Professional Authors

ဒီနေ့ သူငယ်ချင်းများနေ့ ကျွန်တော်တို့ရဲ့စုတ်ပျတ်သတ်ပွဲလေး

ဒီနေ့သူငယ်ချင်းများနေ့ ဌာနချုပ်မှာ ကျန်နေသေးတဲ့ သူငယ်ချင်းအဟောင်းတွေနဲ့

သူငယ်ချင်းများနေ့မှာ ပျော်ရွှင်မှုတွေကို မရမက ရှာပြီး ပျော်ရွှင်ခဲ့တယ် သူငယ်ချင်းများနေ့မှာ

အမှတ်တရအဖြစ် မနက် ၁၀ နာရီ ခွဲမှာ ၃၁ လမ်းက လူထု စာကြည့်တိုက်ကို သူငယ်ချင်းတွေနဲ့

သွားပြီး ၂ နာရီလောက် အချိန်ယူပြီး စာအုပ်တွေဖတ်ကြတယ် လူထုစာကြည့်တိုက်က အပြန်

လူထုစာအုပ် အရောင်းဆိုင်မှာ စာအုပ်တွေကို သူငယ်ချင်းများနေ့ အမှတ်တရအဖြစ် ၀ယ်ကြတယ်

အဲဒီနော်က ၄၄ လမ်း ၈၄x ၈၅ လမ်းကြားက လက်ဘတ်ရည်ဆိုင်မှာ ၀င်သောက်ကြတယ်

ဌာနချုပ်ကို ပြန်ေ၇ာက်တော့ ၁ နာရီ ထိုးနေပြီ

ဌာနချုပ်မှာပဲ စုတ်စုတ်ပြတ်ပြတ် ပါတီပွဲလေး မရှိမဲ့ ရှိမဲ့ သူငယ်ချင်းတွေနဲ့ ကျင်းပကြတယ်ဗျာ

ဝမ်းနည်းစရာတော်တော်ကောင်းတယ်ဗျာ

ကျွန်တော်တို့ သူငယ်ချင်းတွေရဲ့ ထုံစံအတိုင်း အဝေးရောက်သူငယ်ချင်းတွေကို

အမျှဝေကြတယ် ကျွန်တော်အဲဒီအချိန်မှာ အရမ်းဝမ်းနည်းတယ်ဗျာ အင်တာနက်မှာ တင်ထားတဲ့

သူငယ်ချင်းများဆိုဒ်က ကျွန်တော်နေရာကို ဖြုတ်ထားတယ်လေ friendsdaygroup ရဲ့ လွမ်းမောဖွယ်

ဆိုတဲ့ ကဗျာလေးကို တင်လို့တဲ့ ၀မ်းနည်းတယ်ဗျာ

ရာဇာပြောသလို ” သူငယ်ချင်းများနေ့ အင်တာနက်မှာ ဘယ်လောက်ပဲ ကျော်ကြားနေပါစေ

အပြင်မှာ ငါ့တို့ နှစ်စဉ်ကျင်းပမယ်တဲ့ “

ဟုတ်တယ် ကျင်းပရမယ်ကွ ငါတို့အောင်မြင်အောင်ကျင်းပရမယ်

ဒါဟာ ငါတို့သူငယ်ချင်းများရဲ့ အဓိဋ္ဌာန်ပဲ ဘာပဲဖြစ်ဖြစ်အောင်မြင်အောင်လုပ်မယ်

အဝေးရောက်နေတဲ့

” သူငယ်ချင်းများနေ့ရဲ့ ဖခင်ကြီး လင်းလတ်ဟန် ကြားနိုင်ပါစေဗျာ“

ဒီနှစ်သူငယ်ချင်းများနေ့က တော်တော် ကို စုတ်ပြတ်ပါတယ် သူငယ်ချင်းရယ်

အရင်က လို့ ညဘက်တွေမှာ သူငယ်ချင်းတွေနဲ့ လျှောက်သွား ပျော်ရွှင်ခဲ့တာတွေမရှိခဲ့ဘူးကွာ

ငါအရမ်းဝမ်းနည်းတယ်ကွာ

သူငယ်ချင်းတွေအားလုံး နောင်လာမဲ့ ဒီဇင်ဘာ (၁၄) ရက်နေ့မှာ အတူတကွ အ၇င်ကလို့ ကဗျာ

စာအုပ်လေး ထုပ်မယ်ကွာ

ဒါဟာ တို့ရဲ့ ရည်ရွယ်ချက်ပဲနော် အောင်မြင်အောင် တို့တစ်တွေကြိုးစားမယ်နော်

ကျွန်တော်အရမ်းဝမ်းနည်းတယ်ဗျာ

စိတ်ညစ်တယ်ဗျာ

Comment #1

ဆောင်းပါးလေးက တစ်နှစ်တောင်ကြာခဲ့ပြီ။
ဒါပေမဲ့ သူငယ်ချင်းဆိုတဲ့စကားသုံးလုံးကိုမြင်ရင် မနေနိုင်သူမို့
စာလေးကကောင်းပါတယ်ဆိုတဲ့အကြောင်းပြောပြတာပါ။
ငယ်ငယ်ကသူငယ်ချင်းတွေကို သတိရပါတယ်။ ဒါပေမဲ့ကြီးမှ့တွေ့တဲ့သူငယ်ချင်းတွေကိုပိုပြီးတွေ့ချင်မိတယ်။
သူငယ်ချင်းတွေကိုသတိရတဲ့စာလေးမို့ မှတ်မှတ်ရရ ကွန်မန့်လေးပေးတာပါ။

commentinfo By: မင်းခန့်သူ(ကျောက်ဆည်) at Jan 30, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment