာပါ တစ်ချို့လူတွေကတော့ ထင်လိမ့်မယ် သူငယ်ချင်းတွေ မရှိလဲ ဘာမှမဖြစ်ပါဘူးလို့ အဲဒါမှားတယ်လို့ ထင်ပါတယ် ခင်ဗျားတို့သေသေချာချာတွေးကြည့်ပါ ကျွန်တော်တို့ငယ်ငယ်ကတည်းကနေ အခုအချိန်ထိ ကျောင်းတွေတက်ခဲ့တယ် ကျူရှင်တွေယူခဲ့တယ် တစ်ခါတစ်လေ သူငယ်ချင်းတွေနဲ့ အတူတူရှိနေတဲ့ အချိန်ဟာ အဖေ အမေ အစ်ကို အစ်မ ညီလေး ညီမလေးတွေ မိသားစုတွေနဲ့ နေရတာထက်ကို များပါတယ် အဲဒီတော့ မမြင်နိုင်သံယောဇဉ်တွေ ချည်နှောင်နေတာ မသေးလှပါဘူး အဆောင်အတူနေတဲ့ သူငယ်ချင်းတွေဆိုရင်တော့ ညီအစ်ကို ညီအစ်မ တွေလိုပါပဲ အတူတူအိပ် အတူတူစားကိုး No one is an island ဆိုတဲ့စကားရှိပါတယ် လူဆိုတာ တစ်ယောက်တည်းနေဖို့ မဖြစ်နိုင်ပါဘူး လူဆိုတာ အပေါင်းအသင်း အသိုင်းအ၀ိုင်းနဲ့ နေတဲ့အမျိုးပါ တစ်ယောက်တည်းပဲ နေမယ်ဆိုတဲ့ အတွေးအခေါ်ရှိတဲ့ သူဟာ တော်တော်ကို IQ နိမ့်တဲ့သူပါ ပြီးတော့ ဖြစ်လဲမဖြစ်နိုင်ပါဘူး ဖြစ်လဲမဖြစ်သင့်ပါဘူး ဖြစ်ခဲ့ရင်တောင် ပျော်ရွင်မှုနဲ့ မဖြစ်နိုင်ပါဘူး ကျွန်တော်ပြောချင်တာက အခုဆိုရင် ကျွန်တော်ရော အခုစာဖတ်နေတဲ့ ခင်ဗျားရော သူငယ်ချင်းတွေရှိပါတယ် အဲဒီကျွန်တော်တို့ ဘေးနားမှာရှိနေတဲ့ သူငယ်ချင်းဟာ ရုပ်ချောချင်မှ ချောလိမ့်မယ် ပိုက်ဆံချမ်းသာရင်မှ ချမ်းသာလိမ့်မယ် ဆိုးရင်ဆိုးလိမ့်မယ် ဒါပေမယ့် သေချာတဲ့ အရာတစ်ခုကတော့ သူဟာခင်ဗျားအတွက်တော့ အားကိုးစရာတစ်ခုအဖြစ် အဖော်တစ်ယောက်အဖြစ် ရပ်တည်ပေးမှာကတော့ အသေချာပါပဲ။ တစ်ချို့ကိစ္စတွေဆို တစ်ယောက်တည်းခံစားရတာထက်စာရင် သူငယ်ချင်းကို ပြောပြလိုက်ရင် ၀မ်းနည်းတာတွေက ဟာသဖြစ်သွားတာမျိုးတွေ ခင်ဗျားတို့ကြုံဖူးမှာပါ တစ်နေရာရာကို တစ်ယောက်တည်းသွားတာထက် သူငယ်ချင်းနဲ့ သွားတာက ပိုပြီးပျော်ဖို့ကောင်းတယ်ဆိုတာ ခင်ဗျားသိမှာပါ အဲဒီတော့ ကိုယ့်ရဲ့သူငယ်ချင်းကို တန်ဖိုးထားဖို့လိုပါလိမ့်မယ် သူငယ်ချင်းကောင်းဆိုတာ ဘ၀တစ်ခုလုံးမှာ တွေ့ဖို့ခဲယဉ်းပါတယ် လူ့ ဘ၀ရဲ့ အခြေအနေအရ လူတိုင်းဟာ ခင်ဗျားအပေါ်မှာ မကောင်းနိုင်ပါဘူးလို့ ကျွန်တော်ပြောရဲပါတယ် ခင်ဗျားအတွက် သေသေချာချာစဉ်းစားပေးနိုင်တာ စိတ်ညစ်တာတွေ ပျော်ရွင်တာတွေ ဝေမျှပေးနိုင်တာက အခြားအဝေးကြီးမှာ မရှိပါဘူး လိုက်ရှာစရာလဲ မလိုပါဘူး ခင်ဗျားဘေးနားမှာ ရှိနေတဲ့ ခင်ဗျားရဲ့ သူငယ်ချင်းပါပဲ လူဆိုတဲ့ အမျိုးက သူ့ကိုအသိအမှတ်ပြုတာကို မြတ်နိုးတတ်တဲ့ သတ္တ၀ါပါ သူငယ်ချင်းတစ်ယောက်နေမကောင်းရင် သူ့ကို စိတ်ပူပေးပြီးတော့ အားပေးလိုက်ရင် ဘယ်လောက်ပဲဖျားဖျား ကိုယ်ပူချိန်ဘယ်လောက်ပဲ မြင့်မြင့် တစ်ဝက်လောက်ကတော့ ကျသွားတာပါပဲ မယုံမရှိနဲ့ တကယ်ရှိပါတယ် အဲဒါက လူတိုင်းမှာရှိတက်တဲ့ ဖော်ပြလို့မရတဲ့ စွမ်းအားလေးတစ်ခုပါ တစ်ချို့ကတော့ အဲဒါကို အချစ် လို့ရည်ညွှန်းပါတယ် အချစ်ဆိုတာကတော့ တကယ်ကျယ်ပြန့်ပါတယ် ကျွန်တော်လဲ သိပ်တော့ မသိပါဘူး 🙂 ပြီးတော့ ကျေးဇူးပဲနော် ဆော်ရီးပဲနော် ဆိုတဲ့ စကားလေးတွေကလဲ ကိုယ့်ရဲ့ သဘောထားကို ပြသဖို့ အတွက် အရေးကြီးပါတယ် မမေ့ပါစေနဲ့ အဖြစ်မှန်လေးတစ်ခု ပြောပြပါမယ် ကျွန်တော့် သူငယ်ချင်းတစ်ယောက်က စာသိပ်မလိုက်နိုင်ပါဘူး ၁၀တန်းစာမေးပွဲကို ၂နှစ်ဆက်တိုက်ကျပါတယ် စိတ်ဓာတ်ကျစရာကောင်းပါတယ် ဒါပေမယ့် ကျွန်တော်က သူ့ကိုအားပေးတယ် ပထမတစ်ခါကျတုန်းကလဲ အားပေးတယ် ဒုတိယတစ်ခါ ကျတုန်းကလဲ အားပေးတယ် နောက်ဆုံးကျတော့ ကျွန်တော့်သူငယ်ချင်း ၁၀တန်းစာမေးပွဲကို အောင်သွားပါတယ် အောင်စာရင်းထွက်တဲ့ နေ့က ကျွန်တော်မျက်ရည်ထွက်ရအောင်ကို ပျော်ခဲ့ရပါတယ် သူ့ဆီကနေ အပျော်တွေ ကူးစက်လာခြင်းဖြစ်ပါသည် ပြီးတော့ သူငယ်ချင်းအပေါ်မှာလဲ ယုံကြည်ချက်ရှိဖို့ လိုပါတယ် နည်းနည်းလေးမှ မကြိုက်တာရှိရင်ဖွင့်ပြောသင့်ပါတယ် စိတ်ထဲကျိတ်မထားသင့်ပါဘူး သဘောထားတွေလွဲတက်ပါတယ် သူငယ်ချင်းချင်း ရန်မဖြစ်တဲ့အခါဆိုတာမရှိပါဘူး ရန်ဖြစ်မှာပါပဲ တစ်ခါမဟုတ်တစ်ခါတော့ အဲဒီလိုရန်ဖြစ်တဲ့ အခါမှာ စိတ်တိုလို့ ပြောလိုက်တဲ့စကားတွေကြောင့် နာကျင်ရတာတွေရှိတက်ပါတယ် သေချာမှတ်ထားရမှာ တစ်ခုက ကိုယ့်သူငယ်ချင်းနဲ့ ရန်ဖြစ်တဲ့ ရန်ဖြစ်ခြင်းမျိုးက ခင်လို့ ရန်ဖြစ်တာမျိုးပါ မုန်းလို့ရန်ဖြစ်တာမျိုးမဟုတ်ပါဘူး အဲဒါကို သတိထားမိဖို့လိုပါတယ် သိအောင်လဲ ကြိုးစားသင့်ပါတယ် ဘယ်လိုအကြောင်းကြောင်းတွေပဲ ဖြစ်ဖြစ် သူငယ်ချင်းက သူငယ်ချင်းပါပဲ သူငယ်ချင်းကနေ ရန်သူဖြစ်သွားတာမျိုးက မဖြစ်သင့်ပါဘူး အချစ်နဲ့အမုန်းက ကြွေစေ့ပေါ်က ခေါင်းနဲ့ပန်းလိုပါပဲ ကိုယ်ချစ်တဲ့ သူကိုမုန်းလိုက်ရတဲ့ ခံစားချက်က တော်တော်ကိုဆိုးပါတယ် ခံစားရပါတယ် ချစ်တာက အေးမြသလောက် မုန်းရတာက တော်တော်ကို ပူလောင်ပါတယ် အဲဒါကြောင့် ဘေးနားမှာရှိနေတဲ့ ကိုယ့်ရဲ့ သူငယ်ချင်းကို ဟေ့ကောင် မင်းက ငါရဲ့အချစ်ဆုံး သူငယ်ချင်းပါကွာ ဆိုပြီး ပြောလိုက်ပါ ပထမတော့ သူအံသြနေပါလိမ့်မယ် ပြီးမှ သူပျော်သွားပါလိမ့်မယ် သူငယ်ချင်းအားလုံး ကိုယ့်ရဲ့သူငယ်ချင်းကို တန်ဖိုးထားတက်ပါစေ။ ကျွန်တော်ပြောတာတွေက ကျွန်တော့် အမြင်သက်သက်ပါ ဒါကြောင့်အမှားတွေလဲ ပါနိုင်ပါတယ် ကျွန်တော်ပြောတာတွေကို မှန်တယ်ထင်ရင် Forward လုပ်ပေးပါ မှားတယ်ထင်ရင်လဲ ကိစ္စမရှိပါဘူး A Good Friend Is The Best Gift Of All !!! Posted by Mickey Zin

In: ဆောင်းပါး Posted By: Date: Sep 11, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment